စိတ်ဓာတ်

image
တစ်ခါတုန်းက…
သူဋ္ဌေးကြီး သူငယ်ချင်းသုံးယောက်မှာ သားတစ်ယောက်စီရှိကြသတဲ့။သူတို့သားအချင်းချင်း တွေလည်းသူငယ်ချင်းတွေပါပဲ။
သူတို့သားတွေဟာ အပျော်အပါး အသောက်အစားတွေနဲ့ပဲ မွေ့လျော် အချိန်ကုန်နေကြတော့ အိမ်မှာ အမြဲတမ်းဆူပူကြိမ်းမောင်းခံရတာပေါ့။
ကြာလာတော့ သူဋ္ဌေးသားတွေဟာအိမ်မှာ မနေချင်တော့ပဲ ဆင်းလာခဲ့ကြတယ်။
ဒီလိုနဲ့ မြို့ ရွာတွေမှာ သောက်စားပျော်ပါးရင်း သူတို့မှာပါလာတဲ့ ငွေကြေးတွေဟာ ကုန်သွားပါတယ်။ဒီတို့ဟာ ငွေရဖို့ အလုပ်လုပ်ဖို့ ပတ္တမြားထွက်တဲ့တောင်ကို ပတ္တမြားတူးရန်ရောက်လာကြပါတယ်။လူတို့ဟာလူခွဲကာ ပတ္တမြားတူးကြရင်း ကံကောင်းစွာ ပြည်တန်ပတ္တမြားတစ်လုံးစီရလာကြတယ်။ထိုအခါသူဋ္ဌေးသား သုံးယောက်ဟာ မိမိနေရပ်သို့ ပြန်ရန်ဆုံးဖြတ်ခဲ့ကြတယ်။
လမ်းမှာ သူခိုးလုယက်သတ်ဖြတ်တဲ့သူတွေရန်က ကင်းလွတ်အောင်း ပတ္တမြားကို ထမင်းနှင့်ရောနယ် မြိုချမိ ဝမ်းဗိုက်အတွင်းထည့်ကာယူဆောင်ခဲ့ကြပါတယ်။ဒါကို ခိုးသူ တစ်ယောက်ကမြင်တွေ့လိုက်ပါတယ်။ထို့ကြောင့် ခိုးသူဟာ သူဋ္ဌေးသားသုံးယောက် အိပ်နေချိန်မှာ ဗိုက်ကိုခွဲပြီးပတ္တမြားကိုယူရန် အကြံဖြင့် အနားကိုချဉ်းကပ်ပြီး လမ်းကြုံလိုက်ပါရစေဟု ခွင့်တောင်းပါတယ်။သူဋ္ဌေးသားသုံးယောက်ဟာသူခိုးအား လိုက်ရန်ခွင့်ပြုလိုက်ပါတယ်။ဒီလိုနဲ့သူတို့ဟာ အပြန်ခရီးဆက်ခဲ့ပါတယ်။သူတို့ဟာခရီးဆက်ကြရင်းရွာတစ်ရွာသို့ရောက်လာခဲ့ကြပါတယ်။ အဲ့ဒီရွာမှာ ဓားပြခေါင်းဆောင်တစ်ယောက်လဲနေထိုင်ပါတယ်။အဲ့ဓားပြခေါင်းဆောင်ကြီးထံမှာ ခရီးသည် ထံမှ အဖိုးတန်ရတနာများပါလာလျှင် အသံပေးသော ထူးဆန်းတဲ့ငှက်ကြီးတစ်ကောင်လဲရှိပါတယ်။သူဋ္ဌေးသားတွေက ရွာကိုဖြတ်သွားတော့ ဓားပြခေါင်းဆောင်ကြီးက တပည့်များကိုခေါ်ပြီး အဖိုးတန်းပစ္စည်းများကိုတစ်ကိုယ်လုံးရှာဖွေကြပါတယ်။ ဘာပစ္စည်းမှ မတွေ့တာနဲ့ပြန်လွတ်လိုက်ကြပါတယ်။ ထိုအချိန်မှာ ငှက်ကြီးကထအော်ပါတော့တယ်။ဓားပြခေါင်းဆောင်ကြီးလည်းပြန်လည်ဖမ်းဆီးက သူ၏တပည့်များကို ရှာဖွေစေပြန်ပါတယ်။အဖိုးတန်ပစ္စည်းဘာမှမတွေ့ သဖြင့် ဓားပြခေါင်းဆောင်ကြီးဟာဒေါသထွက်နေပါတော့တယ်။ထို့နောက် သူဋ္ဌေးသားသုံးယောက်နဲ့ သူခိုးကို ဖမ်းပြီး ဗိုက်ကို ဖေါက်၍ရှာဖွေရန်ကြိမ်းဝါးပါတယ်။
ထိုအခါ သူခိုးဖြစ်သူသည် မိမိအပါအ၀င် လူငယ်သုံးဦးလုံး သေရမည့်အရေးကို တွေးကာ မိမိကိုအရင်သတ်၍ ၀မ်းဗိုက်ကို ခွဲ ရတနာကို ရှာဖွေမတွေ့ရှိပါက ကျန်သူသုံးဦး လွတ်မြောက်နိုင်ကြောင်း တွေးကာ မိမိတို့တွင် အဖိုးတန်ရတနာ တကယ်မပါရှိကြောင်း သတ်၍ ၀မ်းဗိုက်ကိုခွဲကာ ရတနာကို ရှာဖွေမည်ဆိုလည်း မိမိ၏ မိတ်ဆွေများကို မိမိရှေ့တွင် အသတ်ခံရတာကို မကြည့်ရက်နိုင်တာကြောင့် မိမိအား အရင်သတ်၍ ရှာဖွေပါ ဟု ပြောကြားလေတယ်။

လူဆိုးခေါင်းဆောင်လည်း သူခိုးကို သတ်၍ ၀မ်းဗိုက်ကိုခွဲကာ ရတနာကို ရှာဖွေစေသော်လည်း မတွေ့ရှိသောကြောင့် သူခိုးပြောသော ရတနာ မပါရှိဘူးဆိုသည်မှာ အမှန်စကားဖြစ်သည်။ ငှက်ကြီးကို ယုံမိ၍ အကျိုးမရှိ ရတနာ မရဘဲ လူတစ်ယောက်ကို သေစေခဲ့သည် ဆိုပြီး ကျန်သူ သုံးယောက်ကို လွှတ်လိုက်လေသည်။
ပုံပြင်ကတော့ဒါပါပဲ။
အခြေနေအရ သူတစ်ပါးအကျိုးကိုကြည့်၍ အသက်ပေးသွားသာ သူခိုး၏စိတ်ဓာတ်။ခိုးသူတစ်ယောက်ဖြစ်သော်ငြားလည်းသူတော်ကောင်းစိတ်ဓာတ်ရှိသောသူ၏ စိတ်ဓာတ်မှာလေးစားဖွယ်ဖြစ်သည်။

image
Zaw Ye' @oliverrock
I❤Steemit

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center