" အမှတ်တရ "

Words
41
Reading
1 min
Listen
Play
8y

image
Credit:Photo

အဝေးကြီးပေမယ့်
ဟိုး အမြင့်ဆုံးမှာရှိနေတဲ့မင်းအတွက်
ငါပျော်ပါတယ်၊၊

'ငယ်ဘဝ ဒိုင်ယာရီကြားက
လိမ့်ကျသွားတဲ့ ဘောလ်ပင်လေးလို
မြင်နေရက်နဲ့ ဖမ်းမဆုပ်လိုက်နိုင်တဲ့အခါ'
တို့နှစ်ယောက်ကြား
တိုးဝင်တိုက်ခတ်သွားတဲ့ကံကြမ္မာ
မင်းနာကျင်နေခဲ့သေးလား
မေးကြည့်ချင်တယ်၊၊

အိပ်မက်တွေဆီ ဘယ်လမ်းကသွားရပါသလဲ
အိပ်မက်ထဲဆို တို့ဆုံကြရမှာပေါ့,
ခဏလောက် အလည်သက်သက်လဲ
ဧည့်ဝတ်ကျေချင်ပါတယ်ကွယ်
ဘယ်တော့ပဲဖြစ်ဖြစ်၊၊

'သတိရခြင်းတွေသာ မိုးတိမ်လိုဖြစ်နေခဲ့ရင်
မင်းရှိရာအရပ်မှာ မိုးစက်လေးတွေအေးမြပါစေသား...'
စွန့်လွှတ်ရဲတာလဲ
ဒီကမ္ဘာမှာ ချစ်ခြင်းလို့ခေါ်ပါတယ်
ရာသီတွေ ဘယ်လိုပြောင်းစေတော့
ဘယ်သူတွေ ဘယ်လိုပြောပစေပေါ့
သံယောဇဉ် နေရာဟောင်းလေးမှာ
(တယောက်တည်းလေ) ငေးရင်းကျန်၇စ်။ ။

           သန့်ဇော် Orion