ကိုယ်သူ့ကို အကောင်းဆုံးချစ်နေရက်နဲ့
အနားကနေ သူ အတင်းရုန်းထွက်ချင်နေတယ်မလား
ပေးသွားလိုက်ပါ...
သူ့ကို အချစ်စစ်နဲ့ ချစ်ခဲ့တယ်မလား ...
အရာရာထက် ပိုအလေးထားခဲ့တယ်မလား ...
တတ်နိုင်သမျှ အကောင်းဆုံးချစ်ခဲ့ပါလျှက်နဲ့မှ
ကိုယ့်အနားကနေ သူထွက်သွားချင်နေတယ်ဆို
ပေးသွားလိုက်ပါ...
တစ်ခါတလေ ကိုယ်ရဲ့ ...
သိပ်ချစ် သိပ်ဂရုစိုက် သိပ်စိတ်ပူခြင်းတွေက
သူ့အတွက်တော့ မွန်းကြပ်စရာတွေ ဖြစ်နေတတ်တယ်
သူမရှိရင် ကိုယ်ဘယ်လို ရှေ့ဆက်ရမှန်းမသိလို့
အဲ့အတွက် ကြိုတွေးပြီး ကြောက်နေမိတာလား
သတ္တိရှိလိုက်ပါ
ကိုယ့်အနားမှာ မနေချင်သူကို
အတင်းဆွဲထားရတာက ပိုစိတ်ပင်ပန်းရပါတယ်
လက်လွှတ်ပေးလိုက်ပါ
နာကျင်ရမယ်
ငိုရမယ်
ဝမ်းနည်းအထီးကျန်ရလိမ့်မယ်
ဒါပေမယ့်
ကိုယ်ဘယ်လောက် နာကျင်ကျင်
အနည်းဆုံးတော့ ကိုယ်ချစ်တဲ့သူကို
လွတ်လပ်ခွင့် ပေးလိုက်နိုင်တယ်လေ
အဲ့ဒါကိုတွေးပြီးသာ လွမ်းရင်းပြုံးနေလိုက်ပါ
အလွမ်းဆိုတာ ခါးပါတယ်
ဒါပေမယ့်
တစ်ခါတလေတော့လည်း တွေးမိပါတယ်
အနားနားနေပြီး နာကျင်နေရတာထက်စာရင်
အဝေးကနေ ချစ်နေ လွမ်းနေရတာက ပိုကောင်းပါတယ်
ပို အဆင်ပြေမယ် ထင်ပါတယ်