Chaos

မိုးမရွာလို့ ထီးမပါခဲ့ဘူး...နှင်းတစ်စိမ့်စိမ့်ဝေတယ်
ဇန်နဝါရီကဇန်နဝါရီလိုအေးတယ်...
ဖျော်လက်စကော်ဖီဟာ...
အလွမ်းတို့ ဖြင့်ခါးနှင့်နေရဲ့...
မထူးဆန်းတဲ့အရာတစ်ခုကို
ရူးနှမ်းစွာ စွဲလန်းမိတဲ့ကောင်...
လမိုက်ညလို ပိန်းပိတ်မှောင်တယ်..
မင်းလှတာမထူးဆန်းဘူးလေ...
ဒါပေမယ့်လည်း...
18+ဆိုလို့  လိင်မှုကိုပဲ ရည်ရွယ်တာမဟုတ်ဘူးပေါ့ကွယ်
ဒါကြောင့်လည်း ရင့်ကျက်တဲ့စိတ်နဲ့  ငါမင်းကိုချစ်တယ်....
မင်းရဲ့အပြုံး မင်းရဲ့ကိုယ်လုံးထက်
မင်းအကျင့် မင်းသိက္ခာကို ချစ်နေရသူပါ...
သဘောထားကြီးတာလေးကို လေးစားတယ်
ကလေးလို ရစ်တာလေးကို အသဲယားတယ်...
မင်းကိုယ်ကျင့်သိက္ခာမင်းအလှ မင်းအပြုံး
ဒါတွေအားလုံးဟာ
ချစ်မြတ်လေးစားရခြင်းမှာ
အကျုံးဝင်လေရဲ့...

အကြိုက်မတူ
အသိမတူ
ဖြတ်သန်းခဲ့ပုံတွေမတူလို့ 
အတွေ့ အကြုံတွေလည်း မတူကြဘူး
မင်းမြင်သလို ကိုယ်မမြင်တဲ့အခါ ကိုယ့်ကိုနားလည်ပေးပါ
ကိုယ်အမြင်ကို့ မင်းသဘောမတူတဲ့အခါလည်း
လိုက်လျောနားလည်ပေးမယ်
ဒါဟာ အချစ်ရဲ့ ညီမျှခြင်းပေါ့ကွယ်
ငါ့ရင်ကို တူရွင်းနဲ့ ဆွဲခွာရင်...
မင်းအပြုံးတွေ အလွှာလိုက်
ကျလာကောင်းရဲ့...
မင်းနဲ့ ပတ်သတ်ရင်...
ငါဟာ သိမ်းဆည်းနိုင်စွမ်းသိပ်ကောင်းတဲ့
memory stickတစ်ခုပဲ...
မင်းက မြေအိုးမြီးရှည်သိပ်ကြိုက်တယ်
ကမ္ဘာ့ အပြင်ဘက်သီချင်းကို
သိပ်ကြိုက်တယ်...
ရင်ဖုံးအင်္ကျီ one setလေးတွေ
သိပ်ကြိုက်တယ်
နောက်ပြီး...
ငါ့ကို ဂျစ်တိုက်ရတာသိပ်ကြိုက်တယ်

နောက်ပြန်လှည့်ရိုးမရှိတဲ့အချိန်မှာ
ငါ့ရဲ့အသိတရားရယ်
မင်းပေါ်ထားတဲ့အချစ်ရယ်...
ညီမျှစွာကြီးထွားလာတယ်...
အကယ်၍များပေါ့...
မင်းပါးပေါ်ကမှဲ့ ကလေးနဲ့ ...
ငါ့ရဲ့လက်တစ်ဖက်
နှစ်သက်ရာကိုရွေးပါဆိုရင်...
ပထမတစ်ခုကိုငါရွေးမယ်...
အဲ့ဒိစံပါယ်တင်မှဲ့ ကလေးကိုချစ်တယ်
နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်...
ဆံနွယ်ရှည်လေးတွေကိုချစ်တယ်..
ပြည့်စုံအောင်ပြောရရင်
မင်းကိုချစ်တယ်...
အမှန်တရားကအလှထိုင်ပြင်တယ်
မစောင့်ပြန်ရင်လည်းအမှားဖြစ်ဦးမယ်...
အဲ့ဒိနေ့ ကရုံးနောက်ကျတယ်...

ရည်းစားစကားဆိုတာ အပိုအလုပ်ပဲ
ဒါမှမဟုတ် သိချင်လို့ မေးတာလား
သိစေချင်လို့ ပြောတာလား...
နှစ်ခုလုံးမှားတယ်...
တကယ်သာချစ်ကြည့်
မပြောလည်းသိတယ်...
ပြန်ချစ်ပါလို့ မရေမရာသွားမတောင်းနဲ့ ...
သူပြန်ချစ်မှာလား မချစ်ဘူးလားဆိုတာ
ခင်ဗျား ကြိုသိကိုသိတယ်....
မြင်အောင်ပြဖို့ ကခင်ဗျားတာဝန်
မြင်အောင်ကြည့်ဖို့ ကသူ့ တာဝန်
အချစ်ဆိုတာနှုတ်ဖျားမှာမရှိဘူး...
ဒါကြောင့် ကျုပ်ရည်းစားစကားမပြောခဲ့ဘူး...
ဘယ်လို ချစ်ကြောင်းပဲ ရင်ဖွင့်ပြခဲ့တယ်...

အတင်းပြောတတ်တဲ့လူချင်းအတူတူ
တစ်မူးပိုမရှုချင်ပါနဲ့ ...
လူဆိုတာရင်ဖွင့်တတ်တဲ့အမျိုးပဲ....
မကျေနပ်တာလေးရှိရင်တော့ပြောကြမှာပဲ...
တစ်နဲ့ နှစ်ကြားမှာ ဒဿ မကိန်းတွေ
အနန္တခြားတယ်....
မသေချာမှုဆိုတာကိုကသီအိုရီတစ်ခုပဲ...
လူဆိုတာလွဲတတ်တယ်...
တတ်ကျမ်းတွေနင်းကန်ဖတ်...
သင်္ညာသိတွေနဲ့ မာန်လာမတတ်နဲ့ ...
တကယ်သိတဲ့လူက...
မာန်ပါးသွားတယ်...

စဆရကတွေကြည့်မရဘူးဆိုရင်...
အဲ့လိုလူတွေကိုကျုပ်ကသိပ်ချဉ်တယ်...
လူမှန်သမျှအတွေးအခေါ် ရှိသင့်တာချည်းပဲ
မတူတာတော့အပြစ်မတင်နဲ့ ....
သူထင်တာသူပြောမှာပဲ...
သဘောမတူရင် အချက်လက်နဲ့ ဝေဖန်..
ဒါမှမဟုတ်ရင်ကျော်သွားလိုက်...
ဓါးကတော့ ဓါးနဲ့ တူအောင်
ချွန်မြထက်ရှနေမှာပဲ...
ကိုယ့်လာရှလို့ အပြစ်မတင်နဲ့ ...
အစကတည်းကသတိထားကိုင်...
စောက်ဆရာကြီးလုပ်တယ်ထင်ရင်...
ရတယ်...ထင်ပစ်လိုက်...
ကျုပ်ကတော့...
ဒီအတိုင်းပဲစီးမယ်
image
Writer by@minmaha from myanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now