About RSI

olaska(36)
Published in
#esteem
Words
63
Reading
1 min
9y
Listen to this post
~1 min

RSIကတော့ ဈေးကွက်ထဲက အရောင်းလွန်/အ၀ယ်လွန် ဖြစ်နေတဲ့အခြေအနေတွေကို ဖော်ပြပေးပါတယ်။ ဒီအင်ဒီကေတာမှာ သုညကနေ ၁၀၀အထိပါပါတယ်။ တကယ်လို့ RSIက 70 boundအထက်ကိုတက်သွားခဲ့ရင် အဲ့ဒီငွေကြေးအတွဲက အ၀ယ်လွန်တဲ့အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။ တကယ်လို့ RSIက လိုင်း ၃၀ အောက်ကိုကျသွားခဲ့ရင်တော့ - အဲ့ဒီငွေကြေးအတွဲက အရောင်းလွန်တဲ့အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် MACDလိုပဲ RSIနဲ့ ဈေးတန်းကြားမှာ divergenceဖြစ်လာပြီဆိုရင် ဈေးကွက်က ပြန်ကန်တော့မယ်လို့ သတိပေးနေတာ ဖြစ်ပါတယ်။

ဈေးကွက်ကို အ၀င်၊ အထွက်လုပ်ဖို့အတွက် trendတစ်ခုရဲ့ အကောင်းဆုံး levelတွေကို ဆုံးဖြတ်နိုင်ဖို့အတွက်လဲ ဒီအင်ဒီကေတာတွေကို သုံးနိုင်ပါသေးတယ်။ အဲ့ဒီလိုအခါမျိုးမှာ အင်ဒီကေတာတွေကိုအားကိုးသင့်သလောက်ပဲ အားကိုးပြီး အဓိကကြည့်ရမှာကတော့ trendဦးတည်ရာကိုလိုက်ပြီး trendအတိုင်းသာ ရောင်းဝယ်သင့်ပါတယ်။ ဥပမာ RSIက 30အထက်မှာ ရှိနေတဲ့အချိန် uptrendဖြစ်နေတဲ့အချိန်မှာ ၀ယ်နိုင်ပါတယ်။. ဈေးကွက်က ဘေးတိုက်သွားနေတဲ့ အချိန်မျိုးမှာ အ၀ယ်/အရောင်းကို ကြည့်ဖို့အတွက် RSI signalတွေကို သုံးနိုင်ပါတယ်။.
image

About RSI | Ecency