Day trading

khakha(30)
Published in
#esteem
Words
127
Reading
1 min
Listen
Play
8y

Day Trading အကြောင်းဆွေးနွေးတဲ့ထဲမှာ
ကိုယ်တွေလဲ ဆာပြောတာကို မှတ်သားထားရမယ်

ဒီနေရာမှာ မတူညီတဲ့ အမြင်တွေ ကွဲလွဲနိင်ပါတယ်..

Day trader တစ်ယောက်အနေနဲ့ Pro ဆန်ဆန် ကျင့်သုံးလိုက်နာနိင်ဖို့ အရမ်းကိုခက်ခဲပါတယ်..
အောင်မြင်အောင်လေ့ကျင့်နိင်ခဲ့ရင်လည်း Long term trader တွေထက်ကို အမြတ်အစွန်းပိုပြီးမျော်လင့်လို့ ရမှာပါ..
တော်ရုံပါရမီနဲ့တော့မရဘူးဗျာ..
Trader တွေရဲ့ 90% ဟာအရှုံးသမားတွေဖြစ်မယ်ဆိုရင်..
day trader တွေရဲ့ 98% လောက်ဟာ အရှုံးသမားတွေပဲ ဖြစ်လိမ့်မယ်..

Market ရဲ့ Noise ဖြစ်မှု့ကို လွန်ဆန်ပြီး Broker ရဲ့ ပါးပါးလှီးတာကိုကျော်ခွပြီး..

Swap % များတာကို ဥပေက္ခာပြုထားပြီး.. အောင်မြင်တဲ့ Day trader ဘဝကိုရောက်ရှိလာဖို့ဆိုတာ တော်ရုံပါရမီနဲ့တော့ မလွယ်လှပါဘူး။

ဘယ်လိုပဖြစ်ဖြစ် Beginner တွေအတွက်တော့ Day trading ကလုံးဝမသင့်တော်ပါဘူး..

အတက်အကျအရမ်းကို မြန်လွန်းတဲ့ Account balence အပေါ်မှာ..
Emotion ထိန်းချုပ်နိင်ဖို့..
Beginner တစ်ယောက်အနေနဲ့ မဖြစ်နိင်ပါဘူး။
အခွင့်အရေးခနခန ရတာမှန်ပေမယ့်..
စည်းကမ်းလိုက်နာမှု့မရှိရင် အဲ့ဒီ့အခွင့်အရေးတွေကပဲ ကောင်းကောင်း ဒုက္ခပြန်ပေးပါတယ်..

ကျွန်တော့ အမြင်အရတော့..

Trade သက်တမ်းရင့်ပြီး..
management နဲ့ Emotion ကိုပိုင်ပိုင်နိင်နိင် control လုပ်နိင်တဲ့ သူတွေအတွက်တော့..

Day trading သင့်တော်တဲ့ ရွေးချယ်မှု့တစ်ခုဖြစ်မှာပါ။

ကိုယ့်အခြေအနေကိုယ်မသိပဲ day trading ဝင်လုပ်နေရင်တော့ ဂွမ်းဖို့ပဲများပါတယ်..
အကိုစိုးမိုးတို့က.. Trade သက်တမ်းရင့်နေတဲ့သူတွေဆိုတော့.. ဘယ် Style လုပ်လုပ်အေးဆေးပဲ ဖြစ်မှာပါ။

hourly Chart တွေမှာ သူများတွေလုပ်နေတာကို အားကျတဲ့သူတွေက..
အဲ့ဒီ့လို အောင်မြင်နေတဲ့ ဘဝကိုရောက်ဖို့..
ဆယ်စုနှစ်တစ်ခုစာလောက် Back test လုပ်ရတယ်..
သေချာစီစစ်ပြီး လချုပ်နှစ်ချုပ် ရှုံးနိင်ခြေမြတ်နိင်ခြေတွေကို တွက်ထားရတယ်ဆိုတာ.. သဘောမပေါက်ပဲ.. ရူးကြောင်းကြောင်နဲ့ လိုက်လုပ်နေမှာကိုတော့ စိုးရိမ်ရပါတယ်။
image
Crd : လေလွင့် မိုးတိမ်

Day trading | Ecency