Step up & Stand out!

Step up & Stand out!

အလုပ်မှာ Step up လုပ်တာကို သိတဲ့သူလည်း ရှိနိုင်သလို
မသိသေးတဲ့သူလည်း ရှိနိုင်လို့ Step up အကြောင်းကို
နည်းနည်းလေး ရှင်းပါမယ်။ Step up ဆိုတာ အဓိက
ဒီနေရာမှာ ဆိုလိုချင်တာက ရှေ့ထွက်ပြီး အခွင့်အရေးကို
ယူနိုင်တာ/ယူရဲတာကို ပြောတာဖြစ်ပါတယ်။ဘောလုံးအသင်း
နဲ့ ဥပမာပေးပါမယ်။ ဘောလုံးအသင်းမှာ နာမည်ကြီးကစား
ပွဲထွက်ကစားသမားတွေရှိကြတယ်။ ဒါပေမယ့် အရေးကြီး
တဲ့အချိန်ကျမှ အဓိက ကစားသမား တစ်ယောက် ဒဏ်ရာ
ရသွားတယ်။ ဒီအချိန်မှာ နည်းပြက လူငယ်အသင်း ၊
အရန်အသင်းက ကစားသမားတွေကို ကြည့်ပြီး ရွေးပါတော့
တယ်။ဒီလို အခွင့်အရေးမျိုးရဖို့ အပတ်တကုတ် အမြဲကြိုးစား
နေတဲ့ကစားသမားတွေ ရှိတတ်သလို ဒီလို အခွင့်အရေး
ကြုံချိန်မှာမကြိုးစားထားခဲ့လို့ ရွေးချယ်မခံရတဲ့ ကစားသမား
တွေလည်းရှိတတ်ပါတယ်။

အလုပ်မှာလည်း ဒီသဘောတရားမျိုး ရှိတတ်ပါတယ်။ အလုပ်
မှာ တိုးတက်ချင်ရင်၊ ဘဝမှာ တိုးတက်ချင်ရင် မိမိကိုယ်ကိုယ်
Ready ဖြစ်နေအောင် အမြဲ ကြိုးစားပြီး အခွင့်အရေးရရင်
ရှေ့ထွက်ရဲရပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်တော့မှ ရှေ့ရောက်
မှာ မဟုတ်ပါဘူး။ ငါက သာမန်ဝန်ထမ်းပဲဘာမှ အပိုလုပ်စရာ
မလိုပါဘူး။ ငါလုပ်စရာရှိတာ လုပ်ပြီး အိမ်ပြန်မယ်။ ဘော့စ်က
အသစ်အဆန်းတွေ ခိုင်းရင်လည်း မလုပ်တတ်ဘူးငြင်းမယ်။
အဲ့ဒီ Mindset က လူတစ်ယောက်ကို ဝန်ထမ်းဘဝမှာပဲ
အမြဲရှိစေမယ့် Mindset ဖြစ်ပါတယ်။ မိမိက အချိန်တိုင်း
ကြိုးစား သင်ယူနေရမှာ ဖြစ်ပြီး ဘော့စ်က လိုအပ်ချိန်မှာ
ရှေ့ထွက်ပြီး အခွင့်အရေးကို မိမိရရ ယူနိုင်သူ ဖြစ်ရပါမယ်။

တစ်ခါတစ်လေ အရည်အချင်းရှိရဲ့သားနဲ့ အလုပ်မှာ Step up
မလုပ်ရဲတဲ့ လူမျိုးတွေ တွေ့ဖူးခဲ့တယ်။ သူတို့မှာ အလုပ်တစ်ခု
ကို ကျွမ်းကျင်စွာလုပ်နိုင်တဲ့ အရည်အသွေးရှိတယ်။ ဒါပေမယ့်
သူတို့ကို ကြီးကြီးမားမား တာဝန်တစ်ခုပေးဖို့ ကြိုးစားတဲ့အခါ
အဲ့ဒီတာဝန်ကို ယူဖို့ဝန်လေးတတ်ကြတယ်။ သူတို့နေထိုင်တဲ့
Comfort Zone လေးထဲမှာပဲ နေချင်တယ်။ အချို့ကလည်း
အဲ့ဒီလို အေးဆေးနေရတာလေးကိုပဲသဘောကျနေတတ်
ကြတာရှိပါတယ်။ ဒါက လူတစ်မျိုးပေါ့။ နောက်တစ်မျိုးက
တကယ်ကို မလုပ်တတ်တာ။ သင်ယူခြင်း မရှိပဲတာဝန်ကျေရုံ
သာ လုပ်ခဲ့တော့ Confidence က မရှိဘူး။ Confidence
မရှိတော့ အခွင့်အရေးရတောင် မယူရဲဘူး ဖြစ်နေတတ်ပါတယ်။

အခွင့်အရေးဆိုတာ Ready ဖြစ်နေတဲ့သူနဲ့ပဲ ညားတာ
များပါတယ်။ ဘဝမှာ အခွင့်အရေး မရတာလား....အခွင့်
အရေးရတိုင်း ကိုယ်က အရည်အချင်း မမီဖြစ်နေတာလား၊
အခွင့်အရေးရတိုင်း ကိုယ်က ကြောက်နေတာလား.......။
သေချာပြန်စဉ်းစားကြည့်သင့်ပါတယ်။
image
Please Follow # @jockerlay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now