when you mistook

macn(40)
Published in
#esteem
Words
72
Reading
1 min
Listen
Play
8y

တော်လို့၊ တတ်လို့၊ လိမ္မာလို့၊ ကောင်းတဲ့ အလုပ်
တွေ လုပ်လို့ ထိုးတဲ့ လက်ညိုးထက် မကောင်းလို့
မတော်လို့၊ ညံ့လို့၊ ဆိုးလို့ ထိုးတဲ့ လက်ညိုးက
ပိုများတယ်။ကောင်းစေချင်လို့ ထိုးတာလည်း ဖြစ်နိုင်ပါတယ်။
တစ်ချို့က နာနာကျင်ကျင် ခံစားရမှ ဘဝကို
ပြောင်းလဲ ပစ်တတ်ကြတာ။ဘယ်သူတွေ ဘယ်လို ထိုးထိုး လူဆိုတာကိုယ့် ရည်ရွယ်ချက်နဲ့ ကိုယ်။ မှန်ဖို့ လိုသလို
ကိုယ်လျှောက်နေတဲ့ လမ်း ကိုယ်ကိုတိုင်
ကျေနပ် လက်ခံနိုင်ဖို့ လိုတယ်။ကြိုက်တဲ့ လမ်းကို ရွေးပါ။
သူတစ်ပါးကို မထိခိုက်ဖို့နဲ့ ကိုယ့်ဘဝ တိုးတတ်
နေဖို့ပဲ လိုတယ်။လူတွေကတော့ လက်ညိုး ဝိုင်းထိုးကြမှာပဲ။
ဒါဟာ သူတို့ အလုပ်။ ကိုယ် ဒုက္ခရောက်နေတဲ့
အချိန်မှာ ကိုယ့်ကို ထိုးခဲ့တဲ့၊ ထိုးနေဆဲ လက်ညိုး
တွေဟာ ကယ်တင်ရှင် ဖြစ်လာမှာ မဟုတ်ဘူး
ဆိုတာလဲ သေချာတယ်။ထိုးပါစေ။ မတုန့်ပြန်နဲ့။ ကိုယ့်အလုပ်ကိုပဲအကောင်းဆုံး ဖြစ်အောင် ဆက်လုပ်ပါ။
image

လက်ညိုးတွေ လက်ဖြန့်လာလိမ့်မယ်။
ခင်ဗျား အောင်မြင်လာတဲ့ တစ်နေ့မှာပေါ့။

when you mistook | Ecency