ဟေမာန် နောက်ဆုံး
ဆန်းစ သစ်နွေ
ဝေလီ နံနက်
နှင်းမြူ ထပ်၏။
နေ့ပူ လေရမ်း
ညဉ်နက် ခြမ်းဝယ်
စောင်ထူ မဝေး
ချမ်းတုံ သေ့၏။
ဧရာ မြစ်တို့
သဲသောင် ထွန်းပေါ်
ကိုတံငါ ဖို့
ပိုက်ချ ပျော်၏။
ကိုင်းထဲ ကျွန်းပေါ်
ပဲခင်း တစ်မျှော်
ဖရဲ သခွား
စိုက်လျှက် များ၏။
မုရင်း စိမ်းလဲ့
မြစ်ကျိုးး အင်းပြတ်
ကျွဲနက် ဗျိင်းဖြူ
လိုက်ဖက် ထူ၏။
တောထပ် တရာ
ဗောက်ခွေး ၀ါပွင့်
တောပန်း လှိုင်ကြိုင်
ပွင့်ကြ မြိုင်၏။
ကောက်ကြီး သိမ်းတက်
ရိုးပြတ် လယ်ကွင်း
တောင်ရိုး နောက်ခံ
ငှက်တွေ ပျံ၏။
ချောင်းရိုး မြောင်းကော
ရေလေး စပ်စပ်
ရွှံ့ဗွက် ရောယှက်
ပက်ကြား အပ်၏။
အဇာဋာ ထက်
တိမ်ကင်းပ လျှက်
ယဲ့ယဲ့ပြာ ထဲ
သိန်းစွန် ၀ဲ၏။
ထန်းပင် ထန်းလက်
ရင်းထောင် ထူဆွဲ
ချိတ်လျှက် အိုးမြူ
ထန်းရည် ချ၏။
ပေါက်ပန်း ပွင့်နီ
သရဖီ က
လနှင့်လည်း ညီ
ရာသီ ညို၏။
ပင်ရိုး ပြိုင်လည်း
လက်ပံ ပွင့်ရဲ
ဆရက် နင်းခြေ
ပြုတ်ပြုတ် ကြွေ၏။
ဥဩ ငှက်ကွဲ
တွန်သံ တွဲ့နွဲ့
ဖိုးခေါင်ငှက် အီ
စိတ်ထွေ လီ၏။
လေရူး ဗွေဖောက်
လေပွေ နှောက်လို့
ရွက်ရဲဝါ ကြွေ
မြေခ လေ၏။
မြင်းကွင်း အုံ့ဆိုင်း
အူ မရိုင်းလည်း
လွမ်းရ ဘယ်ဆီ
မတမ်း တတ်ပြီး။
Author:kyaw kyaw
Follow me smt68@mumushein
Photo from gallery