သွားကိုက်သွားယိုင်မဖြစ်တော့ပါ ..အသက်ကြီးရင်တောင် ပဲကြီးလှော်စားလို့ရအောင် သွားကောင်းစေတဲ့ ဆေးနည်း

Credit:photo
လူအတော်များများကြုံတွေ့ရသော ဝေဒနာများထဲတွင် သွားကိုက်၊သွားနာနှင့်သွားမခိုင်
သွားခြေယိုင်စသော
သွားရောဂါလည်းပါ၏။
ထိုသွားရောဂါကား အသက်ကြီးသည်ငယ်သည်လည်း
မဆိုင်ပါ။ နှစ်စဉ်နှစ်တိုင်း သွားဆရာဝန်ထံ နှစ်ကြိမ်သုံးကြိမ်သွားကြရတတ် ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းသွားခဲ့ရဖူးပါသည်။ကိုယ်တိုင် အတော်စိတ်ပျက်ဖွယ် သွားရောဂါခံစားနေရစဉ် တိုင်းရင်းသမားတော်ကြီး ဦးကြွယ်မှ “မင်းယုံယုံကြည်ကြည်လုပ်ပါ သွားတွေပြန်ခိုင်ရုံသာမကဘူး
အသက်ကြီးရင်တောင် ပဲကြီးလှော်စား လို့ရအောင် သွားကောင်းစေတဲ့ ဆေးပေးမည်” ဆိုကာ အောက်ပါဆေးနည်းအား
ပေးခဲ့ပါသည်။
ဆရာကြီးပေးသောဆေးနည်းမှာ
ထိုအမှုန့်သုံးမျိုးကို ရောစပ်ပြီး နေ့စဉ် နံနက်ည သွားတိုက်ပေးခြင်းဖြစ်ပါသည်။ ဆရာကြီးမိန့်မှာသည်မှာ “မင်းသွားကိုက်မှ ထမလုပ်နဲ့ နေ့တိုင်းသွား တစ်ကြိမ်တော့တိုက်ပေး၊ နောက်ပြီး သွားအခြေမခိုင်ရင်သွားအခြေမှာ ဆေးမှုန့်ကို သိပ်ပေး သေခါနီးတောင် ပဲကြီးလှော်ဝါးနိုင်မယ်မှတ်ဟု ခပ်နောက်နောက် ”
ပြောဖူးပါသည်။
ယခုအခါ ကျွန်တော်အတွက် သွားရောဂါမဖြစ်တော့ပါ။ သွားယိုင်နဲ့ခြင်းလည်းမရှိတော့ပါ။
#crd.