ကြွေ

@နိုင်​ငံ​တော်​ အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ ​ဒေါ်​အောင်​ဆန်းစုကြည်​ထံမှတစ်​ဆင့်
့်​ သမ္မတကြီးထံသို့​ပေးစာ.(သို့) ဆင်းကတ်​ဌာနများသို့

#ပထမဆုံး ဆင်းကတ်​​တွေကစ​ပြောမယ်​​ဗျာ
လွန်​ခဲ့​သော (၅) နှစ်​က ထိုင်းနိုင်​ငံ
အလုပ်​သွားလုပ်​​တော့ အဲ့ဒိမှာ​အရင်​​ရောက်​​နေကြတဲ့သူတိုင်းက ဖုန်းဆင်းကတ်​ကိုယ်​ဆီနဲ့​ဗျ
ကျွန်​​တော်​က​တော့ မြန်​မာနိုင်​ငံကခုမှ
အဲ့ကို​ရောက်​တာဆို​တော့ ကိုယ့်​မြန်​မာနိုင်​ငံမှာလို ဖုန်းဆင်းကတ်​​တွေ ​၇​သောင်း၈​သောင်း
ပေးရတယ်​ထင်​တာ​ပေါ့​ဗျ ..

ပြီး​တော့်​ ဘယ်​ဟုတ်​မလဲ​ဗျ အဲ့မှာက ဘတ်​(၆၀)နဲ့ ​ရောင်းတာကြာ​နေပြီ​လေ...
ဘတ်​ ၆၀ ဆိုတာ အဲ့တုန်းက မြန်​မာ​ငွေနဲ့
၁၅၀၀​လေ...

နောက်​ပြီး ဖုန်းဆင်းတစ်​ကတ်​ဝယ်
internet freeက (၇)ရက်​​လောက်​ပါ​သေးတယ်
(၇)ရက်​freeဆိုတာ အခုမြန်​မာနိုင်​ငံမှာလို
Mb limitနဲ့ မဟုတ်​ဘူး​နော်​..
Unlimited (အကန့်​အသတ်​မရှိဘဲ)
‌​သူတို့ဆီက တစ်​ရက်​ စမတ်​က ၉ ဘတ်​​​ဗျ
‌(၉ဘတ်​ =မြန်​မာ​ငွေ ၂၇၀)
တစ်​ရက်​လုံးအကန့်​အသတ်​မရှိ​နော်​..

အဲ့ဒါလွန်​ခဲ့တဲ့ (၅)နှစ်​က
ကျွန်​​တော်​​ရောက်​တုန်း က internetစမတ်​​နော်
ဘယ်​တုန်းစပြီး အဲ့လိုစမတ်​မျိုးဖြစ်​​နေတာလဲ
ဆိုတာ​တော့ ကျွန်​​တော်​လည်းမ​ပြောတတ်​ဘူး​ဗျ...

ကဲ.. ​အခုမြန်​မာနိုင်​ငံ internetစမတ်​အ​ကြောင်း
ပြောမယ်​...(​ပြောမယ်​ဆို​တော့ ရင်​ထဲမှာလည်း
စိတ်​မ​ကောင်းဖြစ်​မိတယ်​)...

ထွေ​ထွေထူးထူး​တော့​ ​ပြောစရာ လိုမယ်
မထင်​ပါဘူး​ဗျာ...
မြန်​မာနိုင်​ငံသားတိုင်းလည်း သိပြီးသားပါပဲ
မြန်​မာနိုင်​ငံက internetစမတ်​​တွေအ​ကြောင်း..

Internetက မြန်​မာနိုင်​ငံမှာဆင်းရဲချမ်းသာမ​ရွေး
လူတန်းစားအကုန်​သုံးကြတယ်​...
ဒါ​ပေယ့်​ ချမ်းသာတဲ့သူ​တွေက
ကိုယ့်​wifi နဲ့သုံးလို့ အဆင်​​ပြေ​နေတဲ့အချိန်​မှာ
မရှိဆင်းရဲသား​တွေက​တော့တစ်​ရက်​တစ်​ရက်
ဖုန်း​ဘေလ်​ဖိုးနဲ့ ပိုမွဲလာကြတာ​တွေ့​နေရပြီ..

ဒီတိုင်းသာဆက်​သွား​နေမယ်​ဆိုရင်​​တော့
ကျွန်​​တော်​ထင်​တယ်​ ​နောက်​ဆို
သူများနိုင်​ငံမှာ အလုပ်​သွားလုပ်​တဲ့နှုန်းက
ဒိထက်​မက များ​နေအုန်းမှာပဲ..
အရင်​ကထက်​ ပို၍ပို၍ဆင်းရဲ ​နေကြအုန်း
မှာပဲ..
ပြည်​သူပြည်​သား​တွေ ဆင်းရဲ​နေသ၍​တော့
နိုင်​ငံလည်းဆင်း​ရဲ​နေအုန်းမှပဲ...

ကျွန်​​တော်​​ပြောချင်​တာက ခင်​​ဗျားတို့လည်း
စီးပွား​ရေးလုပ်​ငန်းလုပ်​​နေတာပဲ​လေ
အမြတ်​​တော့လိုချင်​တာ မှန်​ပါတယ်
ဒါ​ပေမယ့်
ပြည်​သူ​တွေကလည်း ကိုယ့်​ပိုက်​ဆံနဲ့
ကိုယ်​သုံးကြတာ​လေ တန်​တန်​​လေး​တော့
သုံးချင်​ကြတာပဲ ...

ထိုင်းငံလို တစ်​ရက်​စမတ်​ကို တစ်​ရက်​လုံး
အကန့်​အသတ်​မရှိ မ​ပေးနိုင်​ရင်​​တောင်​မှ
၃နာရီ​လောက်​​တော့ အကန့်​အသတ်​မရှိ
ပေးနိုင်​လိမ့်​မယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်​..

ခင်​​ဗျားတို့လည်း အလှူအတန်း ဝါသနာပါ
တာ​တွေ့ဖူးပါတယ်​...
ဘာတဲ့ ooredooက ဘယ်​​နေရာကို
ဘယ်​လိုလှူတာ telenor,mptကဘယ်​​နေရာကို
လှူ ​နေကြတယ်​၊promotion​တွေ​ပေး​နေကြတယ်​ဆိုတာ fbအ​ပေါ်မှာ မမြင်​ချင်​မှအဆုံးပါပဲ..

ဘာလုပ်​မှာလဲ​ဗျာ သူများဆီက မတရားယူထားတဲ့​ငွေနဲ့ လူကြား​ကောင်း​အောင်​ပြန်
လှူ ​နေလည်း ကုသိုလ်​တစ်​ဝက်​ ငရဲတစ်​ဝက်​ပါပဲ
သူများအိမ်​​နောက်​​ဖေးက လူမသိခင်
တက်​ခိုးမှ ခိုးတာမဟုတ်​ပါဘူး​ဗျာ
သူများဆီက မတရားနည်းလမ်းနဲ့ ယူတာ
ဟာလည်းခိုးတာပါပဲ...

ကျွန်​​တော်​သိတဲ့ အစိုးရက
ပြည်​သူ​တွေအတွက်​ အားကိုးရာ
ပြည်​သူ​တွေရဲ့ ဒုက္ခကို ​ဖြေရှင်း​ပေး
နိုင်​တာ ..

အရာအားလုံးလိုက်​ပြီး ​စောင့်​​ရှောက်
ခိုင်း​နေတာလည်း မဟုတ်​ပါဘူး​ဗျာ
တကယ်​လိုအပ်​​နေတဲ့​နေရာ ​တွေကို​တော့
တတ်​နိုင်​သ​လောက်​​တော့ ကူညီ​ပေးသင့်
ပါတယ်​...

စောင့်​ကြည့်​​နေတာလည်း ကြာပါပြီ
ဘယ်​နှစ်​များ ထိုင်းနိုင်​ငံနည်းပါး
မပြင်​နိုင်​​သေးရင်​​တောင်​ သုံးပုံ၁ပုံ
လောက်​​ intrnetစမတ်​များ
ကောင်းလာမလဲ ..?

အခြားနိုင်​ငံ​တွေ​လောက်​​ကောင်းဖို့
မ​မျှော်​လင့်​ရဲ​သေးပါဘူး..
ထိုင်းနိုင်​ငံနီးပါး​လောက်​ပဲ
တောင်းဆို​နေတာပါ​ဗျ...

ကျွန်​​တော်​ထင်​တယ်​​ဗျ.....
ကျု ပ်​တို့ပြည်​သူ​တွေ ငြိမ်​ခံ​နေသမျှ
သူတို့လည်း မသိချင်​​ယောင်​​ဆောင်​​နေအုန်းမှာပဲ......
ပြည်​သူပြည်​သားအားလုံး နိုးကြားကြပါ
စာဖတ်​ကြပါ၊ အမြဲတမ်း​လေ့လာကြပါ။
(စာဖတ်​ခိုင်းတာက ကိုယ့်​ဘဝအတွက်
ကောင်းမွန်​​စေမယ့်​ ပြင်​ပ​ဗဟုသုတရ​စေ
မယ့်​​ အဆိပ်​အ​တောက်​မဖြစ်​တဲ့ စာအားလုံးကို​ပြောတာ​နော်​ ​ကျောင်းစာ​တွေလို ကျက်​ခိုင်း
နေတာမဟုတ်​ဘူး ​တွေး​ခေါ်ခိုင်း​နေတာ)

ပြည်​​သူ​တွေ အ​တွေးအ​ခေါ်မရှိ​အောင်
လုပ်​ထားတဲ့ ပညာ​ရေးစနစ်​​တွေအ​ကြောင်း
ဘာ​​အ​ကြောင်း ညာ​ကြောင်း​တွေလည်း
မ​ပြော​သေးဘူး....

အစိုးရဘက်​က
တတ်​နိုင်​သ​လောက်​ ကူညီနိုင်​​လောက်​တဲ့
မြန်​မာ ဆင်းကတ်​​တွေ အ​ကြောင်းပဲ​ပြော
လိုက်​ပါတယ်​.....

(မှတ်​ချက်​။ ပြင်​နိုင်​တယ်​ထင်​တဲ့ အရာ​တွေကို
ပြင်​​ပေး​စေချင်​လိုတဲ့ ဆန္ဒနဲ့​ရေးသားတင်​ပြ
လိုက်​တာပါ။ လက်​အားလို့​လျှောက်​​ရေးထားတာမဟုတ်​ဘူး​ဗျ)

#​ရေး​နေကြ အ​ရေးအသားတိုင်းပဲ​ရေးလိုက်​လို့ မယဉ်​​ကျေးသလို ဖြစ်​သွားရင်​လည်း
တောင်းပန်​ပါတယ်​​ဗျ။

သတ္တဝါအားလုံး ​ဆင်းရဲခြင်းကင်း​၍
ချမ်းသာခြင်း​တွေရကြပါ​စေ👏👏👏

ပြည်​သူများ ကိုယ်​စား
(​မူရင်း​ရေးသားသူ -​ကျော်​ထင်​အ​နော်​ရထာ ဘို​ကောင်း...)

(​ကျော်​ထင်​အ​နော်​ရထာဘို​ကောင်းသည်
တောင်​ငူပညာ​ရေး​ကောလိပ်​ ဒုတိယနှစ်
ကျောင်းသားတစ်​ဦး ဖြစ်​သည်​)

ဤစာအား တာဝန်​ရှိသူများထံ ​ရောက်​​အောင်
မည်​သူမဆို ပြန်​လည်​မျှ​ဝေခြင်းဖြင့်
ကူညီ​ပေးနိုင်​ကြပါ​စေ..

image
@gla

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center