မီး​လောင်​မှုနှင့်​ကျန်းမာ​ရေးလိုအပ်​ချက်

image
ရန်​ကုန်​တိုင်း​ဒေသကြီး လှိုင်​သာယာမြို့နယ်​ရှိ ထိန်​ပင်​အမှိုက်​ပုံကြီး မီး​လောင်​ကျွမ်းမှုဖြစ်​​ပေါ်​ခဲ့ပါသည်​။အမှိုက်​ပုံကြီးမီး​လောင်​မှု​ကြောင့်​ ဆက်​စပ်​မြို့နယ်​များ​နေပြည်​သူများ စိုးရိမ်​ပူပန်​မှုများဖြစ်​ခဲ့ကြရသည့်​အပြင်​ အဆိုပါအမှိုက်​ပုံမီး​လောင်​ကျွမ်းမှုမှ ထွက်​​ပေါ်လာ​သော မီးခိုးများ​ကြောင့်​ ပြည်​သူများကျန်းမာ​ရေးထိခိုက်​မှု မရှိ​စေရန်​ ဝိုင်းဝန်းကြိုးပမ်း​ဆောင်​ရွက်​​ပေးကြရမည်​ဖြစ်​သည်​။
image
အမှိုက်​ပုံမီး​လောင်​မှုမှာ ဖြစ်​ရိုးဖြစ်​စဉ်​ဟုဆို​သော်​လည်း ယခု​လောင်​ကျွမ်း​​သော ထိန်​ပင်​အမှိုက်​ပုံမီး​လောင်​မှုမှာ ရက်​ကြာရှည်​​နေသည့်​အပြင်​ မီး​လောင်​ကျွမ်း​နေသည့်​ အမှိုက်​ဧရိယာမှာကြီးမားကျယ်​ပြန့်​လှသဖြင့်​ အမှိုက်​မီး​လောင်​မှု​ကြောင့်​ အမှုန်​အမွှားများ၊မီးခိုးအနံများ၊ဓာတ်​​ငွေ့များမှာ ပတ်​ဝန်းကျင်​ရှိ​လေထုထဲတွင်​ လွင့်​ပါ​နေသည်​။ယခုဆိုလျှင်​ အဆိုပါမီးခိုးအနံများကို ရှူ ရှိုက်​မိသည့်​ပြည်​သူအချို့မှာ အသက်​ရှူကျပ်​သည့်​ ​ဝေဒနာများခံစား​နေရသည်​ဟု ကြားသိရသည်​။
ထိန်​ပင်​အမှိုက်​ပုံကွင်းပြင်​ကြီးမှာ ဧက၁၂၀ခန့်​ကျယ်​ဝန်းသည့်​အနက်​ ဧက၈၀ခန့်​မှာ အမှိုက်​များနှင့်​ ပြည့်​နှက်​​နေပြီး ဧပြီ၂၁ရက်​ နံနက်​ပိုင်းမှစတင်​​လောင်​ကျွမ်း​ကြောင်း သိရပါသည်​။
image
အမှိုက်​ပုံ မီးငြိမ်းသတ်​ရာတွင်​ ​လောင်​ကျွမ်းမှုဧရိယာကျယ်​ပြန့်​​သော​ကြောင့်​ လွှမ်းခြုံ​ရေဖျန်းနိုင်​မှုများ မပြုလုပ်​နိုင်​သဖြင့်​ မီးကြွင်းမီးကျန်​များမှ မီးခိုးလုံးများအဆက်​မပြတ်​ ​ပေါ်ထွက်​လျက်​ရှိပါသည်​။မီးခိုး​ငွေ့များတွင်​ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​၊ကာဗွန်​မို​နောက်​ဆိုဒ်​များပါဝင်​သဖြင့်​ ထိုမီးခိုး​ငွေ့များရှူ ရှိုက်​မိ​သော ပြည်​သူများအနက်​ နှလုံး၊အသက်​ရှူ လမ်း​ကြောင်းနှင့်​ အဆုတ်​​ရောဂါအခံရှိသူများ၊သက်​ကြီးရွယ်​အိုများ၊က​လေးသူငယ်​များ၊ကိုယ်​ဝန်​​ဆောင်​မိခင်​များမှာ အထူးသတိထားပြီး နှာ​ခေါင်းစည်းများ တပ်​ဆင်​ထားရန်​ လိုအပ်​ပါသည်​။
မီးခိုး​ငွေ့​ကြောင့်​ဖြစ်​​ပေါ်နိုင်​​သော သာမန်​ကျန်းမာ​ရေးပြသနာများမှာ ​ချောင်းဆိုးခြင်း၊လည်​​ချောင်းယားခြင်း၊မျက်​စိစပ်​ခြင်းနှင့်​မျက်​ရည်​ကျခြင်း၊နှာစည်းခြင်း၊​ခေါင်းကိုက်ုခင်းတို့ဖြစ်​တတ်​ပါသည်​။မီးခိုး​ငွေ့​ကြောင့်​ အပြင်းအထန်​ဖြစ်​နိုင်​​သော ကျန်းမာ​ရေးပြသနာများမှာ အသပ်​ရှူ မြန်​ခြင်း၊ရင်​ဘတ်​​အောင့်​ခြင်း၊နှလုံး၊အသက်​ရှူ လမ်း​ကြောင်းနှင့်​ရင်​ကြပ်​ပန်းနာ​ရောဂါများ ပိုမိုဆိုးရွား​စေခြင်း၊အသက်​ရှူ ကြပ်​ခြင်း၊​ချောင်းဆိုးခြင်းတို့ဖြစ်​​စေနိုင်​ပါသည်​။ကာဗွန်​မို​နောက်​ဆိုဒ်​ ဓာတ်​​ငွေ့​ကြောင့်​ ​ခေါင်းကိုက်​ခြင်း၊ဇက်​​ကြောတက်​ခြင်း၊အားနည်းခြင်း၊အန်​ခြင်း၊ရင်​ဘတ်​​အောင့်​ခြင်း၊စိတ်​ရှုပ်​​ထွေးခြင်းတို့ကိုဖြစ်​​စေနိုင်​ပါသည်​။ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​ဓာတ်​​ငွေ့မှာ ​ရေရှည်​တွင်​ အဆုတ်​ကင်​ဆာ​ရောဂါအထိဖြစ်​နိုင်​​သော​ကြောင့်​ သတိပြုသင့်​ပါသည်​။
သို့ဖြစ်​ရာ အမှိုက်​ပုံဟူသည်​မှာ ဓာတ်​ပြုမှုများဖြစ်​ပွားပြီး အလိုအ​လျောက်​မီး​လောင်​​စေတတ်​သည့်​အပြင်​ ​နွေရာသီကာလတွင်​ မီး​လောင်​တတ်​သည့်​သ​ဘောရှိ​သော​ကြောင့်​ အမှိုက်​ပုံမီးမှ​ပေါ်ထွက်​လာ​သော အနံဆိုးများ၊ဓာတ်​​ငွေ့များအားရှူ ရှိုက်​မိခြင်းမရှိ​အောင်​ သတိပြုဆင်​ခြင်​ရမည်​ဖြစ်​သည်​။ထို့အပြင်​အမှိုက်​ပုံကြီးသည်​ဖြစ်​​စေ၊ငယ်​သည်​ဖြစ်​​စေ ကျနိးမာ​ရေးအတွက်​​ဘေးအန္တာရယ်​မဖြစ်​​စေ​ရေးကို အ​လေးထား​ဆောင်​ရွက်​ကြပါလို့ ​ပြောကြားလိုက်​ပါတယ်​။
image

@patpay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now