သေချာပါပြီကွာ

k017(38)
Published in
#esteem
Words
105
Reading
1 min
Listen
Play
9y

ဒါဟာ ဘာလည်းဆိုရင် ...
နေထွက်ဖို့ရာ အတော်လေးကြာပါတယ်. နေလုံး စထွက်ဖို့ ကောင်းကင်ကအရောင်းတွေပြောင်း အရှိန်ယူတာ ...
နေလုံးစထွက်တာကနေ ကောင်းကင်မှာ လုံးဝထွန်းလင်းသွားဖို့ရာ အချိန်အတော်လေးကိုကြာပါတယ်.

နေဝင်တာကတော့ အရမ်းမြန်ပါတယ်. ထွန်းလင်းနေတဲ့နေ ဝင်သွားတာဟာ အချိန် ၂ မိနစ်လောက်ဘဲကြာတယ်.

အဲဒီ့မှာ ဘဝရဲ့ မွေးဖွားချိန် နဲ့ ဘဝင်နေဝင်ချိန်ကို ဖျတ်ကနဲ သတိထားမိသွားတယ်.

နေထွက်ချိန်ဟာ လူတစ်ယောက်မွေးဖွားရာကနေ အတောက်ပဆုံးအချိန်ရောက်ဖို့အထိလိုပါဘဲ.
နေထွက်ဖို့ရာကနေ ကောင်းကင်မှာ နေလုံးကြီး ထွန်းလင်းသွားဖို့ အချိန်တွေ အတော်ယူရသလို လူတစ်ယောက်မွေးဖွားဖို့ရာလည်းမလွယ်လေ. ဆရာဝန်သဘောအရပြောရရင် ခွဲဘဲမွေးမွေး ရိုးရိုးဘဲမွေးမွေး အချိန်ယူရတာကိုး. မွေးပြီးတော့ ရှင်သန် ... အဲဒီ့သူရဲ့ ဘဝ အတောက်ပဆုံးနေရာ အချိန်ရောက်ဖို့ အတော်လေး အချိန်ယူရတယ်. ကြိုးစားရတယ်လေ.

နေဝင်တာကတော့ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လိုပါဘဲ. လူတစ်ယောက်ရဲ့ အသက် မိနစ်ပိုင်းလေးမှာတင် ဘဝကူးပြောင်းနိုင်တာလေ. တစ်ခါတစ်ခါ အဲဒီ့အချိန်လေးအတွက် ဘာမှ မပြင်ဆင်လိုက်ရဘဲ ဖြတ်ကနဲ ဆိုတာမျိုးကလည်းရှိသေး. ဒါကြောင့် ... ဘဝနေဝင်ချိန်အတွက် ပြင်ဆင်ကြပါလို့ ဆိုကြတာနေမှာ.

ဒီတစ်ခေါက် ခimageရီးမှာ နေထွက် နေဝင်တာကြည့်ရတဲ့ ခံစားချက်တွေက အများကြီးရယ်.
image
ကျွန်မ လည်း ဘဝ နေထွက်အချိန်အတွက် ရုန်းကန်နေဆဲ ကာလပေမယ့် ဘဝ နေဝင်ချိန်အတွက်လည်း ပြင်ဆင်ရဦးမယ်.
လောကရဲ့ သဘာဝတရား နေထွက် နေဝင်ချိန်တွေက နေရာဒေသအလိုက် အချိန်တွေ အနည်းအများ မတူစွာ ပြောင်းလဲပေမယ့် အချိန်ရောက်ရင် နေထွက် နေဝင်တာဘဲလေ.

ဘဝမှာတော့ နေထွက်ပြီး အတောက်ပဆုံးအချိန်ရောက်ဖို့ ရှင်သန်ရုန်းကန်နေပေမယ့် ဘယ်အချိန် ဘဝနေဝင်မလဲ မသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ရပါ

သေချာပါပြီကွာ | Ecency