ဗောက်ပျောက်စေသော နည်းလမ်းများ

‌ဗောက်ထခြင်းနဲ့ ယားယံခြင်းအတွက် အလွယ်ကုထုံးများ

‌ဦးရေပြားခြောက်
‌သွေ့မှိုစွဲခြင်းကြောင့် ဗောက်ထလေ့ရှိကြပါတယ်။ ခေါင်းပေါ်မှာ အဖြူအဖတ်များဖြင့် အလွန်ယားယံစေပြီး
‌နေရထိုင်ရခက်စေပါတယ်။

‌အောက်ပါနည်းလမ်းလေးတွေကို ပြုလုပ်ကြည့်ပါ။လုပ်ရတာ လွယ်သလောက် ထိရောက်မှုလည်း ရှိတာ တွေ့ရပါလိမ့်မယ်။

‌(1) ရှာလကာရည် (သို့မဟုတ်) ဗင်နီဂါ
‌ရှာလကာရည်က ဦးရေပြားပေါ်ရှိဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး ယားယံခြင်းကို သက်သာစေပါတယ်။ရှာလကာရည်နဲ့  ရေအေးတို့ ဆတူရော၍ (ဒါမှ့ မဟုတ်) ရှာလကာရည် အနည်းငယ့်ထည့်ပြီး ဦးရေပြားအနှံ့ နှိပ်နယ်လိမ်းကျံပေးပါ။ နာရီဝက်ခန့်အကြာ ရေဖြင့်လောင်းလျှောက်ပြီးနောက်၊ ပုံမှန်သုံးနေကျ ရှမ်ပူဖြင့်စင်အောင်လျှော်ပေးပါ။
image

‌(2) မုန့်ဖုတ်ဆော်ဒါ(baking soda)
‌မုန့်ဖုတ်ဆော်ဒါက ခေါင်းပေါ်က
‌မှိုများကိုသေစေနိုင်ပါတယ်။ ခေါင်းတစ်ခုလုံးကိုရေစွတ်ပြီး လက်တစ်ဆုပ်စာမုန့် ဖုတ်ဆော်ဒါမှုန့် ဖြင့် ဦးရေပြားထိရောက်အောင် အားရပါးရပွတ်တိုက်ပြီး၊ ရေဖြင့်စင်စင်လျှော်ချပေးပါ။(မည်သည့်ရှမ်ပူကိုမျှ မသုံးပဲ၊ရေဖြင့်သာလျှော်ပါ) တစ်ပတ်လျှင် ၂ကြိမ်/ ၃ကြိမ်မျှလျှော်ပါ။ လျှော်ပြီးကာစတွင် ဆံသားများခြောက်ကပ်နေသော်လည်း ရက်အနည်းငယ်ကြာတဲ့အခါ ဆံသားများပုံမှန်အတိုင်းစို ပြေ၍ပိုမိုနူးညံ့လာကာ ဗောက်များ ကင်းစင်သွားမှာ ဖြစ်ပါတယ်။
image

‌(3)Listerine(mouthwash)
‌ Listerine(ခေါ်)ခံတွင်းသန့်ဆေးကလည်း ဗောက်များကို သေစေနိုင်ပါတယ်။ ဒါကြောင့် ကိုယိလျှော်နေကျ ခေါင်းလျှော်ရေသုံးပြီးတိုင်း ခံတွင်းသန့် စင်ရည်ဖြင့် လျှော်ချပေးပါ။
image

‌(4)Aspirin
‌ ပဋိဇီစဆေးတစ်မျိုးဖြစ်တဲ့ Aspirin (ခေါ်) ဖျားနာကိုက်ခဲပျောက်ဆေးထဲမှာ Salicylic အက်ဆစ်ပမာဏ အမြောက်အများပါဝင်ပါတယ်။ အဲဒီအက်ဆစ်ဓာတ်ဟာ ဗောက်များကိုသေစေနိုင်စွမ်းရှိလို့  ဗောက်ပျောက်ရှမ်ပူတွေမှာ ထည့်သွင်း အသုံးပြုကြပါတယ်။အက်စပရင်ဆေး ၂-ပြားကို အမှုန့် ကြိတ်ပြီး ကိုယိနှစ်သက်ရာရှမ်ပူဖြင့်သမ အောင်ရောမွှေပြီး တစ်ခေါင်းလုံးအနှံ့ လိမ်းကျံ၍နှပ်ထားပေးပါ။ ၂-မိနစ်အကြာမှာ ပုံမှန်ခေါင်းလျှော်သကဲ့သို့ လျှော်ပေးရုံပါဘဲ။
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now