သံသယ

Words
34
Reading
1 min
Listen
Play
8y

သံသယသုံးမျိုးရှိတယ်

ပထမတစ်မျိုးက
ကိုယ့်ကိုကိုယ်မယုံကြည်လို့
မြင်မြင်သမျှကို သံသယဖြစ်နေတတ်တာ။

ဒုတိယတစ်မျိုးက မသိစိတ်ရဲ့လှုံ့ဆော်မှုတစ်စုံတစ်ရာကြောင့်
သံသယစိတ်ဝင်နေတာ။

တတိယတစ်မျိုးက
တစ်ဖက်လူရဲ့အပြုအမူတွေဟာ ယုံကြည်ချင်စရာမကောင်းလောက်အောင်
ပြောင်းလဲလာလို့ သံသယစိတ်ရှိနေတာ။

သံသယမှန်သမျှ
ကိုယ့်အတွက် ပူလောင်စရာတွေချည်းပဲ
ဖြစ်နိုင်ရင်သံသယဖြစ်စေနိုင်မယ့်အရာတွေကို
မစဉ်းစားပါနဲ့
အကယ်၍ တစ်ဖက်လူက
ကိုယ်သံသယဝင်ထားသလိုဖြစ်လာပြီး
ခြေလှမ်းတွေပျက်ယွင်းနေပြီဆိုရင်တော့
ရှေ့ဆက်လက်မတွဲပါနဲ့
သံသယစိတ်နဲ့ဆက်သွားနေရင်
သူရောကိုယ်ရော စိတ်ရှုပ်ရမှာပဲ

အချစ်မှာ ပူလောင်စရာတွေများလာပြီဆိုရင်
ချည်ထားတဲ့ကြိုးလေးက
တစ်ချိန်မဟုတ်တစ်ချိန်
ပြတ်တောက်သွားမှာလေ

ပြတ်တောက်သွားရမယ့်အတူတူ
ကိုယ့်စိတ်ကိုအချိန်အကြာကြီး
ပူလောင်မခံသင့်ဘူး။

image

သံသယ | Ecency