Central Banking

bagone(30)
Published in
#esteem
Words
274
Reading
2 min
Listen
Play
8y

ဗဟိုဘဏ်​ လုပ်​ငန်း
❀ ❀ ❀ ❀ ❀ ❀

ဗဟိုဘဏ်​ သည်​ နိုင်​ငံတနိုင်​ငံရှိ ​ငွေ​ကြေးအဖွဲ့ အစည်းများအားလုံး တို့၏ ဦးစီး ဖြစ်​သည်​။ ​ချေး​ငွေနှင့်​ ​ငွေ​ကြေး
ဆိုင်​ရာ ကိစ္စအ၀၀တို့အား ကြီးကြပ်​ထိန်းချုပ်​​သော
တာဝန်​သည်​ ဗဟိုဘဏ်​၏ အဓိက တာဝန်​ ပင်​ဖြစ်
သည်​။ နိုင်​ငံ့အစိုးရ က ချမှတ်​ထား​သော ​ငွေ​ကြေး
ပေါ်လစီကို အ​ကောင်​အထည်​ ​ဖော်​ယင်း ​ငွေ​ကြေး
ဆိုင်​ရာ အဖွဲ့ အစည်းများတို့ကို ထိန်း​ကျောင်း​ပေး
လေသည်​။ပြည်​တွင်​သုံး​ငွေစက္ကူများကို ဗဟိုဘဏ်
က ထုတ်​​ဝေပြီး၊ နိုင်​ငံ့အစိုးရ၏ ဘဏ်​အဖြစ်​ ရပ်
တည်​​ပေးပြီး၊ ​ငွေ​ကြေးဆိုင်​ရာ အဖွဲ့ အစည်းများ
နှင့်​ တခြား​သော ဘဏ်​များအား ​ငွေထုတ်​​ချေး
ပေးခြင်းနှင့်​ ပြည်​တွင်းသုံး​ငွေ​ကြေးပမာဏ ကို
သင့်​တင့်​မျှတ​အောင်​ လုပ်​​ဆောင်​ခြင်း နှင့်​ ​ငွေ
ကြေး​ဖောင်းပွမှူ့ ကို ချိန်​ဆ ထိန်းကွပ်​ခြင်း
စသည့်​ ​ငွေ​ကြေးဆိုင်​ရာ လုပ်​ငန်းကိစ္စ အ၀၀
တို​အား တာဝန်​ယူ လုပ်​​ဆောင်​​ပေး​လေသည်​။
ပြည်​တွင်းဘဏ်​များ၏ အခက်​အခဲ များကို ကူ
ညီ​ဆောင်​ရွက်​​ပေးပြီး၊အစိုးရ၏​ငွေ​ရေး၊​ကြေး​ရေး
ကိစ္စ များကို အစိုးရ ကိုယ်​စား ​ဆောင်​ရွက်​​ပေး
သည်​။ ဗဟိုဘဏ်​ အ​ကြောင်း ပိုစ့်​တစ်​ခု အကျယ်
ရေးထားပြီးဖြစ်​၍ ၎င်းပို့စ်​၌ ဖတ်​ကြပါရန်​•••••••

ကူးသန်း​ရောင်းဝယ်​ ​ရေးဘဏ်​။ ။

ဗဟိုဘဏ်​ မှအပ ကျန်​ တခြား​သော ဘဏ်​များတို့
၏ လုပ်​ငန်း ​ဆောင်​တာများတို​၏ အ​ခြေ ခံလုပ်​ငန်း
များသည်​ ကူးသန်း​ရောင်းဝယ်​ ​ရေးဘဏ်​၏ လုပ်
ငန်းများဖြစ်​သည်​။၎င်းဘဏ်​သည်​ အပ်​​ငွေများကို
လက်​ခံခြင်း၊ ​ငွေထုတ်​​ချေး ခြင်း၊​ငွေလွှဲ စာတမ်းများ
ကိစ္စ​ဆောငိရွက်​ခြင်း၊​ရွှေနှင့်​​ငွေ ကိုဝယ်​ခြင်း၊​ရောင်း
ခြင်း၊ ဘဏ်​မှ တခြားသူများထံမှ ​ငွေ​ချေးယူခြင်း၊
ငွေ​ချေးသက်​​သေခံ လက်​မှတ်​များနှင့်​ အစုရှယ်
ယာ များတို့​ရောင်းဝယ်​ခြင်းတွင်​ ကိုယ်​စားလှယ်
အဖြစ်​​ဆောင်​ရွက်​​ပေးခြင်း၊ပြည်​တွင်း၊ပြည်​ပသို့
ငွေများလွှဲ​ပြောင်းတင်​ပို့​ပေးခြင်း၊ပြည်​တွင်း၊ပြည်​ပ
ငွေ​ကောက်​ခံခြင်းစသည့်​ လုပ်​ငန်းများကို
ဆောင်​ရွက်​​ပေး​လေသည်​။

ဗဟိုဘဏ်​အတိုး နှူန်း ​ပေါ်လစီ။ ။

ဗဟိုဘဏ်​ အတိုးနှူနိး အ​ပြောင်းအလဲလုပ်​ခြင်းသည်
ကူးသန်း​ရောင်းဝယ်​​ရေး ဘဏ်​များက ​ချေး​ငွေအ​ပေါ်
ယူ​သော အတိုးနှူန်းနှင့်​ ​ငွေ​ကြေး​ဈေးကွက်​ ရှိကာလတို
ချေး​ငွေ အ​ပေါ် ယူ​သော အတိုးနှူန်း အသီးသီးအ​ပေါ်
သက်​​ရောက်​ မှူ့ ရှိ​စေသည်​။ဗဟိုဘဏ်​အတိုးနှူန်းအ​တက်
အကျ ကိုလိုက်​၍ တခြား​သော အတိုးနှူန်းများ အတက်
အကျ လုပ်​​လေ့ရှိကြသည်​။ဗဟိုဘဏ်​အတိုးနှုန်းကို
မြှင့်​လိုက်​ပါက ​ငွေ​ကြေး​ဈေးကွက်​ရှိ အတိုးနှုန်းများ
ပါလိုက်​၍ မြှင့်​ကြသည်​။အလားတူ ဗဟိုဘဏ်​အတိုး
နှူန်းကိုချလိုက်​ပါက တခြား​သောအတိုးနှူနိးများကို
လည်း လိုက်​၍ ချ​လေ့ရှိတတ်​ကြပြီး၊ထိုအခါ၌
ကုမ္ပဏီများတို့သည်​ အတိုးနှူန်းနိမ့်​သညိ့အတွက်
ကြောင့်​ ​ချေး​ငွေ များစွာကို ​ချေးငှါးပြီး လုပ်​ငန်း
တိုးချဲ့မှူ့ လုပ်​ကြသည်​။

အတိုးနှူန်းများ။ ။

`အတိုး´ဆိုသည်​မှာ ​ချေးငှါးသည့်​​ငွေ​ကြေးအ​ပေါ်အတိုး
ယူခြင်းနှင့်​ အပ်​နံ စု​ဆောင်း​ငွေအ​ပေါ် အတိုး​ပေး
ခြင်းတို့ဖြစ်​သညိ။အတိုးယူသည့်​ပုံစံသည်​ တနိုင်​ငံ
နှင့်​တနိုင်​ငံ ၊ တဘဏ်​နှင့်​တဘဏ်​၊​ငွေ​ကြေး​ဈေးကွက်
တခုနှင့်​တခုတို့ မတူညီကြဘဲ ကွဲပြားမှူ့ ရှိကြ​လေသည်​။
နိုင်​ငံတနိုင်​ငံ ၏ဗဟိုဘဏ်​မှ ​ချေးယူသည့်​ ​ငွေ​ကြေးအ
ပေါ် အတိုးယူခြင်းကို Discount Rateဟု​ခေါ်သည်​။
ဘဏ်​အချင်းချင်း တို့ကြား ​​ငွေ​ကြေး အ​ပေါ်​ချေးယူသည့်
အတိုးကို Inter Bank Rateဟု​ခေါ်သည်​။ ကူးသန်း
ရောင်းဝယ်​​ရေးဘဏ်​များမှ ​ချေးယူသည့်​​ငွေ​ကြေးအ
ပေါ် အတိုးယူခြင်းကို Prime Rateဟု​ခေါ်သည်​။
ဘဏ်​အပ်​​ငွေအ​ပေါ် အတိုး​ပေးခြင်းကို Deposit Rate
ဟု​ခေါ်သည်​။ဘဏ်​စု​ဆောင်း​ငွေအ​ပေါ် အတိုး​ပေးခြင်း
ကို Saving Rate ဟု​ခေါ်သည်​။ချေးငှါးသည့်​သက်​တမ်းအ​ပေါ်မူတည်​ပြီး ကာလတို၊ကာလရှည်​ စသဖြင့်​​ခေါ်
သည်​။ ကာလတို ​ချေး​ငွေ အတိုးသည်​ ကာလရှည်
ချေးငှါးအတိုးထက်​ ရာခိုင်​နှူန်း ပိုများ​လေ့ရှိပါသည်​။

ခက်​ဆစ်​အဓိပ္ပါယ်​ ဖွင့်​ဆိုချက်​။ ။ Bank ဟူ​သော
အင်္ဂလိပ်​ ​ဝေါဟာရသည်​ Banco ဟု​ခေါ်​သော
အီတလီ စကားလုံးမှ ဆင်းသက်​လာခြင်းဖြစ်​သည်​။
Banco ၏ အဓိပ္ပါယ်​ မှာ ခုံငယ်​ ဟု အဓိပ္ပါယ်​ ရပြီး
၎င်းခုံငယ်​​လေးများဖြင့်​ ​ငွေ​ကြေးလုပ်​ငန်းလုပ်​​ဆောင်
လာရာမှ စတင်​​ပေါ်​ပေါက်​လာခြင်းဖြစ်​သည်​။အင်္ဂလိပ်
ဝေါဟာရ Bank ကို မြန်​မာတို့က ဘဏ်​ဟူ ၍မြန်​မာ
မှူ့ ပြု ထားသည့်​ စကားလုံးဖြစ်​သည်​။
Credit###
image

Central Banking | Ecency