New

ဆရာအတက်သင်ကျောင်းဆင်းပြီးနောက် ဖြူဖြူတစ်ယောက် တာဝန်ကျရာ နောင်ချိုမြို့ရှိ အလယ်တန်းကျောင်းတွင် မူလတန်းပြ ဆရာမအဖြစ် ရောက်ရှိခဲ့သည်။ သူမ၏ အသက်သည် 22 နှစ်သာ ရှိသေးပြီး slim body ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မပိန်မပါး ခန္ဓာကိုယ်နှင့် လိုက်ဖက်စွာ တင်သား ရင်သားများက ကြည့်၍ ကောင်းလှသည်။ အရပ်မှာ 5' 4" ခန့်ရှိပြီး တင်ပါးစုံထိ ရှည်လျှားသော ဆံနွယ်များက ဆရာမ ဆိုသည့် ဂုဏ်ပုဒ်ကို တင့်တယ်စေသည်။ ပါးပြင်တွင် စံပါယ်တင်မှည့်လေး ပါပြီး မျက်လုံး ဝိုင်းဝိုင်း၊ မျက်တောင်ကော့ကော့၊ နှာတံဖြောင့်ဆင်းကာ အလွန်ပင် ချစ်စဖွယ် ကောင်းလှသည်။ ပြုံးလိုက်တိုင်း ပေါ်လာသော ပါးချိုင့်လေးက နှစ်လိုဖွယ် ကောင်းလှသည်။ နယ်မှ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသော ဆရာ/မ များအား ကျောင်းရှိ အဆောင်တစ်ခုတွင် နေရာ ချပေးထားသည်။ ဖြူဖြူနှင့်အတူ မန္တလေးမှ လာသော ဆရာမ ဆွေဆွေနှင့် တစ်ခန်း နေရပြီး၊ သူမတို့၏ ဘေးခြင်းကပ်တွင် ကျောင်းဆရာ ကိုအောင်နိုင်နှင့် မဝေတို့ လင်မယား နေကြသည်။ ကျောင်းဝင်းထဲတွင် ကျောင်းစောင့် လင်မယားလည်း နေသည်။ ကျောင်းစောင့်ကိုမြမောင်သည် အသက် 45 နှစ်ခန့်ရှိပြီး ထောင်ထောင်မောင်းမောင်းနှင့် ဗလတောင့်သည်။ အနောက်တိုင်း ဆေးဝါးအကြောင်း အနည်းငယ် တက်ကျွမ်းသော ဒေါက်တာ ရမ်းကု ဖြစ်ကာ နှာစီး ချောင်းဆိုး လောက်ကတော့ ကိုမြမောင် စပ်ပေးသည့် ဆေးနှင့် ပျောက်ကင်းသည်။ သူ၏မိန်းမ ဒေါ်အေးက ကျောင်းဈေးရောင်းရင်း ဖြူဖြူတို့အတွက် ချက်ရေးပြုတ်ရေး တာဝန်ယူပေးသည်။

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency