ကျေးဇူးကမ္ဘာ

khant10(36)
Published in
#esteem
Words
57
Reading
1 min
9y
Listen to this post
~1 min

ခုချိန်မှာ ...
ငယ်ငယ်ကတည်းက မွေးနေ့မှာ ဘုရားသွား ဘုန်းကြီးဆွမ်းကပ် ... အသက် ( ၅ ) နှစ်သမီးအရွယ်ကတည်းက ရေစက်ခွက်ကိုင် ရေစက်ချတတ်အောင် သင်ယူစေခဲ့တဲ့ ...

ပညာရေးဆုံးခန်းမတိုင်ခင် အလှအပကိုဦးစားမပေးစေလို ... အချစ်ရေးဘက် စိတ်မယိုင်စေလို ထိန်းကွပ်ပြီးစည်းကမ်းကြီးပေးခဲ့တဲ့ ...
image
အမျိုးတွေဆီသွားရင် အလှူလုပ်လို့ ရွှေရောင် စိန်ရောင်တပြောင်ပြောင် သူများတွေတခမ်းတနားရှိချိန်မှာ မတောက်ပြောင်မှုတွေနဲ့ကိုယ့်ကို ဖေဖေ့သမီးပါလို့ ဧည့်သည်တွေကိုမိတ်ဆက်ပေးခံရတိုင်း သူများတွေတအံ့တသြရှိကြတာအတွက် အဲဒီ့အချိန်က ကိုယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်. ဒါပေမယ့် ... ခုနားလည်ချိန်မှာ ... ကိုယ့်ကို ဘဝထဲ ငြိမ်သက်စွာ ဖေဖေ နေစေလိုစေခဲ့တာသိနားလည်လာရတယ်. ကိုယ့်ကိုဘဝထဲ ရိုးသားငြိမ်သက်စွာရှင်သန်စေလို ...

ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
ရတာလေးနဲ့ ဝအောင်စား
ရှိတာလေးနဲ့လှအောင်ဝတ် စေချင်ခဲ့တဲ့ ...

ဖေဖေ့ကို သိပ်ကျေးဇူးတင်တယ် image

ကျေးဇူးကမ္ဘာ | Ecency