2020 ရဲ့ အစ

lwanwai(59)
Published in
#esteem
Words
101
Reading
1 min
Listen
Play
7y

2020 ရဲ့ အစ

မင်္ဂလာရှိသော နေ့ရက်လေးပါဗျာ။
ဒီနေ့ဟာ ဆိုရင် နှစ်ဟောင်းကုန်ဆုံးခဲ့လို့ နှစ်သစ်ကို ကူးပြောင်းလာခဲ့တဲ့ ပထမဆုံးနေ့ရက်ကလေးပါပဲဗျာ။
ဒီတော့ ဟောဒီ လောကကြီးအတွင်းက သက်ရှိအပေါင်း မိတ်ဆွေ အပေါင်း စိတ်သစ် လူသစ်နဲ့ နှစ်သစ်မှာ ပျော်ရွင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။

oy05wtr2rl.jpg

ဒီနေ့ ပထမဆုံး ၂၀၂၀ နေ့သစ်မှာ ကျွန်တော်တို့ မိသားစု မြို့တက်ပြီး ဈေးဝယ်ထွက်ကြတယ်လေ။
ကျွန်တော် ရယ် အမျိုးသမီးရယ် သားသားလေးရယ် ပေါ့ဗျာ။
အိမ်က အိမ်ရှင်မက led မီးထွန်းပွဲ ကြည့်ချင်ပါတယ်ဆိုလို့ မြို့တက်လိုက်ပြပေးရတာလေ။
ဒီနေ့ ဒီရက်မှ မိုးကလည်း အေးလိုက်တာ မီုးစက်ကလေးတွေ တစ်ဖွဲဖွဲနဲ့လေ။
မိုးကလည်း မချုပ်နိူင်သေးတော့ စောင့်နေကြတယ်။

Led မီးထွန်းပွဲကလည်း တစ်ယောက်ကို ဝင်ကြေး ၂၀၀၀ နဲ့ဆိုပြီး ပန်းခြံထဲမှာပြထားတော့ အဆင်မပြေသူတွေတော့ အဆင်မပြေဘူးပေါ့ဗျာ။
ကျွန်တော်တို့ ကတော့ ကြည့်မယ် ဆိုပေမဲ့ မိုးက အဆင်မပြေတော့ ပြန်လာခဲ့လိုက်တယ် မကြည့်တော့ဘူး။

လာမဲ့ လွတ်လပ်ရေးနေ့မှာတော့ နေ့ရော ညရော Free ဝင်ကြေးမပေးရဘူးလို့ သိရတယ်။
အဲ့တော့မှပဲ သွားကြည့်တော့မယ်ဗျာ။
ဆောင်းတွင်း အေးစက်တာရယ်
မိုးအေးနေတာရယ် ပေါင်းပြီး အအေးက ပိုနေတော့
အိမ်အပြန် ရေတောင် မချိုးနိင်တော့ဘူး။

ဒီလိုနဲ့ ဒီနှစ်သစ် အစမှာ ကျွန်တော်တော့ ရေမချိုးပဲ စောင်ခြုံပြီး ကွေးပြီဗျာ။
အားလုံးပဲ ကွေးနိင်ကြပါစေဗျာ၊ ဟုတ်ပေါင်
အားလုံးပဲ ပျော်ရွင်နိင်ကြပါစေဗျာ။

MSC 045
lwanwai@lwanwai

2020 ရဲ့ အစ | Ecency