လေးစားပါတယ်

လူတစ်ယောက် မဖြစ်မနေ ပြုမူနေထိုင်သင့်သည့် အချက်( ၅)ချက်
━━━━━━━━━━━━━━━━━━━━━━━

(၁)အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းအောင်သင်ကြားပါ

အတတ်ပညာဆိုတာ
အတန်းပညာတစ်ခုတည်းမဟုတ်ပါ
အသိပညာ ၊ လူမှုက်ဆံရေးပညာ ၊
အကောင်းအဆိုးကို
ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို
မဖြစ်မနေ သင်ကြားတတ်မြောက်ထားသင့်တယ်။

(၂)အလုပ်တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်ပါ

အရွယ်ရောက်ပြီးဖြစ်တဲ့ ယောကျ်ားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချမ်းသာသာ ဆင်းရဲရဲ
အလုပ်တစ်ခုတော့ လုပ်သင့်ပါတယ်
အလုပ်ရှိမှ လူရာဝင်တတ်သလို
လူလေးစားယုံကြည်ခံရမှာပါ
အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုသလိုပဲ
အလုပ်လုပ်နေမှ ဂုဏ်တက်မှာပါ။

အလုပ်တစ်ခုလုပ်ဆောင်ရာမှာ
အကျိုးအမြတ်က ပထမ မဟုတ်ဘဲ
အတွေ့အကြုံနှင့် အောင်မြင်မူှတွေ ရရှိအောင်
အရင်ကြိုးစားပါ
အောင်မြင်မှုတွေရလာရင် အကျိုးအမြတ်က
ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။

(၃)စာဖတ်ပါ

အောင်မြင်နေသူတိုင်းက စာဖတ်ကြသလို
အောင်မြင်ဖို့ကြိုးစားနေသူတိုင်းအတွက်လည်း
စာပေက အလင်းရောင်ပါ။

စာပေသည် လူသားတိုင်းအတွက် အသိဉာဏ်တံခါးပေါက်ဖြစ်သလို
အမှားအယွင်းအနည်းဆုံးဖြစ်အောင်
ထိန်းကျောင်းပေးသော
သစ္စာအရှိဆုံး အဖော်မွန်ကောင်းပါ။

စာပေသည် အတွေးအခေါ်တို့ရဲ့
မီးရှုးတန်ဆောင်ဖြစ်သလို
စိတ်ပျက်အားငယ်နေသူတွေအတွက်
ဘေးထွက်ဆိုးကျိုးအနည်းဆုံး
အားဆေးတစ်လက်ပါ။

ရိုင်းစိုင်းနေသူကို ယဉ်ကျေးလာစေသလို
လမ်းမှားနေသူတွေကို လမ်းမှန်ရောက်အောင်
မရိုက်နက်ဘဲ ညင်သာစွာ
ဆုံးမပေးတဲ့ဆရာက စာပေပါ။

စာပေသည် စိတ်ဓာတ်ကောင်းများကို
မွေးမြူ ပေးသလို
ကောင်းနေတဲ့စိတ်ဓာတ်တွေကိုလည်း
ပိုကောင်းလာအောင်
နည်းလမ်းမှန်မှန် လမ်းပြပေးနိူင်တယ်။

(၄)မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များကို သိတတ်ပါ

ကိုယ့်ကို လူ့လောကကို ခြေချခွင့်ပေးခဲ့တဲ့
မိဘကျေးဇူးကို သိတတ်ခြင်းက
ကံဆိုးမှုများကို ပြေပျောက်စေပြီး
ကိုယ့်ကံကြမ္မာသေတ္တာကြီးကို ဖွင့်ပေးနိုင်တဲ့ Master key က မိဘနှစ်ပါးပါ။

မိဘကျေးဇူးသိတြတ်ပီး
ကျေးဇူးဆပ်နေတဲ့ သားသမီးတိုင်း
ဘယ်တော့မှ မဆင်းရဲတတ်သလို
ဒုက္ခရောက်နေခဲ့ရင်တောင်
ကယ်ဆယ်မည့်သူ အလိုလိုရောက်လာတတ်တယ်။

မိဘမျက်ရည်မကျအောင် ထားတဲ့သားသမီး
ပူလောင်မှုတွေက ရုန်းထွက်နိုင်သလို
ကိုယ် မိဘအလှည့်ရောက်လာရင်လည်း
သားသမီးကောင်းတွေ
ပိုင်ဆိုင်ရမှာ သေချာသလောက်ပါပဲ။
image
လူရယ်လို့ဖြစ်လာရင်
တစ်လုတ်စားဖူး သူကျေးဇူးဆိုသလို
ကိုယ့်အပေါ် ကျေးဇူးရှိသူများ ရှိနေပါလိမ့်မယ်
ကျေးဇူးရှင်များကို ကျေးဇူးမဆပ်နိုင်သေးရင်တောင်မှ
ကျေးဇူးမကန်းခြင်းက လူပီသသူတွေရဲ့ လုပ်ရပ်ပါ။

ကျေးဇူးရှင်များအပေါ် ကျေးဇူးသိတတ်ခြင်းက
ကိုယ့်အပေါ် ကျေးဇူးကန်းမည့်သူများ မရှိအောင်
ကာကွယ်ပေးတတ်သလို
ကိုယ်ထားခဲ့တဲ့ စေတနာတွေ အလကားမဖြစ်အောင်
တူသောအကျိုးပေးတတ်တာကလည်း နိယာမပါ။

(၅)ဘုရား တရားကို အမြဲ ဦးထိပ်ပန်ဆင်ပါ

လူ့ဘဝဆိုတာ ကျွန်တော်တို့လူသားတွေအားလုံး
​ခေတ္တခဏ နားခိုတဲ့ ဘုံတစ်ခုပါ။
သံသရာစက်ဝန်းထဲမှာ
ကျင်လည်နေသမျှကာလပတ်လုံး
ကျွန်တော်တို့ကို လမ်းပြပေးမယ့်
စစ်မှန်သော ၊ အတုမရှိသော
ဆရာတစ်ဆူတော့ လိုအပ်ပါတယ်။
image
အဲ့ဒီဆရာက ကျွန်တော်တို့ ကိုးကွယ်ယုံကြည်သော
အတုမရှိပုဂ္ဂိုလ် "ဘုရား" ပါ။
ဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့တဲ့
တရားတော်များကို
ဆည်​းပူး​လေ့လာ ကျင့်သုံးလိုက်နာရင်း
လူဖြစ်ရတာတန်အောင်
ကြိုးစားရမှာက ကျွန်တော်တို့ကိုယ်တိုင်ပါ။

အယူဝါဒ ဘယ်လိုကွဲကွဲ
မေတ္တာတရားကို အခြေခံပြီး
ဟောကြားထားတဲ့ အမှန်တရားများကို
ကျင့်သုံးလိုက်နာဆောက်တည်ရင်း
နောက်ဘဝများရှိခဲ့သော်
ယခုအခြေအနေထက်
များစွာမြင့်မားသော ဘဝတစ်ခုမှာ
ရှင်သန်ရပ်တည်နိုင်အောင် ပြင်ဆင်ထားရမှာက
ကျွန်တော်တို့ တာဝန်ပါ။
image
တိရစၧာန်​မှာလည်း တိရစၧာန်​တာဝန်ရှိသလို
လူမှာလည်း လူ့တာဝန်ဝတ္တရားဆိုတာ ရှိနေပါတယ်
အိပ်စားကာမ လုပ်ရုံနဲ့ လူပီသဖို့ မဖြစ်နိူင်သေးသလို
လူ့လောကအတွက် လူသားကောင်းကျိုးအတွက် ၊
ကိုယ့်အတွက် ၊ သံသရာအတွက်
အကောင်းဆုံးပြင်ဆင်နေထိုင်ပြီး
ထမ်းဆောင်ပါမှ လူဖြစ်ရတာ တန်လာပါလိမ့်မယ်။

လေးစားစွာဖြင့် ဇင်းနစ် မကွေး

Credit_ ဇင်းနစ် အတွေးရသစာစုများ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now