Nsc

Words
103
Reading
1 min
Listen
Play
8y

၂ဝ၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့် NSC Olimpiyskiy Stadium
ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ကမ္ဘာတစ်ဝန်းကဘောလုံးပရိသတ်တွေ စိတ်ဝင်တစား ကြည့်ရှုကြလေ့ရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
အုပ်စုပွဲစဉ်တွေကစလို့ ဗိုလ်လုပွဲအထိ ပွဲစဉ်အားလုံးဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ ယူကရိန်းနိုင်ငံ၊ ကိယက်မြို့မှာရှိတဲ့ NSC Olimpiyskiy Stadium မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် NSC Olimpiyskiy Stadium အကြောင်း တင်ပြပေးပါမယ်။
image
NSC Oimpiyskiy Stadium ကို Olympic National Sports Complex လို့ ခေါ်ဝေါ်ကြပြီး Olympic Stadium လို့လည်း လူသိများကြပါတယ်။

image

ယူကရိန်းနိုင်ငံ၊ လူငယ်နဲ့အားကစားဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ အားကစားကွင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ Category 4 ရှိတဲ့ အားကစားကွင်းလည်းဖြစ်ပါတယ်။ ကစားကွင်းကို ၁၉၂၃ ခုနှစ် သြဂုတ်လမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယူကရိန်းငွေ သန်း ၄ ထောင်ကနေ ၄ထောင်ကျော်ကြားအသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စတင်တည်ဆောက်ခဲ့တဲ့ခုနှစ်မှာ လူဦးရေ ၅ သောင်းလောက်သာဆံ့ပြီး ၂ဝ၁၁ ခုနှစ်မှာ လူဦးရေ ၇ သောင်းကျော်ဆံ့တဲ့အထိ အဆင့်မြှင့်တိုးချဲ့ခဲ့ပါတယ်။

image

ဒီအားကစားကွင်းကို တည်ဆောက်ပေးခဲ့တဲ့ ဗိသုကာပညာရှင်တွေကတော့ L.V.Pilvinsky၊ Mykhailo Hrechyna၊ GMP တို့ဖြစ်ပါတယ်။ ဒီအားကစားကွင်းဟာ ဘောလုံးသာမက တခြားအားကစားတွေကိုပါ လက်ခံကျင်းပနိုင်ပါတယ်။ အားကစားကွင်းမှာ ၁၉၈ဝ နွေရာသီအိုလံပစ်ပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲတချို့ကို လက်ခံကျင်းပခဲ့သလို ၂ဝ၁၂ ခုနှစ် ဥရောပဖလားပြိုင်ပွဲဗိုလ်လုပွဲကိုပါ လက်ခံကျင်းပဖူးပါတယ်။ အားကစားကွင်းရဲ့ အကျယ်ကတော့ ၁ဝ၅ မီတာဖြစ်ပြီး ကွင်းမျက်နှာပြင်ကတော့ မြက်ခင်းပြင်ဖြစ်ပါတယ်။

Nsc | Ecency