Tell me about ur

အားသာချက်များနှင့်အောင်မြင်မှုများသင့်ရဲ့စာရင်းပြန်သုံးသပ်ပါ။ သင့်ရဲ့အလုပ်အင်တာဗျူးနှင့် ပတ်သက်. တိကျသောအလုပ်ဖော်ပြချက်ဆက်စပ်ကြောင်းကိုသင်၏ထိပ်တန်း 3-5 အားသာချက်များကိုချရေးပါ။ ဒီချက်ချင်းသင်ဤအလုပ်အဘို့အပြီးပြည့်စုံသောမထိုက်မတန်သောအင်တာဗျူးကိုပြသရန်သင့်အခွင့်အလမ်းဖြစ်ပါသည်, သတိရပါ။ သင်သည်လက်ျာအားသာချက်နှင့်လက်ျာကျွမ်းကျင်မှုရှိသည်။ ဤအအားသာချက်ကဒီအထူးသဖြင့်အလုပ်အကိုင်အဖို့တိုက်ရိုက်ချိတ်ဆက်ဘယ်လိုမှတ်စုလုပ်ပါ။ဒီနေ့ နေ့လည်ဘက် ထိန်ပင်သုသာန်ရှိ ဧက ၁၀၀ ကျယ်တဲ့ မီးလောင်နေသော အမှိုက်ပုံကို မီးငြိမ်းနေတဲ့ မီးသတ်ရဲဘော်များအတွက် နေ့လည်စာလေး သွားရောက် လှူဒါန်းခဲ့ပါတယ်။
ပေါင်မုန့်များ ပူတင်းများ ဘီစကစ်များ ရေသန့်များ ဖရုံယိုများ အအေးပုလင်းများ ကိတ်မုန့်များ ကြက်ဥပြုတ်များ ကွမ်းယာများ အပြင် ထမင်းနှင့် ကြက်သားကြော်များကို လည်း လှူဒါန်းပေးခဲ့ပါတယ်။
မီးလောင်ပြင်ဟာ ဟိုနေရာ သည်နေရာ လောင်နေပြီး မီးခိုးတွေ အများကြီးပဲ အူနေတုန်းပါပဲ။
မီးသတ်နေတဲ့ ရဲဘော်များဟာ တကိုယ်လုံး ဖုန်အလိမ်းလိမ်းနဲ့ အတော်ကို ပင်ပန်းနေကြပါပြီ။
ထမင်းလည်း မစားရသေးပါဘူးတဲ့။
နာရီကို သတိရပြီး ကြည့်လိုက်တော့ နေ့လည် ၂ နာရီ ဖြစ်နေပါပြီ။
အဆာလွန်နေရှာမှာပေါ့လေ။
" ကျွန်မတို့က ရေလာလှူတာ " လို့ ဆိုတော့ နေပူပူထဲကနေ အားရဝမ်းသာနဲ့ ရေဘူးတွေယူပြီး ပြေးလာသောက်ကြပါတယ်။
တစ်ယောက်ကို ၃ ဘူးလောက်ကို အားရပါးရ သောက်ချလိုက်တဲ့ ပုံက သူတို့ ခန္ဓာကိုယ်က ဘယ်လောက် ပင်ပန်းပြီး ရေလိုအပ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။
ထမင်းနဲ့ ကြက်ကြော်လည်း စားကြတာ လက်မလည်ပါဘူး။ ကိုယ့်ဆာလောင်နေတဲ့ ဝမ်းမီးထက် အခု လောင်နေတဲ့အမှိုက်မီးက ပိုကြီးနေတော့ ဆာလောင်တာတွေလည်း သူတို့ သတိမထားမိတော့တာပါ။
ထမင်းစားရတာတော့ တော်တော်ဒုက္ခရောက်ပါတယ်။
အမှိုက်နံ့ မီးခိုးနံ့တွေအပြင် အရိပ်အကာမရှိတဲ့ နေပူပူထဲမှာ မတ်တပ်စားကြရတာပါ။
မီးသတ်ကားတွေ ဘေးကနေ ဖြတ်သွားတိုင်း ဖုန်က အလုံးလိုက်ထတာကြောင့် ထမင်းလုတ်တွေက ပါးစပ်ထဲ မရောက်ခင် ဖုန်တွေ ကပ်ကုန်ပါတယ်။ အဲ့တာကိုပဲ ဆာဆာနဲ့ စားကြရပါတယ်။ နေရာတိုင်း ဖုန်တွေနဲ့ဆိုတော့ ရှောင်လို့မှ မရတာ ဘာတတ်နိုက်ပါ့မလဲ။ အရမ်းဆာလောင်နေတော့လည်း ဒါတွေကို ရှောင်မနေနိုင်တော့ပါ။
မီးသတ်ပိုက်ခေါင်းကိုင်ပြီး အမှိုက်ပုံပေါ် မတ်တပ်ရပ်လို့ ရေဖျန်းနေတဲ့ရဲဘော်လေး တစ်ယောက်လည်း Duty လဲပြီး အလှည့်ကျ လာစားကြပါတယ်။ သူ့လက်ကို ရေဘူးလေးနဲ့ ဆေးတော့ အမှတ်မထင် တွေ့လိုက်ရတာက လက်ဖမိုးပေါ်က နီရဲနေတဲ့ မီးလောင်ဒဏ်ရာတွေပါ။ နာလွန်းတော့လည်း လက်တွေက တုန်နေပါတယ်။
အားလုံးဟာ နေပူခေါင်ထဲမှာ မီးပူဒဏ်ကို ၄ ရက်လောက် ခံစားရတာကြောင့် မျက်နှာတွေဟာ နီပြီး စပ်နေကြသလို မဲသဲနေတာပါပဲ။ တကိုယ်လုံးလည်း ဖုန်တွေအပြည့်ပါပဲ။ ဒီလိုတွေ မီးလောင်ပြင်မှာ ပေးဆပ်နေကြတာကို မြင်မိပြီး ကိုယ်ချင်းစာမိသလို စိတ်မကောင်း ဖြစ်မိပါတယ်။ ကိုယ့်မျက်နှာတွေလည်း နီပြီး ပူစပ်နေတာပါ။ နေပူခေါင်ထဲမှာ တစ်နာရီလောက် ကြာလာတော့ ခေါင်းလည်း အင်မတန် ကိုက်ပါတယ်။ ကိုယ်တွေတောင် လက်ကို နဲနဲလေး အပူလောင်ရင်တောင် နာတတ်လိုက်တာဆိုတာ ဆေးတွေ ပြေးထည့်ရ သွားတိုက်ဆေးအုံရနဲ့ ။ သူတို့ခမျာ နာကျင်ပင်ပန်းနေတာတောင် မီးသတ်ပိုက်ခေါင်းကို လွှတ်မချပဲ မီးဆက်သတ်နေခဲ့တယ်လေ။ ပြီးတော့ အဆိုပါ ရဲဘော်လေးလည်း ထမင်းကို စားလိုက်တာမှ ခေါင်းတောင် မဖော်ပါ။
" ဒီမှာ ကွမ်းယာတွေလည်း ပါတယ်နော်။ " လို့ ပြောတော့ " ကျေးဇူးပါ အစ်မရယ် " ဆိုပြီး စားရှာပါတယ်။ ပြီးတာနဲ့ အချိုရည်ပုလင်းကို အသဲအသန်မော့ချလိုက်ပြီး မီးလောင်ပြင်ထဲ မီးခိုးငွေ့တွေကြားထဲ ချက်ချင်း ပြန်ဝင်သွားကြပါတယ်။ တာဝန်အရဆိုတာထက် သူတို့လေးတွေရဲ့ ပြည်သူတွေအပေါ် ထားတဲ့ မြူမှုန်လေးတောင် မထိခိုက်စေချင်တဲ့ သူတို့ရဲ့ ဖြူစင်တဲ့ စေတနာလေးကို စာတစ်ကြောင်း စကားတစ်ခွန်းနဲ့တောင် ဖော်ပြလို့မရအောင် လေးစားမိပါတယ်ရှင်။
ဒီနေ့ဆိုရင် ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ မီခိုးငွေ့တွေ ဖုံးလွှမ်းနေတာ အသက်ရှူရတာ တဖြည်းဖြည်း ခက်ခဲလာတာ အခြေအနေဆိုးတာကို မိဘများလည်း မျက်မြင်ကိုယ်တွေ့ ကြုံနေရမှာပါ။ မနေ့က ဆိုရင် လှိုင်သာယာမှာ အသက်ရှူ မဝလို့ မူးလဲကျလို့ ဆေးရုံတင်ရတဲ့သူတွေတောင် ရှိပါပြီ။ မီးသတ်ရဲဘော်များရဲ့ ၄ ရက်ဆက်တိုက် ကြိုးစားပမ်းစား နေ့ည မနားပဲ မီးသတ်မှုကြောင့် မီးကို ကောင်းစွာ ထိန်းနိုင်ပြီး သိပ်မကြာခင် ရက်မှာ ငြိမ်းသတ်နိုင်တော့မှာပါ။
ကျွန်မတို့ အိပ်ကောင်းခြင်း အိပ်ရဖို့ အသက်ဝအောင်ရှူရဖို့ သူတို့တွေခမျာ မအိပ်မနားပဲ မီးခိုးနံ့တွေ အမှိုက်နံ့တွေ အပူဒဏ်တွေ အံတုပြီး မီးသတ်နေကြတာမို့ မီးသတ်ရဲဘော်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဆိုတာလေး ပြောပါရစေရှင်။
ကျွန်မတို့အနေနဲ့ အများကြီး မတတ်နိုင်ပေမယ့် ကိုယ်တတ်နိုင်တာလေး လှူပေးတာပါ။ အားလုံး စုပေါင်းပြီး လှူဒါန်းပေးကြတော့ ဒီနေ့အလှူလေးဟာ ပြည့်စုံခဲ့ပါတယ်ရှင်။
စေတနာရှင်များ ပီတိဖြစ်ရအောင် ပုံလေးတွေနှင့်တကွ တင်ပေးလိုက်ပါတယ်နော်။

ဒီအလှူလေးအတွက် လှူဒါန်းပေးသူများစာရင်းကိုလည်း ဒီကနေပဲ တင်ပေးလိုက်ပါတယ်ရှင်။ စာရင်းများ ကျန်ရှိနေခဲ့ပါကလည်း နားလည်ပေးပါလို့ အနူးအညွှန့်တောင်းပန်ပါတယ်ရှင်။

  • ဦးထွန်းထွန်း + ဒေါ်သင်းသင်းစိုး ( ရွှေပြည့်ငွေလျှံ အမွှေးတိုင် မိသားစု ) မှ T.Good တံဆိပ် ပင်ပွားအအေးပုလင်း ၂၈၈ လုံး

  • မတင်ယုခိုင်မှ ၃ သောင်းကျပ်

  • မခိုင်ဇာခြည်ဝင်းမှ ၃ သောင်းကျပ်

  • မနိုင်နိုင်ယဉ်မှ ၃ သောင်းကျပ်

  • CQHP Group အထပ်မြင့်အိမ်ရာ အဆောက်အအုံ ကြီးကြပ်ရေး ပညာရှင်များအဖွဲ့မှ မှ ၇ သောင်းကျပ်

  • ဦးဖိုးအောင်မှ ကြက်ဥ ၉၀ လုံး

  • ဦးမြင့်စိုး မိသားစုမှ ကြက်ဥ ၃၀ လုံး

  • မနုနုအေးမှ ကြက်ဥ ၃၀ လုံး

  • မအေးအေးခိုင်မှ ၆ သောင်းကျပ်

  • Swe Lei မှ ရေသန့်ဘူး ၂၆ ကဒ်

  • မချယ်ရီ ( ခ ) မကြည်ကြည်ဝင်း ( ထိုင်ဝမ် ) မှ ၁ သောင်းကျပ်

  • Nann Htet Aung မှ ၃ သောင်းကျပ်

  • Tin Yu Khine မှ ၃ သောင်းကျပ်

  • Lily Chan မှ ၄ သောင်းကျပ်

  • မအိအိခိုင်မှ ၁ သောင်းကျပ်

  • မသန္တာမှ ၂ သောင်း ၅ ထောင်ကျပ်

  • Tin Thet Thet Han မှ ၃ သောင်းကျပ်

  • အန်တီမြမိုးဇင်မှ ၁ သောင်းကျပ်

  • ကိုဝေကျော်မင်း ( မန်းလေး ) မှ ၁ သောင်းကျပ်

ယခုလို လှူဒါန်းပေးဖို့ ပါဝင် ကူညီ လှူဒါန်းအားဖြည့်ပေးသူများကိုလည်း ရွှေရောင်နှလုံးသားအဖွဲ့မှ ကျေးဇူးတင်ပါတယ်ရှင်။ အလှူရှင်များအားလုံးလည်း ကျန်းမာ ချမ်းသာပြီး စီးပွားတွေလည်း တိုးတက်ပါစေ။ အေးချမ်းပျော်ရွှင်ကြပါစေရှင်။

Edit ### ယနေ့လည်း ထပ်သွားလှူပါမည်။ အလှူပါဝင်လိုသူများ မနှင်းဆီမြင့် Ph 09250359044 သို့ ဆက်သွယ်ပေးနိုင်ပါတယ်။ ဘဏ်ကနေ လွှဲမယ်ဆိုရင် KBZ ATM acc 999 307 999 067 33701 ပါ။ ငွေလွှဲပြီးပါက Ph 09250359044 သို့ အလှူရှင်နာမည် ငွေပမာဏနဲ့ မီးသတ်ရဲဘော်များအတွက်ပါဆိုပြီး SMS ပို့ပေးပါရှင်။ ဖြတ်ပိုင်းလေးတွေကိုလည်း Messenger ကနေ ပို့ပေးလို့ရပါတယ်ရှင်။

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center