စပ်ဆေးအန္တရာယ်

Words
413
Reading
2 min
Listen
Play
8y

Dr. Myat Moe Kyi, AD at FDA Myanmar ရဲ့အသိပညာပေး post လေးက အများပြည်သူ အတွက်ရော ဆေးဝါး ကိုလေ့လာသင်ကြားနေသူများအတွက်ပါအကြိုးရှိ လှပါတယ်။
ကျွန်တော်တို့နိုင်ငံ မှာ ဆေးဝါး ဆိုင်ရာမှားယွင်းမူများ Medication error များ၊ Medication abuse ဆေးဝါးအလွဲသုံးစားမူများ ကြောင့် ကျန်းမာရေး ကုန်ကျစရိတ်များအပြင် ပြည်သူများအတွင်း ဆိုးဝါးတဲ့ ကျန်မာရေး ဆိုင်ရာ အကြိုးဆက်များ ကြုံတွေ့ရလျှက်ရှိပါတယ်။
ဆေးဝါး ရောင်းချမူ သင်ကြားပြသ ပေးသူများ၊ သင်ယူသူများအနေနဲ့ မိမိတို့ ၏ ကျင့်ဝတ်များ ၊ဆောင်ရွက်နိင်မဲ့ အတိုင်းအတာတို့ကို စနစ်တကျ သင်ကြားသင်ယူသင့်ပါတယ်။ Legal နှင့် Ethical ကိုနားလည်ထားဖို့အလွန်အရေကြီးပါတယ်။
ဆရာမ မြတ်မိုးကြည် ရဲ့စာရေးသား ကျွမ်းကျင်မူနဲ့ ရှင်းလင်းစွာ အသိပညာပေးမူများက စာဖတ်သူများအတွက် စပ်ဆေး၊တွဲဆေး များရဲ့ အန္တရာယ် ကို ဆိုးရွံ့စွာ ဖတ်သားနေရပြီး အဆုံးမှာတော့ ကျန်းမာရေး industry ရဲ့တွေးစရာလေးတွေကို ဟာသနှောပြီးချန်ထားခဲ့ပါတယ်။
The Golden Lotus Academy thanks to Dr.Myat Moe Kyi for great post.


စပ်​​ဆေး တွဲ​ဆေး​တွေရဲ့ သ​ဘော


၁. ​ဈေး​ပေါ​သော ​ဆေးဝါးကို သုံးပါမယ်
၂. ​ရာ ဗူး ​ထောင်​ ဗူး (သို့ မ ဟုတ်​ ).အလွတ်​ဝင်​လာ​သော​ဆေးအထုပ်​များ မှ ​ဆေးကို သုံးပါမယ်
၃. သက်​တမ်းလွန်​​ဆေးဝါး၊ ​ရောင်းမကုန်​​ဆေးဝါး၊ လွင့်​ပစ်​​ဖျက်​စီးပစ်​ရန်​ န​မြော​သော ​ဆေးဝါးကို သုံးပါမယ်
၎. စံမညီ ​ဆေးဝါးအတုများ ပါရှိ​နေနိုင်​ပါတယ်
၅. ​ရောဂါလက္ခဏာ၏ ပင်​မဇစ်​မြစ်​ကို မကုသနိုင်​ပဲ ချက်​ချင်း လက်​ငင်း သက်​သာ​စေမဲ့ အပြင်းစား​ဆေး ကို သုံးပါမယ်
၆. ဖြစ်​​နေတဲ့ ​ရောဂါလက္ခဏာ ​တွေကို ချက်​ချင်း သက်​သာသွား​စေမဲ့ မမြင်​​အောင်​အုပ်​ပစ်​လိုက်​မဲ့ ​ဆေးဝါးများကို ထည့်​သုံးထားပါမယ်
အဲ့ဒီ​တော့ ကြည့်​လိုက်​ရင်​ အန္တရာယ်​ဘယ်​​လောက်​များလဲ မြင်​နိုင်​ပါမယ်​.. စပ်​​ဆေး ယဉ်​​ကျေးမှု သဖွယ်​ ...လိုင်း​ဆေး ​ခေါ် လိုင်​စင်​မဲ့​ဆေးဝါး​တွေနဲ့ ​ဆေးဝါး​ဈေးကွက်​ကြီးရယ်​.. ထို​လောကကြီးထဲ ရှင်​သန်​ခဲ့ကြရတဲ့ ကျမတို့တစ်​​တွေ .. ဘယ်​သူ့​ကြောင့်​ဆိုတဲ့အပြစ်​ကို​တော့ မရှာလို​တော့ပါ... ​တွေးမိသူတိုင်း အမှန်​မြင်​နိုင်​ပါတယ်​..ဒါ​ပေမဲ့ မှား​နေတဲ့ အမှားကြာလာ​တော့ အမှန်​ဖြစ်​..ဒီလို နဲ့ ​ရေတိမ်​နစ်​ရမဲ့ဘဝ​တွေ မရှိ​စေချင်​​တော့ပါ..
မှား​နေတာကို အမှားပါလို့ အကြိမ်​ကြိမ်​ ​ထောက်​ပြပြီး အမှန်​လမ်းကို သမာသမတ်​ကျကျ သိက္ခာရှိစွာ
လျှောက်​လှမ်းနိုင်​ဖို့ ​ဆေးဝါး​ရောင်းချသူ​တွေကို ပညာ​ပေး​တွေ များစွာလုပ်​ခဲ့ပြီး လုပ်​​နေဆဲ..ဆက်​လက်​လုပ်​​ဆောင်​​နေဆဲ.... အ​ရေးယူမှု​တွေနဲ့ စည်းကမ်းများထိမ်းသိမ်းမှု​တွေ နဲ့ အတူပါ... ဆက်​လုပ်​သွားကြမှာပါ..
စပ်​​ဆေး ​ခေါ် တွဲဆေးဟု ခေါ်ကြသော ​ဆေးဝါး​ရောင်းချသူ​တွေမှ ဆေးလာဝယ်သူပြောပြသော ​ရောဂါကို နား​ထောင်​ပြီး ကြုံသလို စု​ပေါင်း တွဲစပ်​​ပေးလိုက်​ခြင်း ​ဆေးကုသခြင်းများ ရပ်​ချိန်​တန်​​နေပါပြီ....
မြို့နယ်​​တွေပညာ​ပေးသွားကြရင်း ... ​ရောက်​တဲ့မြို့မှာ ​နေ​မကောင်းလို့ ဗိုက်​နာလို့ ဝမ်း​လျောလို့ အန်​လို့ အစရှိသည့်​ လက္ခဏာ​တွေ ​ပြောပြလိုက်​ရင်​ ​ဆေးဆိုင်​တိုင်းက ​ဆေး​တွေစုစပ်​ပြီး ၃ ထုပ်​စာ​ရောင်းလိုက်​တာပါဘဲ ဝယ်​လို့ရ​နေတာပါဘဲ . .. တချို့ဆို ရယ်​ဒီမိတ်​ အထုပ်​ထုတ်​ပီးသား.... ထူးခြားတာက Antibiotics လို့​ခေါ်တဲ့ ပဠိဇီဝပိုးသတ်​​ဆေး မပါတဲ့ ​ဆေးထုပ်​မရှိပါဘူး...ဒါဆို ​ဆေးဝါး​ရောင်းချသူ​တွေက ​ဆေးဝါးကျွမ်းကျင်​ပညာရှင်​ ( Pharmacists) ​တွေလား ... ​ပေးလိုက်​တဲ့​ဆေး​တွေက ဆရာဝန်​ညွှန်​ကြားချက်​မလိုတဲ့ OTC ​တွေလား....
ဝေးပါ​သေးတယ်​ ....
ဆေးဝါး​ရောင်းချဆိုင်​ကြီးကြပ်​သူသည်​ ​တက္ကသိုလ်​ဘွဲ့ရဖြစ်​ရမည်​ လို့ ​ပြောထား​သောငြား..
ဆေးလာဝယ်​သူကို ​ဆေးထုတ်​​ရောင်းတဲ့သူက​တော့ .... တခါတရံ က​လေး​လေး ၁၂- ၁၃ နှစ်​အရွယ်​..
ဒါနဲ့​ပဲ အဲ့ဒီ လို လိုက်​ဝယ်​ခဲ့တဲ့ အထုပ်​​တွေ ကြည့်​လိုက်​တယ်​... အကိုက်​အခဲ​ပျောက်​​ဆေး အပြင်းစား ၃ မျိုးနဲ့ စတီးရှိုက်​ (corticosteroid) လို့​ခေါ်တဲ့ မင်းသားကြီးက မပါမဖြစ်​... ( ​ရောင်​စုံ ပုံစံ အစုံ) ပီး​တော့ ​လေ​ဆေးလို့​ခေါ်တဲ့ MOM သို့ Antacid အ​ပေါစား​လေး တစ်​လုံး...
ဝယ်​လို့ရထားတဲ့ ​ဆေးဝါးအထုပ်​ နမူနာ ​လေး​တွေ ​အောက်​ကပုံ​လေး​တွေမှာပြထားပါတယ်​....
ကြည့်​ပြီးရင်​ ရင်​သပ်​ရှု​မောဖွယ်​​ပေါ့..
အခု​ရေးပြထားတာမျိုးနဲ့ အလားတူ တံဆိပ်​မျိုးစုံနဲ့ အထုပ်​က​လေး​တွေ .. နယ်​ဘက်​ကသူ​တွေ မ​သောက်​ရမ​နေနိုင်​ကြတာ​လေး​တွေ...ဒါ​လေး​တွေရဲ့ပြသနာ ​နောက်​ဆက်​တွဲက အလွန်​များလှပါတယ်​.. ကုသ​ရေးဘက်​မှာ လူနာ​တွေပုံလာတယ်​.. နာတာရှည်​ အသည်းနဲ့ ​ကျောက်​ကပ်​​ရောဂါ​တွေ များလာတယ်​.. ရုတ်​တရက်​ အစာအိမ်​​သွေး​ကြော​ပေါက်​ကုန်​တယ်​.... စတီးရှိုက်​​ဆေး​တွေ မလိုအပ်​ဘဲ​နေ့စဉ်​သုံးထား ​သောက်​ထား​တော့ အဲ့ဒီ ​ဆေးရဲ့ ​ဘေးထွက်​ဆိုးကျိုး​ရောဂါတွဲကြီးက ဆက်​တိုက်​ ဖြစ်​လာတယ်​... တကယ်​အသက်​ကယ်​ဖို့ လိုလာတဲ့အချိန်​ ​ဆေး​တွေမတိုး​တော့ မလိုအပ်​ဘဲ အသက်​ဆုံးရှုံးရတယ်​...
.​ဆေး​တွေကို ​သောက်​ရမှာမ​ကြောက်​ လွယ်​လင့်​တကူ ဝယ်​​သောက်​ကြ​တော့ လိုင်​စင်​မဲ့ ​ဆေး​ဈေးကွက်​ကြီးက ပိုကြီးလာတယ်​.. ပညာကိုဆုံးခမ်းတိုင်​​အောင်​ မသင်​လိုဘဲ ​ဆေး​ရောင်းရင်​ သ​ဌေးဖြစ်​တယ်​ဆိုတဲ့ အ​တွေး​တွေ များလာတယ်​..​ဆေးဝါးအတု​တွေ ​စံမညီ ​ဆေးဝါး​တွေကို လွယ်​လွယ်​​လေး လက်​ခံတဲ့ နိုင်​ငံကြီးဖြစ်​လာခဲ့တယ်​... အတုကို သိသိကြီးနဲ့ ​ဈေး​ပေါ​ပေါနဲ့ဝယ်​ လိုင်​စင်​ရှိ​ဆေးအတိုင်း လိုက်​​ရောင်းတယ်​.. အမြတ်​ကြီးကြီးစားလာကြတယ်​.. ကုသိုလ်​ရ​အောင်​ လူ​တွေကုတဲ့ ​ဆေးဝါး​တွေ ​ရောင်း​နေရင်း သိသိနဲ့ဘဲ လူသား​တွေ ဒုက္ခ ​ရောက်​​အောင်​ ​ဆေးတိုက်​ပြီး လူ့ကျန်းမာ​ရေး​တွေ ပျက်​စီးလာ သက်​တမ်း​တွေတိုကုန်​​အောင်​လုပ်​​နေတဲ့ ​နေရာတစ်​ခု ဖြစ်​ဖြစ်​လာတယ်​...
ဒီလိုကြီးမားတဲ့ ပြသနာ ​တွေကို ကျမတို့ ကျန်းမာ​ရေး ​လောကသား​တွေအ​နေနဲ့​ရော.. ​ဖြေရှင်းတဲ့​နေရာမှာ ပါကြရဲ့လား...
၁. GP ဆရာဝန်​က ​ဈေးသက်​သာတဲ့ လိုင်​စင်​မဲ့​ဆေးဝါး​တွေ ဝယ်​ချင်​​နေ​သေးလား ဆက်​သုံးချင်​​နေ​သေးလား
၂. ​ဆေးဝါး​တွေညွှန်​ကြားတဲ့​နေရာမှာ ဘာ​ဆေးကို ဘာ​ကြောင့်​​သောက်​ရတယ်​ လို့ လူနာ​တွေကို ဘယ်​အတိုင်းအတာအထိရှင်းပြမိလဲ
၃. မလိုအပ်​ဘဲ ပဠိဇီဝ​ဆေး​တွေ ထည့်​သုံးမိ​နေပီလား
၎. ​ဆေးဝါး​တွေရဲ့ ​ဘေးထွက်​ဆိုးကျိုး​တွေကြုံရတဲ့အခါ သက်​ဆိုင်​ရာကို သတင်း​ပေးပို့ဖြစ်​ရဲ့လား
၅. ​ကော်​မရှင်​ နဲ့ လက်​​ဆောင်​ပို​ပေးတဲ့ ​ဆေးကုမ္ပဏီရဲ့ ​ဆေးဝါး​တွေကို ​ဈေးကြီး​နေလဲ လူနာ​တွေကို ညွှန်​ကြားမိ​နေလား
၆. မလိုအပ်​ဘဲ Generation နဲ့ price မြင့်​မှ ​ကောင်းတယ်​ဆိုတဲ့ အ​တွေး​တွေ များ​နေ​သေးလား
၇. ရမ်းကု​တွေ ကို ထိမ်းချုပ်​ဖို့ ​ကျေးရွာ အထိ ကျန်းမာ​ရေး ဝန်​ထမ်းနဲ့ အ​ခြေခံ​ဆေးဝါး​တွေ လုံ​လောက်​​အောင်​ ကြိုးစား​နေကြပီလား...
အစရှိတဲ့ ​မေးခွန်း​ပေါင်းများစွာ ​တွေးမိ​နေပါတယ်​ ...
တကယ်​​တော့ ဒီစာကို ဆရာဝန်​တ​ယောက်​ လစာက မ​လောက်​ငှလို့ ညပိုင်းထိုင်​​နေတဲ့ ​ဆေးခန်း... လူနာမရှိတဲ့အချိန်​မှာ ​ရေးဖြစ်​မိသွားတာပါ....
:-) :-) :-) image

စပ်ဆေးအန္တရာယ် | Ecency