💰

🌕 #နှလုံးသွင်းမှန်ပြီးအားထုတ်မှုရှိရင်နိဗ္ဗာန်ရတယ်

🌕 " မယှံပိ ခေါဘိက္ခဝေ ယောနိသော မနသိကာရာ " ငါဟာ နှလုံးသွင်းမှန်လို့တဲ့ ၊
" ယောနိသော သမ္မပ္ပဓာနာ " နှလုံးသွင်းကောင်းပြီး အားထုတ်ခြင်းကြောင့် ••• နိဗ္ဗာန် မဂ် ဖိုလ်ကြီးကို အစဉ်အတိုင်းလဲ ရောက်ခဲ့တယ် ၊ မျက်မှောက်လဲ ပြုခဲ့ပါတယ် •••
ဒါကြောင့် ယောနိသော မနသိကာရ ရှိပြီး သင့်တင့်မှန်ကန်စွာ ကြိုးစားရင် နိဗ္ဗာန်ရောက်တယ် ••• အဲဒါ ဘုရားကဟောတာနော် ••• { မှန်ပါ } ။
🌕 အဲဒီနှစ်မျိုးမှာ ယောနိသော မနသိကာရ ဆိုတာက ••• တွေ့တဲ့အာရုံ ပရမတ္တဓမ္မ ဖြစ်သွားအောင် နှလုံးသွင်းလို့ရှိရင် ယောနိသော မနသိကာရ ••• သဘောကျပလား ••• { ကျပါပြီ }
ခန္ဓာကိုယ်ထဲမှာ တစ်ခုခုသော ပဋိစ္စသမုပ္ပါဒ် ဓမ္မကလေးပေါ်တယ် ၊ အဲဒါဟာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ပါဘူးလို့ နှလုံးသွင်း တည့်သွားလို့ရှိရင် ဖြင့် ••• ဒါဟာ ယောနိသော မနသိကာရ ဖြစ်သွားရော့ ••• { မှန်ပါ့ဘုရား } ။
🌕 ဓမ္မကလေး တစ်ခုပေါ်လာရင် ••• ဒါဟာ •••
ဝိဉာဏ်ဓမ္မ ကလေးပေါ်တာပဲ ၊ ဝေဒနာဓမ္မကလေး ပေါ်တာပဲ ၊ ရုပ်ဓမ္မ ပေါ်တာပဲ ၊ ဒီလို ပေါ်တဲ့ ဓမ္မကလေးကို ••• ဓမ္မသဘောကလေး ပေါ်တာပဲ ၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး ၊ ဓမ္မပေါ်လို့ ဓမ္မမှန်းသိရင် ••• ယောနိသော မနသိကာရ ဖြစ်ပြီ ။
🌕 အဲဒီတော့ ယောနိသော မနသိကာရ ဖြစ်ပြီးလို့ရှိရင် " ယောနိသော သမ္မပ္ပဓာနာ " နဲ့ မှန်ကန်အောင် " ဖြစ်ပျက် " ကိုအားထုတ်လိုက်ပါတဲ့ ၊ နှလုံးသွင်းမှန်ပြီးတော့
ဖြစ်ပျက် အားထုတ်လိုက်လို့ရှိရင် ••• ငါဘုရား မျက်မှောက်ပြုတဲ့ နိဗ္ဗာန်ကို မင်းတို့လဲ ထပ်တူထပ်မျှ ရောက်ပါလိမ့်မယ် ၊ ဒါကိုဖြင့် လုပ်ဖြစ်အောင် လုပ်ပါ ၊ ငါလဲ ဒါလုပ်တာပဲ ၊ ဒီနှစ်လုံးနဲ့ ရောက်တာပါပဲ ၊ မင်းတို့လဲ ငါနဲ့ ထပ်တူ ထပ်မျှ ရောက်စေချင်တဲ့ အတွက် •••
ဒီနှစ်လုံးကိုဖြင့် လုပ်ဖြစ်အောင် လုပ်စမ်းပါ ဆိုတော့ ••• ကန်းကုန်နေပြီ ••• { မှန်ပါ့ဘုရား } ။

🌕 တို့ ကလဲ ••• စားဖို့ သောက်ဖို့ အရေးကြီးနေတယ် ၊ဝတ်ဖို့ စားဖို့က အရေးကြီးနေတယ် ၊ ကိုယ့်မှာ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ဆိုတော့ အခက်ကြီးပဲ ၊ သာမှု နာမှုတွေနဲ့ ဘယ်ကရမတုန်း ဒီပိုက်ဆံကို ၊ ဒီလိုမရှာလို့ ••• ဘယ့်နှယ်လုပ်မတုန်း ၊ ဒီတရားချည်းပဲ ဘယ့်နှယ်အားထုတ် မတုန်း အစရှိသည်နဲ့ ဆင်ခြေပေးပြီး ခလေးမိုက်တော့
မိုက်မနေကြပါနဲ့ ဆိုတာကို သတိပေးလိုက်တယ် ••• ခင်ဗျားတို့ အလုပ်က ဒုက္ခရောက်မည့်အလုပ်ကို အားကျနေလို့ ••• မဆိုထိုက်ဘူးလား ••• { ဆိုထိုက်ပါတယ်ဘုရား }
🌕 ဒါကြောင့် ကိုယ့်အထင်တွေ အကုန်ပျောက်
ဘုရားဟောတော်မူတာကို အမှန်စင်စစ် အကုန်နားထဲရောက်ပြီး ဥာဏ်ထဲပါ ရောက်ကြပါစေဆိုတာ ကို ဘုရားက လေးစားစွာတိုက်တွန်း တော်မူတာပဲ ••• { မှန်ပါ့ }
ကိုယ်အထင်တော့ မပြောနေနဲ့ သံသရာရှည်စေတဲ့ အမှားချည်းသာ ဆုံးဖြတ်ချက်ချ ••• { မှန်ပါ့ဘုရား } ။
🌕 အဲဒါကြောင့် ကိုယ်လဲမည့်ဆင်ခြေကလေးတွေ ပေါ်လာရင် ဓမ္မပေါ်တယ်လို့ သိရမယ် ••• { မှန်ပါ } ၊ နှလုံးသွင်းမှန်ပြီး အားထုတ်ရမယ်ဆိုတော့ •••
ပေါ်လာတဲ့ ဓမ္မကလေးကို အပျက်မြင်အောင် အားထုတ်ရတော့မယ် ••• { မှန်ပါ့ဘုရား } ။
🌕 နှလုံးသွင်းမှန်ဆိုတာ ••• ဥပမာ ••• ဒကာ ဒကာမတွေ တစ်ခုခုကို ကြည့်လိုက်ပါ ••• မြင်တယ်ဆိုတဲ့ စိတ်ကလေးတော့ ပေါ်မှာပဲ ၊
ဒါဟာ ပုဂ္ဂိုလ် သတ္တဝါလား ၊ မြင်တဲ့စိတ် ဝိဉာဏက္ခန္ဓာလား ••• { ဝိဉာဏက္ခန္ဓာပါဘုရား } ၊
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ မြင်တာပေါ့ ။ ခန္ဓာမြင်တယ်ဆိုရင် ••• ပုဂ္ဂိုလ် သတ္တဝါ ငါ တွေ ပျောက်ပြီ ၊ အဲဒါ နှလုံးသွင်း မှန်တာတဲ့ ••• { မှန်ပါ့ဘုရား } ။
�ဒီဝိဉာဏက္ခန္ဓာကလေးကို နှလုံးသွင်းမှန်ပြီး •••ဥာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့အခါ ကျတော့
ဝိဉာဏ ကသိတာ ၊ ခန္ဓာက အစုအပေါင်း ၊ သိတဲ့အစုကလေး ဖြစ်ပြီး ၊ " သိတဲ့အစုကလေး " ဆိုတာ တခြားမဟုတ်ပါဘူး ••• ဝေဒနာ ၊ သညာ ၊ သင်္ခါရ တို့နဲ့ ပေါင်းစုနေတာပါပဲ ၊ ဒီအထဲမှာ သိတဲ့အစုကလေး ဖြစ်နေတယ်လို့ မဆိုနိုင်ဘူးလား ••• { ဆိုနိုင်ပါတယ်ဘုရား } ။
�ဒါကလေးကို နှလုံးသွင်းမှန်ပြီး အဆုံးကျအောင် ကြည့်လိုက်တဲ့အခါ ကျတော့ ••• ကိုယ့်မျက်လုံးထဲမှာ ပေါ်တဲ့စိတ်ကလေးဟာ
မြင်ပြီးရှိသေးရဲ့လား ••• { မရှိပါဘုရား } ၊ မရှိတာကလေးကော မသိလိုက်ဘူးလား •••
{ သိလိုက်ပါတယ်ဘုရား } ။
နှလုံးသွင်းမှန်တာက ••• " ရုပ်နာမ် " သို့မဟုတ် " ခန္ဓာ " ရယ်လို့သိတယ် ၊ စောင့်ပြီး
အားထုတ်လိုက်တော့ " ဖြစ်ပျက် " သိတယ်ဆိုတော့ ••• " ဖြစ်ပျက် ဒုက္ခသစ္စာ " သိတယ် ၊ သဘောပါကြပလား ••• { ပါ,ပါပြီဘုရား } ။
�ဒါဖြင့် ဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခကိုပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိရင် ••• သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ ထိအောင် ဖြစ်ရတော့မယ် ••• { မှန်ပါ } ။
••• ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်နေပြီ ၊ အားထုတ်မှု ရှိတယ်ဆိုကတည်းက " ဖြစ်ဒုက္ခ ပျက်ဒုက္ခ " ကိုမသိသေးဘူးလား ••• { သိပါတယ်ဘုရား } ။
သစ္စာကို ပိုင်းခြားနိုင်တယ် ၊ သစ္စာကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တယ် ••• { မှန်ပါ့ဘုရား } ။
�အဲဒါကြောင့် ••• ခင်ဗျားတို့ တရားအားထုတ်
တရားအားထုတ် ဆိုတာ ••• ဘာပါလိမ့်မလဲလို့ဆိုတော့ ••• နိဗ္ဗာန်ရောက်ချင် တဲ့ ပုဂ္ဂိုလ်တော့ ••• နှလုံးသွင်းမှန်ပြီးတော့ •••
အားထုတ်မှုရှိပြီ ၊ ပြီးရော•••• သဘောပါကြပလား ••• { ပါ,ပါပြီဘုရား } ။

#မိုး { ၃၁ } ၊ { ၁၃ ၊ ၃ ၊ ၆၀ } ရက်နေ့ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော " နှလုံးသွင်းမှန်ရမည် ၊ အားထုတ်မှုမှန်ရမည် " တရားတော်မှ ကောက်နုတ် ပူဇော်ပါသည် ။
.......
.....
💟 စေတနာ မေတ္တာများစွာဖြင့်

image
@gla

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center