စပ်မိစပ်ရာ

ယနေ့ထီအထွက်မှာ မိတ်ဆွေအများ ထီသည်ဆီက ဖုန်းလာကြပါစ။
ယခုတစ်ခါ မကြုံရပါက လာမည့်အကြိမ်မှာ ဆုံကြပါစေလို့ သားမောင်က ဆုတောင်းပေးလိုက်ပါသည်။
ကျန်းမာရေးအရလည်း ဂွတ်ထကြပါစေလို့ ဖြည့်စွက် ဆုလည်းတောင်းပေးလိုက်ပါသည်လေ။
image
သားတို့မြန်မာမှာ သမ္မတမင်းအသစ်ရထားတာ ရက်ပိုင်းမျှသာရှိသေး၏။
အချို့ မြို့တွေမှာ သမ္မတအသစ်ကြီးအား ဂုဏ်ပြုကြိုဆိုကြသည်။
ယခင်ဆင်းသွားသူအတွက် ဘယ်လိုမျက်ခွက်ထားကြသလဲတော့ သားလည်း မပြောတတ်ပါ။
မမြင်ရသည့်သဘောသဘာဝက ကြိုဆိုတာကျ အတော်ကြမ်း၏။
နေရောင်ပြဘုရားက ထီးတော်တို့မြေခ သက်ဆင်းကြရသည်လား။
ပြင်ဆင်ထားတာ မကြာလှသေးသည့်မြောင်းမြက ကြိုးတံတားကလည်း ပြတ်ကျသွားပြန်သည်ပေါ့။
ဘာသာရေးအရ ထိခိုက်ရတာပါသလို ပြည်သူအတွက်လည်း သောကတစ်ချို့ရောက်ကြရသည်။
အမတ်မင်းမမ ဒီတစ်ခါတော့ ကောင်းခြီးပေးတာ ဘာညာသာရကာ ရေးတင်လာတာ မတွေ့ရသေးပါ။

သားတို့နိုင်ငံမှာ အစိုးရအရ နှစ်ရပ်မျှရှိသည်လို့ ငှက်တွေဆီက ကြားရလေ့ရှိသည်။
၂၀၀၈ ခြေဥအရ သမ္မတက နိုင်ငံအကြီးအမှုးဖြစ်ပြီး ငှက်ပရိုတိုကောလ် အရ မာမားက အဓိပတိနေရာရ၏။
ယနေ့မှာ လက်ထက်တော်ကြီးကာလ ၂ နှစ်မျှအချိန်ရောက်ပြီပေါ့။
ထိုသည့်အတွက် ငှက်ပရိုတိုကောလ်အရ မာမားက ယမေ့ညမှာ မိန့်ခွန်းပေးလိမ့်မည်ဖြစ်သည်။
သမ္မတအသစ်ကြီးက အလုပ်တွေ လုပ်ပြမည်လို့ တစ်နေ့ကတော့ ကြားလိုက်မိသေးသလား။
ယခုလိုကိစ္စကျ ဘယ်လိုသဘောထားကြရမည်လဲ။
မိန့်ခွန်းမှာ ကျော်တာ၊ ခွတာတွေပါလာနိုင်သေး၏။
ပါးစပ်အရ ပြောကြားတာဖြင့် စကြဝဠာလောက်အထိ ကျော်ပြလိုက်စေလိုပါသည်လေ။

မနေ့ဆီက ရန်ကုန်မြို့တော် တိုးတက်ရေး မြို့သစ်စီမံကိန်းကိစ္စ ဖေ့စဘုတ်မှာ လူပြောအတော်များနေ၏။
ရန်ကုန်မြစ်အနောက်ပိုင်းတိုးတက်ရေး စီမံချက်မှာ အစိုးရမင်းများက ကုပ္မဏီအဖြစ် ထူထောင်သည့်ကိစ္စ အသံတွေ ထွက်လာတာဖြစ်သည်။
ကြိုးနီစနစ်ပယ်ဖျောက်နိုင်ရေးအတွက် ဒါရိုက်တာဘုတ်တွေက အနစ်နာခံပြီး လုပ်ပေးကြတာလို့ ကွီးဖြိုးက ပြောလေသလား။
ငွေကြေးအရ သုံးစွဲမှုအပါ လွှတ်တော်မှာ တင်ပြအတည်ပြုခဲ့တာ သားတို့မကြားသိရဘူးပေါ့။
စစ်တပ်က ဦးပိုင်သည် စစ်သားများ၏ ငွေကိုသာ အခြေတည်၏။
ဦးပိုင်ကိစ္စ အသံတွေထွက်လှသည့်ငှက်တွေ ယခုကိစ္စကျ ဘာများအဆို့ခံထားရသလဲ။
မမေးရဲသည့်အတွက် ကြည်ငြိုနေတာသာ အန္တရာယ်ကင်းပါသည်လေ။

မနေ့ဆီက မန်းတိုင်းမှာ မာမားပါတီက ညီလာခံကြီး လုပ်ကြသည်။
အသစ်စက်စက် ဒုဥက္ကဌ ၀န်မင်းချုပ်ကြီးလည်း အခမ်းအနားကို တက်ရောက်သည်ပေါ့။
မိန့်ခွန်းတက်အပြောမှာ သားတို့ မနောခွေ့စရာကြားရ၏။
သူ့အပြောအရ သူကတော့ မှားယွင်းမှုတွေ ရှိခဲ့ပြီး သားတို့မာမားက တစ်ကြိမ်လေးသော်မျှ မမှားခဲ့ဘူးတဲ့။
ယခုလိုခေါင်းဆောင်မျိုးအား တစ်သက်မှာ တစ်ကြိမ်ပဲရမည်လို့လဲ ဆိုပြန်သေးသည်ပေါ့။
မာမားမမှားတာအတွက် သူ့ဥာဏ်နဲ့တောင် လိုက်မမီဘူးလို့လည်း ထပ်ကွန့်သွားပြန်သလား။
စာဖတ်နေသူကြီးလက်ထက်မှာတောင် ယခုလိုဘုန်းတော်ဘွဲ့များ သားတို့မကြားသိခဲ့ရပါ။
သိကြားမျှော်ဝါဒ ခေတ်ထလာပါက တိုင်ပြည်ပျက်တတ်ပါသည်။

သားမောင်တို့မြန်မာအတွက် ပါတီအသစ်တွေ မကြာခန ပေါ်နေ၏။
ထိုသည့်အထဲမှာ ကားနံပါတ်၊ ဖုန်းနံပါတ်အလန်းစားကြီးတွေကိုင်သည့် ကိုကိုတွေရဲ့ပါတီလည်းပါသည်။
နာမည်အပေးမှာ သူတို့ကို ကန့်ကွက်တာတွေကြုံကြရသလား။
ထိုသည့်အတွက် သူတို့ပါတီအမည်သစ်ပေးရေး မနက်က အစည်းအဝေးတွေ လုပ်ကြသည်တဲ့။
ပါတီအမည်အား ပြည်သူဆိုသည့်စကားလေးဖြည့်ပြီး အမည်သစ်အဖြစ် သူတို့သတ်မှတ်လိုက်ကြပါသည်။
ထိုသတင်း၏အောက်မှာ မှတ်ချက်တွေ ပလူပျံနေ၏။
၈ လေးလုံးဆိုတာ ပြည်သူအများနှင့်ဆိုင်ပါသည်လို့ အများစုက ပြောကြသည်ပေါ့။ သားကတော့ ဘာမှဝင်မပြောခဲ့ပါ။

ပါတီအသစ်တွေ ပေါ်နေသည့်ကာလ ဖျက်သိမ်းခံရသည့် ပါတီတွေ အကြောင်းလဲ ကြားမိသည်။
၂၀၁၀ ဆိုသည့်ကာလမှ ယနေ့အထိ ပါတီပေါင်း ၁၄ ခုမျှအား ပယ်ဖျက်ခဲ့ရသည်မဟုတ်လား။
အချို့သော ပါတီများက မဲဆန္ဒနယ် ၃ ခုမှာ ၀င်မပြိုင်နိုင်သည့်အတွက် ပယ်ဖျက်တာ ခံကြရ၏။
အချို့သောပါတီများကတော့ ပါတီများပူးပေါင်းလိုက်ခြင်းကြောင့် ပယ်ဖျက်လိုက်ကြရတာ ဖြစ်ပါသည်။
ပါတီများအဖျက်မှာ စိတ်မပျက်ကြပါနှင့်။
စုစုပေါင်း ၉၅ ပါတီမျှ တရားဝင်ကျန်သေးယုံသာမက နောက်ထပ်ပါတီ တွေလည်း ထပ်တိုးဦးမည်မဟုတ်လား။
တစ်သွေးတစ်သားတည်းရှိတာ သိစေဖို့ ပါတီအသစ်တွေ ဖွဲ့ကြစို့လို့တောင် ပြောရနိုင်ပါသည်။

ပါတီအသစ်တွေ ပေါ်နေသည့်ကာလ ပါတီအဟောင်းတွေလည်း ပြောင်းလဲမှုတွေ လုပ်နေကြ၏။
မာမားပါတီကတော့ အစည်းအဝေးတစ်ခါလုပ်တိုင်း ဖွဲ့စည်းပုံ တစ်ခါပြောင်းတတ်သည်။
ယခုတစ်ခါ မာမားပါတီက အမတ်မင်းကြီးတစ်ယောက် ဆုံးပြန်သလား။
မြင်းခြံမြို့မှ ပြည်သူ့လွှတ်တော်အမတ်မင်း နှလုံးရောဂါကြောင့် မနေ့ဆီက ကွယ်လွန်သည်တဲ့။
ထိုသည့်အတွက် လစ်လပ်သည့်အမတ်မင်းနေရာ တစ်နေရာတိုးလာ၏။
သမ္မတမင်းလည်း အမတ်မင်းဘ၀စာရင်းမှ ပယ်ဖျက်လိုက်ပြီမို့
ကြားဖြတ်နေရာ ၂ ခုမျှ ထပ်တိုးလာသည်ပေါ့။
မကြာမီကာလ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ကြမည်မဟုတ်လား။
ရေချိန်အရ မာမားပါတီက အတိုင်းအတာတော့ အလတ်စားကျန်နေနိုင်ပါသည်။

သားရေကြိုးတစ်ပြားများကိစ္စ အခုထိ အတောမသတ်နိုင်သေးပါ။
နှမပေးတွေဘက်က လူအရသာမက မီဒီယာကပါ အသာစီးရနေသည် မဟုတ်လား။
သားရေကြိုးတွေကိစ္စ ကုလားသမဂ္ဂက အတော်လေးအားထည့်နေ၏။
ထ်ုသည့်အတွက် မနက်ဖြန်ကစ ၈ ရက်နေ့အထိ ကုလားသမဂ္ဂက လက်ထောက်အတွင်းရေးမှူးချုပ် မြန်မာကို လာဖို့ရှိနေသည်။
သက်ဆိုင်သည့်နယ်မြေတွေကို သွားကြည့်မည်သာမက တွေ့ဆုံဆွေးနွေးတာတွေလည်း လုပ်ကြဦးမည်တဲ့။
အကူအညီပေးရေးကိစ္စတွေလည်း တွေ့ဆုံတိုင်ပင်ကြမည်ပေါ့။
ရခိုင်ပြည်နယ်ကိစ္စ ပြည်ပက လာလေသည့်အဖွဲ့တိုင်းမှာ သားတို့တိုင်းရင်းသားတွေအတွက် မပါတာ သေချာပါသည်။
စောင့်ကြည့်လေ့လာ အဖြေရှာကြပါစို့။

သတင်းတွေ တင်ပြမှုအား နိဂုံးကပ္မတ်အဆုံးသတ်ချိန် ကျပြီပေါ့။
နောက်နေ့များမှာ ပြန်ဆုံကြဦးမည်။
အခုညတော့ နုတ်ဆက်သည်ပေါ့။
ကျေးဇူးအများကြီး တင်ပါသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now