Team work

Words
111
Reading
1 min
Listen
Play
8y

Teamwork ရဲ့သဘောတရားကို ကိုယ်တွေးမိသလောက်
ရေးကြည့်ချင်ပါတယ်..
image
Credit:photo
Teamworkဆိုတာ အတူတကွလုပ်ဆောင်ခြင်းပါ
တယောက်မှာရှိတဲ့ အစွမ်းအစရယ်
နောက် တယောက် တယောက်မှာရှိတဲ့ အစွမ်းအစ
အားလုံးပေါင်းစပ်ဖော်ဆောင်ရတာပါ
ကိုယ့်ရှိတဲ့ ပညာ ကိုယ့်ရှိတဲ့ အသိ ကို
Sharingလုပ်တာဟာလဲ Teamworkစိတ်ဓာတ်ပါပဲ
ငယ်ငယ်ကသင်ခဲ့ရတာ ပညာရွှေအိုး လူမခိုးပါ
မျှဝေလို့ရပါတယ် ကိုယ့်မှာလျော့မသွားပါဘူး
ပြောပြလို့ရပါတယ်
သူများကိုပြောပြတဲ့အတွက် ကိုယ် ပိုရပါတယ်

တယောက်မရှိချိန် အစားတာဝန်ယူလုပ်ပေးခြင်းဟာ
Teamworkပါပဲ
ကိုယ်စားတာဝန်ယူခြင်းဆိုတာလဲ
ကောင်းမွန်တဲ့ လေးစားစရာကောင်းတဲ့ စိတ်ထားပါပဲ
သူမရှိတော့ ငါမသိဘူးဆိုတာမျိုးကတော့
negativeဆန်တဲ့ အတွေးကြီးပါ

ကိုယ်သိခဲ့တဲ့ အလုပ်မှာဆို
Meetingစပီဆိုတာနဲ့ ဆိုင်ရာနယ်ပယ်က
ပညာရှင်တွေအချင်းချင်း
Targetတခုရောက်ဖို့တွက်
ပညာချင်းဖလှယ်ကြ စကားတွေများကြ
ဒါကာဒါ ဟိုဟာမလုပ်နဲ့ ငြင်းခုံကြနဲ့
Projectတခုကို ဆွေးနွေးကြတယ်
အဲလိုရန်ဖြစ်စကားများကြတယ်နော်
ဒါတွေက အဲ့ Meetingခန်းထဲမှာပဲ ကျန်ခဲ့တယ်
အပြင်ကိုပါမလာဘူး
သယ်ထုတ်လာဖို့လဲ ဆန္ဒမရှိဘူး
သူတို့ရဲ့တနေ့တာကို ဒီနေ့မှာပဲ ထားခဲ့တယ်
ဘာတေးမှတ်မှုမှလဲမရှိဘူး
နောက်နေ့မှာ တူတကွ ပြန်လည်ကြိုးစားကြတယ်
အရမ်းကိုအတူယုသင့်တဲ့ စိတ်ဓာတ်..

ဘဝရလာကြ လူဖြစ်လာကြ
ကြုံရ ဆုံရ တခဏလေးမှာ
အချင်းချင်း အချစ်တွေပဲ ပြန့်ပွားစေချင်ပါတယ်
စကားအသုံးအနှုန်းတွေ မရိုင်းစေချင်ပါဘူး
ခံရတဲ့သူ ဘာဖြစ်သွားလဲ
ဟုတ်ကဲ့ ဘာမှမဖြစ်ပါဘူး
ခဏတာဝမ်းနည်းသွားရုံပါပဲ
အကုသိုလ်ရသွားတာ ပြောလိုက်သူပါ
ထို့အတွက်ကြောင့် ကြုံဆုံချိန်ခဏလေးမှာ
တက်ညီလက်ညီ ဝေမျှခြင်းနဲ့ ကူညီရိုင်းပင်းခြင်းနဲ့
ကောင်းမွန်တဲ့အနာဂတ်တခုဆီ တူတူသွားကြပါစို့လား

ဒါတွေရေးပီးတင်နေလို့ ဆရာလုပ်တယ်လဲ
မထင်စေလိုပါ..
ဒီလိုပဲ လူထဲကလူမို့ ဖြစ်ပျက်သဘောရားကို
တွေးမိတယ်..
Teamwork ကောင်းကောင်းနဲ့ တူတူကြိုးစားပီး
ပျော်ရွှင်စွာ လုပ်ဆောင်ချင်မိတယ် ..
ဒီလိုနဲ့ပဲ လက်ညောင်းခံရေးလိုက်မိတယ်.. 😬😬😬

Team work | Ecency