Affection

စာပေသည် အလွန်အရေးကြီးလှသည်။ ဘဝအတွက်
အလင်းရောင်ပေးနိုင်သည်မှာလည်း စာပေပင်ဖြစ်သည်။စာများများဖတ်ရပေမည်။
စာဖတ်ခြင်းမှ အလင်းရောင်များထွန်းတောက်နိုင်ပါမည်။
ကဗျာတစ်ပုဒ်နဲ့ တင်ပြပါမည်။
"စာဖတ်ခြင်းဖြင့် အလင်းယူ"
နေရောင်လရောင် အလင်းဆောင်၍
လူ့ဘောင်လောက အလင်းရ၏
ကြီးစွတန်ဖိုး သိစေကြ။
အလိမ္မာတွေစာမှာရှိလို့
အသိပညာတိုးပွားလာရေး
ဖြာဖြာသုတ ပြည်စုံကြရေး
ဘဝလူ့ရွာ အလင်းဖြာရေး
စာပေဖတ်မှတ် ပညာတတ်မှ
မြင့်မြတ်လူ့ဘောင် အလင်းဆောင်၍
အမှောင်ဖယ်ခွင်း ကောင်းဆိုးခြင်းကို
ဖြေရှင်းခွဲဝေနိုင်လိမ့်မည်
နေရောင်လရောင် အလင်းဆောင်၍
လူ့ဘောင်လောက အလင်းရလည်း
လောဘ ဒေါသ အဝိဇ္ဇာမှောင်
လင်းမဆောင်နိုင် လူ့ဘောင်လောက
မှန်သမျှကို ပညာ့အလင်း
ဆီမီးထွန်းမှ မှောင်ခြင်းမိုက်ခြင်း
ဖယ်ခွာခွင်းလျက် ကောင်းခြင်းဖြာဖြာ
ကောင်းကိုလာမည်၊ ပညာအလင်း

image
သက်ရှိသတ္တဝါမှန်သမျှ ခန္ဓာဝန်ထမ်းကြရတယ် ...
ခန္ဓာဝန်ထမ်းနေကြရသူချင်းအတူတူ ...
တစ်ပါးသူကြောင့် ...
ခြေထိုးခံရလား ?
တိုက်ခိုက်ခံရလား ?
ထိုးနှက်ခံရလား ?
ကုန်းချောခံရလား ?
ထောင်ခြောက်ဆင် လုပ်ကြံခံရလား ?
ဘယ်လိုဖြစ်ဖြစ် ...
ကိုယ့်ဦးတည်ရာ ' အာရုံစိုက်မှု ' မပျံ့လွင့်ဘဲ အေးဆေးတည်ငြိမ် ကိုယ့်လမ်းကိုယ်လျှောက်ရမှာပေါ့.

လိုသူရှိမယ် ...
မလိုသူရှိမယ် ...
လိုလို မလိုလို ဒါ ကိုယ့်အကြောင်းတရားမှ မဟုတ်တာ.
သူတို့စိတ်နဲ့ သူတို့မို့ ...
' စိတ် ' တွေကိုလိုက်ခံစားရင် ကိုယ်မောရုံဘဲရှိမယ်လေ. §

ငယ်ငယ်က စာကျက်တဲ့အခါ ...
အိမ်က TV ဖွင့်ရင် စာကျက်မရဘူး ...
အသံတွေဆူတယ်ပေါ့ ...
အဲဒီ့အသံတွေကို ' background noise ' အဖြစ် ခံစားလိုက်ပြီး ကိုယ်ကြည့်နေတဲ့စာအပေါ် ' အာရုံစိုက် ' ရင် ...
သိပ်ထူးခြားတာတွေ့ရတယ် ...
စိတ်ရဲ့တန်ခိုးအရ ဆူညံသံတွေ ဝေးသွားတယ် ...
ကိုယ့်စာအပေါ်မှာဘဲ စိတ်အာရုံရှိတော့တယ် ...
စိတ် ရဲ့ စွမ်းအားသိပ်ဆန်းကြယ်တာနော်.

ဘဝမှာလည်း ...
ချီးမွမ်း ၇ ရက် ... ကဲ့ရဲ့ ၇ ရက် ... ပတ်ဝန်းကျင်တစ်ခုက ပြောကြမှာဘဲ ...
ဟုတ်တာရော မဟုတ်တာရော ...
ကိုယ်ယိမ်းယိုင်သွားအောင် ...
ထိုးနှက်တဲ့အခါ ထိုးနှက်ကြမှာဘဲ.
image
ဘယ်တော့မှ ...
ကြားရသမျှ မြင်ရသမျှ အပြောခံရသမျှ လိုက်မခံစားဘဲ
' Background noise ' အဖြစ်ထားသင့်တာပေါ့.
ဘယ်တော့မှ ...
ထိုးနှက်တိုက်ခိုက်ခြေထိုးခံရတိုင်း ယိမ်းယိုင်ပြိုလဲ မသွားဘဲ
' Backgrounf noise ' တွေအဖြစ်ခံယူသင့်တာပေါ့.

ကိုယ့်ဦးတည်ရာပန်းတိုင် ...
မယိမ်းမယိုင် မပြိုလဲဘဲ ...
ကြံ့ကြံ့ခံစွာဆက်လျှောက်ရမှာပေါ့ ...
စိတ်ကြံ့ခိုင်မှုအားနဲ့ ' Background noise ' တွေကို ...
မကြားအောင်နေရင်း ... တွန်းဖယ်ရင်း ...
ရှေ့သို့ရွေ့ကြမယ်လေ ...
ဦးတည်ချက်မပျောက် လမ်းခရီးမထောက်ဘဲ ...
ကိုယ့်ရည်မှန်းရာပန်းတိုင်ဆီ လှမ်းလို့ချီကြရအောင်လေနော်.
ကိုယ့်ရည်မှန်းရာပန်းတိုင်ဆီ လှမ်းလို့ချီကြရအောင်လေနော်.
သူငယ်ချင်းတစ်ယောက်ကပြောတယ် ...
သူ့အမျိုးသားက အွန်လိုင်းမှာရှိတယ်. ဒါပေမယ့် ... သူတို့နှစ်ယောက်စကားမပြောဖြစ်ဘူး.
သူတို့ ချစ်သူ သက်တမ်း ၁၀ နှစ်ကြာပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ လက်ထပ်ခဲ့ကြတာတဲ့.
အဲ့လို မီးစိမ်းကနေ မခေါ်ပြောဘဲ အနေစိမ်းကြရင်း သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတယ် ...

၁၀ နှစ်ကျော်ကြာတဲ့ ချစ်ခြင်းတောင် စိမ်းသွားကြတယ် ...
တစ်ခါတစ်ခါ မီးစိမ်းတွေက အနေစိမ်းဘက်ပြောင်းတဲ့အခါ ...
တစ်ဘဝလုံးစာ ' သူစိမ်း ' တွေဖြစ်သွားကြတယ်ပေါ့နော်.

image
အလုပ်ဟု ဆိုခြင်းထက် ဘုရားသခင်စေခိုင်းသောအမှုဟု ကျွန်တော်ခံယူထားသော ကျွန်တော့်၏ အစောပိုင်း အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်စဉ် အခြားကုမ္ပဏီ တစ်ခုမှ ပို၍ သိသာများပြားသော လစာဖြင့် ရာထူးတစ်ခု ကမ်းလှမ်းလာသည်။ ထိုပြောင်းရွေ့မှုသည် ကျွန်တော့်မိသားစုအတွက် သေချာပေါက် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ကျွန်တော်က အလုပ်သစ်ကို လိုက်ရှာဖွေနေခြင်း မဟုတ်ဘဲ
လက်ရှိအလုပ်ကို ကျွန်တော် နှစ်သက်ပြီး ၎င်းသည် ခေါ်ယူ စေစားခံရသည့် အလုပ်ဖြစ်သည်မှာ သေချာသည်ထက် သေချာသည်။
သို့သော် ပိုက်ဆံ…။ အသက် ၇၀ ရှိပြီဖြစ်သော အဖေထံဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြသည်။ တစ်ချိန်က
ထက်မြက်ခဲ့သော အဖေ့၏အသိဉာဏ်မှာ နှစ်ကြာရှည်စွာ လေဖြတ်မှုကြောင့် နှေးသွားသော်လည်း အဖေ့၏ အဖြေက ပြတ်သည်။ “ပိုက်ဆံအကြောင်းပဲ ခေါင်းထဲထည့်မထားနဲ့လေ၊ မင်းဘာလုပ်မှာလဲ။”
ချက်ခြင်းပင် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ မိမိနှစ်သက်သောအလုပ်ကို စွန့်ခွာရခြင်း၏အကြောင်းရင်းက ပိုက်ဆံကြောင့် ဖြစ်နေသည်။ ကျေးဇူးတင်ပါတယ် အဖေ။
တောင်ပေါ်ဒေသနာ၌ ငွေနှင့် ငွေကို တပ်မက်ခြင်းအကြောင်းကို သခင်ယေရှု အလေးအနက်ပြောထားသည်။ ကြွယ်ဝချမ်းသာရန်အတွက် မဟုတ်ဘဲ “အသက် မွေးလောက်သောအစာ” (မဿဲ ၆း၁၁) အတွက် ဆုတောင်းရန် ကိုယ်တော် သွန်သင် သည်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို ဂရုစိုက်ကြောင်း သက်သေ အဖြစ် ငှက်များနှင့် ပန်းပင်များကို ကိုယ်တော် ညွှန်ပြလျက် မြေကြီးပေါ်တွင် ဘဏ္ဍာ မစုဆောင်းရန် ကိုယ်တော်မိန့်ကြားသည် (း၁၉-၃၁)။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ္တ” ဟု သခင်ယေရှုြေေပြောထားသည် image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now