July 19

Words
157
Reading
1 min
Listen
Play
8y

အာဇာနည်နေ့ ဒို့မမေ့ image
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် (၉) ဦးတို့ဟာ မသာမာသူ လူတစ်စုရဲ့ လက်ချက်ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့မှာ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း သွေးမြေခခဲ့ရပါတယ်။
အာဇာနည်ခေါင်းဆောင်များအတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလာတာဟာ (၇၁) ကြိမ်မြောက် ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရတဲ့ နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီကနေ့မှာ နိုင်ငံတော် အလံ တစ်ဝက်လွှင့်ထူပြီး ဝမ်းနည်းကြောင်း ပြသကြပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ် ရန်ကုန်မြို့ အတွင်းဝန်ကြီးများရုံးမှာ ခေါင်းဆောင်ကြီးတွေ အစည်းအဝေးပြုလုပ်နေချိန် လူတစ်စု ဝင်ရောက်လာပြီး ပစ်ခတ်မှုလုပ်ကြံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းက လုပ်ကြံခဲ့တာဖြစ်ပြီး မသာမာသူအုပ်စု ခေါင်းဆောင် ဂဠုန်ဦးစောကို ဖမ်းဆီးခဲ့ပြီး ပြစ်မှုထင်ရှားတဲ့အတွက်ကြောင့် ပြစ်မှုကျူးလွန်သူ အပေါင်းအပါကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ တရားခံတွေဖက်က အယူခံအဆင့်ဆင့် တင်သွင်းခဲ့သော်လည်း တရားလွှတ်တော်ချုပ်ရုံးက ၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ အယူခံပယ်ချခဲ့ပါတယ်။ သမ္မတရုံးအထိ အသနားခံစာ တင်ခဲ့ရာက ခင်မောင်ရင်၊ သုတနဲ့ မောင်နီတို့ကို တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဂဠုန်ဦးစောနဲ့ ကျန်အပေါင်းအပါတွေကို ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့မှာ တစ်ချိန်တည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ ခေါင်းဆောင်များကတော့

(၁) ဦးအောင်ဆန်း (ဝန်ကြီးချုပ်)

(၂) ဦးဘချို (ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး)

(၃) မန်းဘခိုင် (အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး)

(၄) ဦးဘဝင်း (ထောက်ပံ့ရေးဝန်ကြီးဌာန ဝန်ကြီး)

(၅) သခင်မြ (ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး)

(၆) ဦးအဗ္ဗဒူရာဇာတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)

(၇) စပ်စံထွန်း (နားခြားဒေသဆိုင်ရာ ဝန်ကြီး)

(၈) ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)

(၉) ရဲဘောကိုထွေး (သက်တော်စောင့်) စတဲ့ ခေါင်းဆောင်ကြီးများပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားတိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေကို နောင်လာနောင်သားတွေအနေနဲ့ မမေ့အပ်ပဲ ရင်ထဲက လှိုက်လှဲစွာ ဂုဏ်ပြုသင့်ကြောင်း ယနေ့မှာ ကျရောက်တဲ့ (၇၁) နှစ်မြောက် အာဇာနည်နေ့ကို WowBox နဲ့အတူ ဂုဏ်ပြုကြိုဆို လိုက်ရပါတယ်။

Credit

July 19 | Ecency