ငြိမ်းချမ်းရေး

Words
67
Reading
1 min
Listen
Play
8y

ငြိမ်းချမ်းရေးနဲ့ စီးပွားရေးက နှစ်ခုစလုံး အင်မတန်အရေးကြီးပါတယ်။ တခုနဲ့တခုကလည်း ဆက်စပ်နေပါတယ်။
image
တချို့လက်နက်ကိုင်တွေ ဘိန်းစိုက်တာ သူတို့လိုတဲ့ငွေကြေးကို အလွယ်နည်းနဲ့ရှာကြတာပါ။ တချို့လက်နက်ကိုင်တွေဆိုရင် ပညာအရည်အချင်းကလည်း နည်းပါးတယ်။ အသိအမြင်ကလည်း အမေစုနဲ့ယှဉ်ရင် မိုးနဲ့မြေပါ။ ဒီလိုလက်နက်ကိုင်အဖွဲ့ တချို့ဆိုရင် ကိုယ်က နိုင်ငံဆီကယူဖို့မလုပ်ဘဲ ကိုယ်က ဘာပေးမှာလဲဆိုတဲ့အပြောကြောင့် နောက်လန်သွားတာတွေရှိတယ်လို့ သတင်းတွေက လုပ်ငန်းရှင်တွေကြား ပျံ့နှံ့နေတာပါ။ တကယ်တော့ တိုင်းပြည်အတွက် ပေးဆပ်တယ်ဆိုတာ အလွန်မွန်မြတ်ပါတယ်။ ဒါပေမဲ့ ဒီလိုမွန်မြတ်တဲ့အလုပ်ကိုလုပ်ဖို့ ကိုယ်ကအရင် ပြည့်စုံနေမှ တိုင်းပြည်အတွက်ပေးနိုင်မှာပါ။ ဆင်းရဲတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က သူတို့ဘာသာရပ်တည်ဖို့တောင်ခက်ခဲနေတာ တိုင်းပြည်အတွက် ဘာပေးမှာလဲမေးခွန်းကို အတော်စိတ်ညစ်ကြတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီစကားတွေကို အမှန်လို့ တထစ်ချမယုံပါဘူး။ အမေစုကတော့ တိုင်းပြည်ကို အေးချမ်းစေချင်လွန်းတဲ့ စေတနာရှေ့ရောက် နေပြီးပြောတာပါ။ ဒါပေမဲ့ ဒီစကားကိုပဲ တဖက်လှည့်နဲ့အသုံးချသူတွေက တွေ့လား ဒီမိန်းမသူ့လို နိုင်ငံ တကာကပေးတဲ့ဆုတွေ လူတိုင်းရထားတယ်မှတ်နေသလား မသိဘူးဆိုတဲ့အပြောမျိုးနဲ့ သပ်လျှိုပေးနေသူ တွေလည်း ရှိပါတယ်။ ကျွန်မအမြင်ကတော့ စီးပွားရေးရော၊ ငြိမ်းချမ်းရေးရော သိပ်အရေးကြီးပါတယ်။

ငြိမ်းချမ်းရေး | Ecency