သဘောကျမိသော

မိတ်ဆွေအပေါင်း နေတွေကောင်းကြပါစ။
နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။
သားမောင်သည်လည်း နေကောင်း၊ကျန်းမာ၊ စိတ်ချမ်းသာနေ၏။ image

လက်ထက်တော်ကြီးမှာ အထူးအဆန်းတွေ မကြာခနကြားသိရသည်။
မြန်မာပြည်နိုင်ငံရေးရေချိန်အရ ငြိမ်းချမ်းရေးကိုတောင် အလုအယက်ဆိုသလို လုပ်နေရ၏။
ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံက ကြိုးပမ်းရာမှာ စကားဝိုင်းလုပ်တာက ပိုလို့တောင် အရေးကြီးနေလေသလား။
ထိုသည့်အတွက် မြောင်းမြမှာ မာမားကိုယ်တိုင် စကားထိုင်ပြောသည်။
စကားဝိုင်းဆိုသည့်အတွက် လက်နက်စွဲကိုင်ထားသူများနဲ့ စကားတွေပြောတာလည်း မဟုတ်ပြန်ပါလား။
တိုက်ပွဲဖြစ်ပွားသည့်နီးစပ်သည့်နေရာမှာ မဟုတ်တာလဲ ထူးဆန်းသည်။
ငြိမ်းစကားဝိုင်းမှာ ဘုန်းတော်ဘွဲ့တွေ တန်းစီရွတ်တာတော့တူညီကြ၏။
လက်နက်ကိုင်တွေနဲ့ ထိုင်စကားပြောတာက ပိုစတိုင်ကျနိုင်သလား။
အနည်းဆုံး တိုက်ပွဲနယ်မြေက ပြည်သူတွေနဲ့ ပြောသင့်ပါသည်ပေါ့။

ငြိမ်းချမ်းရေးစကားဝိုင်းမှာ သားမောင်တို့အတွက် ထူးဆန်းသည့် အဖြေစကားလည်း ကြားသိရသည်။
ကျန်းမာရေးကိစ္စဘက်အလှည့်မှာ ကျန်းမာရေးဝန်မင်းကြီးက ထ အဖြေမှာ သားတို့ သိကြရတာပေါ့။
သူ့အဖြေအရ ကင်ဆာရောဂါကုသဆေးမှအပ ကျန်သည့်ဆေးဝါးများ ပြည့်စုံလုံလောက်လွန်းနေလေသလား။
ပြည်စုံလွန်းသည့်အတွက် တစ်ရံတစ်ခါမှာ သက်တမ်းလွန်အဖြစ်တောင် ရောက်သွားတတ်သေးသည်တဲ့။
ထိုသည့်အဖြေစကားပါသည့်သတင်းအောက်မှာ မှတ်ချက်တွေ ပလူပျံနေ၏။
အသိအမှတ်ပြုသည့်အရာအဖြစ် ဟဟ တွေလည်းမနည်းလှပါ။
သားကတော့ အစိုးရမင်းများ ပိုကြည်ငြိုသွားသည်လို့သာ ပြောကြားလိုပါသည်။

ငြိမ်းချမ်းရေးစကားဝိုင်းကအပြန်မှာ လုံခြုံရေးတွေ ချွေးပြန်သွားတာလည်း သားတို့ကြားသိရသည်။
မာမားယာဉ်တန်းအား တားဆီးပြီး စာလိုက်ပေးသူရှိသည်မဟုတ်လား။
ရည်းစားစာမဟုတ်သည့်အတွက် ပြသနာအကြီးကြီးတော့ မတက်ပါ။
သားဖြစ်သူ မီးလောင်သေဆုံးခဲ့သည့်ကိစ္စ သူခံစားရတာကို သိရှိအောင် လိုက်ပေးတာလို့ သားတို့ကြားသိရ၏။
လွန်လေသည့်နှစ်က သူ့သားနေသည့်ဘော်ဒါဆောင် မီးလောင်ရာမှာ သူ၏သားက မီးလောင်ဆုံးရှုံးခဲ့ရတာလို့ သိရသည်။
သူ့အပြောအရ လူသတ်၊ ဖျောက်ဖိက်တာလို့ ဆိုပြန်သလား။
တရားရုံးမှာ တရားမျှတမှု နည်းပါးနေပါသည်လို့လည်း သူကပြောခဲ့သေးသည်တဲ့။
ပြည်သူနှင့်အတူဆိုသည့်စာသား အလွတ်ကျက်မှတ်ထားသင့်ပါသည်။

သားတို့မြန်မာ ပြောင်းလဲချိန်တန်ပြီလို့ အများကဆိုကြသည်။
တလောလေးက စစ်တမ်းတစ်ခုမှာ မြန်မာပြည်မှဝန်ထမ်းလစာများ မက်မောစရာကောင်းသည်လို့ ညွှန်းဆိုပြသလား။
ယခုတစ်ဖန် IMF က လက်ထက်တော်ကြီးမှာ တိုးတက်မှုတွေ များလှသည်လို့ ဆိုနေပြန်၏။
မည်သည့်နေရာမှာ စစ်တမ်းယူခဲ့သည်လဲ မသေချာသော်ငြား ငွေကြေးဖောင်းပွမှုတောင် ကျသွားသည်တဲ့။
ပြည်ပကြွေးမြီတောင် ခပ်ယောင်ယောင်လေးသာ တိုးပါသည်လို့ ဆိုထားပြန်သေးသည်။
လက်တွေ့အခြေအနေမှာ သားတို့မြန်မာဘယ်လို အခြေအနေလဲ။
ငှက်တွေရပ်ကွက်မှာ ပလူပျံနေအောင် အောင်ပွဲခံနေကြပါသည်။
ဘောဘီဘောကစားကွက်ဆိုတာ သူတို့နားမလည်ဘူးထင်ပါသည်လေ။

မကြာမီကာလ သားတို့မြန်မာ နှစ်သစ်ကူးကာလ ရောက်တော့မည်ပေါ့။
လက်ထက်တော်ကြီးမှာ ဒီနှစ်တော့ စတိုင်တစ်မျိုးပြောင်းသလား။
လမ်းလျောက်သင်္ကြန်အဖြစ် နိုင်ငံအနှံ့အပြားမှာ ဆင်နွှဲကြမည်ဖြစ်သည်။
လိုအပ်ချက်အရ မဏ္ဍပ်တော့ ဆောက်ကြရသည်လေ။
ထိုသည့်အထဲ မန်းဌာနေကတော့ ကျုံးပတ်လည်မှာ မဏ္ဍပ်တွေ ဆောက်ကြ၏။
ထိုသည့်မဏ္ဍပ်များထဲမှာ ယနေ့ဓာတ်ပုံတစ်ပုံတက်လာသလား။
ကျုံးပေါ်မေးတင်ဆောက်ထားသည့်နောက်တွဲအခန်းမှာ သန့်စင်ခန်းလို့ အများက သိကြသည်ပေါ့။
ဖေ့စဘုတ်ထက်အခုလို ပေါ်ထွက်လာတာ စည်ပင်ကတော့ ဘာမှရှင်းလင်းပြတာ မလာသေးပါ။
ကျုံးရေဆိုတာ မန်းသူ၊ မန်းသားတွေအတွက် သုံးရေဆိုတာတော့ သိကြမည်လို့ သားထင်ပါသည်လေ။

သားရေကြိုးတစ်ပြားများ မြန်မာကို ဂြိုလ်မွှေတာ အခုထိ မပြီးသေးပါ။
သူတို့မြန်မာပြည်အတွင်း ၀င်ရောက်သောင်းကျန်းမှုအလွန်မှာ မြန်မာအတွက် သောကတွေ ဇယ်ဆက်နေအောင် ပေးခဲ့၏။
အင်းဒင်ကျေးရွာမှာကျ ခွေးမသားတစ်ချို့အား သားတို့တိုင်းရင်းသား တွေနဲ့ လုံခြုံရေးတွေက ဖမ်းဆီးရမိခဲ့ဖူးသည်။
ဖမ်းဆီးသည့်ကာလ နာကျည်းချက်အခံကြောင့် လုပ်ထုံးအရလွဲမှားစွာ ဆုံးဖြတ် လုပ်ကိုင်ခဲ့ကြသလား။
ထိုသည့်ကိစ္စအတွက် မြန်မာအာမီမှ တာဝန်ရှိ အရာရှိ၊ စစ်သည်များ ယနေ့ထောင်တွေ ကျကြ၏။
တပ်မတော်မှ ရှုံ့ချထုတ်ပစ်သည်သာမက အရပ်ထောင်မှာ
ထောင် ၁၀ နှစ်စီပါ အချခံကြရသည်ပေါ့။
နည်းလမ်းအရ ထောက်ခံတာ မလုပ်သော်ငြား အခုလိုထောင်အချ ခံရတာ သားလုံးဝ စိတ်မကောင်းပါ။

ယနေ့အတွက် သတင်းတင်ဆက်တာ နားချိန်ရောက်ပြီထင်ပါသည်။
မနားသေးမီကာလ တောင်းပန်ကြောင်းလည်း ပြောပြချင်၏။
မနေ့ဆီက သားမောင်အလုပ်တွေများသည့်အတွက် စာရေးတင်ပြတာ ပျက်ကွက်သည်ပေါ့။
နားလည်မှုအရ ခွင့်ပြုကြမည်ထင်ပါသည်။
ယနေ့မှာ ပြန်ပြီး ရေးပြထားသည်မဟုတ်လား။
နောက်တစ်နေ့မှာ ပြန်ဆုံကြပါဦးမည်။
ကျေးဇူးတင်ပါ၏။

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency