စာဖတ်​သူသို့

Words
90
Reading
1 min
9y
Listen to this post
~1 min

“ကမ္ဘာကိုဝင်တိုက်မယ့် ဂြိုလ်သိမ် ဂြိုလ်မွှားများကို Nuclear ဖြင့် ဖျက်ဆီးမယ့်NASA”
image
သိပ္ပံပညာရှင်များက Bennu အမည်ရအရွယ်ကြီး ဂြိုလ်အပိုင်းအစတစ်ခု ဟာ ၂၁၃၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာကမ္ဘာကို ၀င်တိုက်မယ်လို့ တွက်ချက်ထားကြပါတယ်။
image
အဲဒီလိုမျိုး ပြဿနာများကိုဖြေရှင်းဖို့အတွက် နာဆာကနည်းလမ်းများကိုရှာဖွေနေပါတယ်။ အဲဒီအထဲမှ တစ်ခုကNuclear လက်နက် ဖြစ်ပါတယ်။

နာဆာ၊ အမျိုးသားနယူးကလီးယားလုံခြုံရေးညွှန်ကြားမှု ဦးစီးဌာနနဲ့ စွမ်းအင်ဌာနရဲ့ လက်နက် သုတေသနဌာနတို့ ပူးပေါင်းပြီးကမ္ဘာကို ၀င်တိုက်မယ့် ဂြိုလ်သိမ် ဂြိုလ်မွှားများကိုဖျက်ဆီးမယ့်အာကာသယာဉ် တစ်စီးကိုဒီဇိုင်းထုတ်ထားပါတယ်။အာကာသယာဉ်ဟာအလေးချိန် ၈.၈ တန် ရှိပြီးသူ့ရဲ့ အမည်မှာHAMMER (Hypervelocity Asteroid Mitigation Mission for Emergency Response) ဖြစ်ပါတယ်။

အရွယ်ကြီး ဂြိုလ်သိမ် ဂြိုလ်မွှားများဟာကမ္ဘာကိုဝင်တိုက်လေ့ သိပ်မရှိပေ မယ့် ဖြစ်လာခဲ့ရင် ကာကွယ်ဖို့ နည်းလမ်းများကိုပညာရှင်များကဖန်တီးနေ ကြပါတယ်။ နာဆာကBennuရှိရာသို့ အာကာသယာဉ်တစ်စီးကို ၂၀၁၆ ခုနှစ်မှာစေလွှတ်ထားပါတယ်။ အဲဒီယာဉ်ဟာယခုနှစ်နှောင်းပိုင်းမှာ Bennuရဲ့ မျက်နှာပြင်မှ Sample များကိုယူဆောင်လာပြီးကမ္ဘာသို့ ပြန်လာမှာ ဖြစ်ပါတယ်။

Bennuဟာ ၁၇၄ ဘီလီယမ်ပေါင် အလေးချိန် ရှိပြီးတစ်မိုင်ရဲ့ သုံးပုံပုံ တစ်ပုံအကျယ် ရှိပါတယ်။ သူသာကမ္ဘာကို ၀င်တိုက်မယ်ဆိုရင် စမ်းသပ် ခဲ့ဖူးသမျှထဲမှာအကြီးမားဆုံးဟိုက်ဒရိုဂျင်ဗုံးထက် အဆ ၂၀ ကျော် ပိုမိုများပြားတဲ့ ထိခိုက်ပျက်ဆီးမှုကိုခံစားရမယ်လို့ ပညာရှင်များကတွက်ချက် ထားကြပါတယ်။

image

Crd by eaindray

စာဖတ်​သူသို့ | Ecency