" လူ စ ကား "

Words
81
Reading
1 min
9y
Listen to this post
~1 min

image
Credit:photo


"ငါ့မြေး အင်္ဂလိပ်စကား ပြေတတ်လား
မတတ်ပါဘူးဖိုးဖိုး သားကကျောင်းမှ မနေရတာ

"ငါ့မြေး ရှမ်း,စကားကို ပြောတတ်လား
မတတ်ပါဘူး ဖိုးဖိုး သားကရှမ်းပြည်မှ မသွားဖူးတာ

"ငါ့မြေး မွန်,စကားကို ပြောတတ်လား
မတတ်ပါဘူး ဖိုးဖိုး သားက မွန်တွေကြားမှာ တခါမှမှ
မနေဖူးတာ

"ငါ့မြေး ကရင်,စကားကိုပြောတတ်လား
တတ်ပါဘူး ဖိုးဖိုး သားက ကရင်တွေးကြားမှ
တခါမှ မှ မနေဖူးတာ..

အေး ငါ့မြေးမှတ်ထား
လောကကြီးမှာ ဘာစကားမှ မတတ်နားမလည်လည်း
မျက်နှာငယ်စရာ အကြောင်းမရှိဘူး

အဓိက ငါ့မြေး နားလည်ထားဖို့က
လူတွေက လူလိုပြောလာတဲ့ "လူစကားပဲ"

လူတချို့ ဘာသာစကားမြောက်များစွာ
ပြောတတ် နားလည်တယ် ဒါပေမယ့်
သူတို့ကိုသူတို့တတွေ ကိုယ့်ကိုကိုယ် ဘဝင်မြင့်တတ်တော့
လူလိုပြောတဲ့ လူစကားကို နားမလည်ကြတော့ဘူး မြေး...

ကိုယ့်ဖာသာကိုယ် ပညာရှိမရှိ စာတတ်မတတ်
အဓိကမဟုတ်ဘူး အဓိက သိထားရမှာက လူးကြားမှာနေ
လူလိုပြောတဲ့ လူစကားတွေပဲ

ဘဝင်မမြင့်မိစေနဲ့ မြေးလေး
ဘဝင်မြင့်တတ်သွားတဲ့ သူတွေဟာ
ကိုယ့်စကားထက် ဘယ်သူစကားကိုမှ အရေးမထား မလေးစားတတ်တော့ဘူး ငါ့မြေး...

✏စွယ်စုံ-ကျွဲကျောင်းသား

ပြန်​လည်​မျှ​ဝေသည်

မူရင်း​ရေးသားသူအား#Credit♨​ပေးပါသည်​။

မျှ​ဝေသူ
အရှင်​လက္ခဏ(အင်းပါ)

" လူ စ ကား " | Ecency