My Love

Words
123
Reading
1 min
Listen
Play
9y

ကျွန် မကဘဝသမားပါ ချစ်သူ

လူသားတိုင်းရင် ဆိုင် နေရတဲ့ လောကဓံဆိုတာ
ဘဝသမားဖြစ် တဲ့ကျွန် မအတွက် တော့
ပိုပိုသာသာ လေး ရထားခဲ့လို့
အချစ် ဆိုတာကို ဂူတစ် လုံးလိုကိုးကွယ် နေဖို့
အချိန် မရဘူး ချစ်သူ.. .

လွမ်း ရေးထက် ဝမ်း ရေးကပိုခက် တယ် ဆိုသလိုမျိုး
ဘဝတစ် ခုက ချစ်သူ ပေးထားတဲ့အချစ် နဲ့
ရင် ဆိုင် ဖြေရှင်းလို့မှမရတာ..

ကိုယ့် အချစ် နဲ့ အရာအားလုံးအ ကောင်းတိုင်း
ဖြစ် စေမယ် ဆိုတဲ့ ချစ်သူ ဆို နေကျသီချင်းကလဲ
အားနာလို့သာနား ထောင် ပေးခဲ့ရတာ
ကျွန် မအတွက် တော့ ရယ် စရာဟာသတစ် ပုဒ် လိုပါပဲ..

စိတ် ကူးယဉ် တာကအပြစ် တစ် ခုမဟုတ် ပေမဲ့
စိတ် ကူး တွေကို အ ကောင် ထည် မ ဖော် တာက
အပြစ် ဖြစ် သွားပြီ ချစ်သူ
ဘဝဆိုတာစိတ် ကူး နေယုံနဲ့ပြီးဆုံးသွားတာမှမဟုတ် တာ

အဓိကနဲ့သာမညကိုခွဲပြပါဆိုရင် ကျွန် မအတွက် တော့
အဓိကကျ တာက ဘဝတစ် ခုပါ ဘဝတစ် ခုလုံးနဲ့ယှဉ် လာရင်
အချစ် ဆိုတာသာမညပါ
ကျွန် မကိုပိုင် ဆိုင် ဖို့အတွက် ငွေ ကြေးအ မြောက် များကြီး
ရှာလာစရာမလိုပါဘူး စိတ် ကူးယဉ် မဟုတ် တဲ့
ကိုယ် ပိုင် အရည် ချင်း လေးပါလာရင် ရပါပြီ ချစ်သူ

chitchit@chitchit

My Love | Ecency