ရတု

Words
91
Reading
1 min
Listen
Play
7y

#​​ကျေး​စေရတု

** သီတာလုံ​ရေ၊ သွန်း​လောင်း​စေဟု၊ ဘုံ​နေသိကြား၊ ရည်​ခန့်​ထား၍၊ ညွန့်​ထွားမြသွင်​၊ ​ပေါ်လျှင်​ပင်​တည့်​၊ သည်​တွင်​ သည်​ဟူ၊ သည်​မူ သည်​က၊ ​ခြေချမအား၊ ကင်းထားကင်း​နေ၊ ခွဲ​ဝေစုံဝက်​၊ စွယ်​ရှက်​ဘီလူး၊ ရူးမူးသဏ္ဌာန်​၊ စီဘန်​ ထက်​ကြပ်​၊ မလပ်​ပင်​​မြေ၊ ပုံဖြီး​ထွေ၍ ၊ လူ​မွေကိုထား၊ ပျံလွှားငှက်​မျှ၊ လက်​ကမအား၊ ပိတုံးပျားလည်း၊ ​ရှောင်​ရှားမစပ်​၊ အထပ်​ထပ်​သည်​။ ။
နေတပ်​ဝင်​ချ ပတ်​ထူလှ။

** ဂီဝါမုံ့​ရွေ၊ ပွင့်​လှ​ထွေကို၊ ​ကြော​နေစွမ်း​ခေါင်​၊ ဖြူ​ရောင်​စွယ်​​မြှေး၊ မကြုပ်​​သေးတည့်​၊ ​တောင်​​မွေးညိုမွတ်​၊ ယဉ်​စီမှတ်​ကို၊ ထွတ်​ထွတ်​ကြိုးနွယ်​၊ ချယ်​လှယ်​တင့်​စုံ၊ ဆင်​ပြီးတုံမှ၊ ကိုယ်​ယုံကြုံးဝါး၊ ဆီးတည့်​သွား၍၊ တန့်​နားကင်း​ထောက်​၊ တိုင်​​လေ​ရောက်​​သော်​၊ လန့်​​ကြောက်​ဘနန်း၊ ရံဝန်းဆီးဆ၊ ကြိုးနှင့်​ကြလည်း၊ နရသနင်း၊ စကြာမင်း၏၊ ရင်​တွင်းသည်းချာ၊ ​ကျော်​စွာမင်းရဲ၊ ရန်​ကဲဘုန်းဝှန်​၊ နန်း​လောင်း​ကျွန်​ဟု၊ ဆံစွန့်​မရွံ၊ ရွပ်​ရွပ်​နွံက၊ နှိုင်းစံရန်​သူ၊ ဘက်​မပြူသည်​။ ။
မဉ္ဇူပွင့်​စ ဆွတ်​ယူရ။

** နီလာဘုံ​နေ၊ နှိုင်းသင့်​​ထွေဖြင့်​၊ ချစ်​​ပေစဘွယ်​၊ လွန်​ဆန်းကြယ်​သား၊ ဘုန်းကြွယ်​ထွတ်​တင်​၊ မြင်းမိုရ်​သျှင်​လျှင်​၊ သဘင်​ခါပွဲ၊ ဆင်​စမြဲတည့်​၊ ထူးကဲတင့်​လွန်း၊ ထိုနတ်​ပန်းနှင့်​၊ ဝင်းထွန်းကြယ်​ဝါ၊ ဆင်းကလျာ၏၊ ​ကေသာ​ခေါက်​ကျိုက်​၊ ထုံးမြိတ်​၌လျှင်​၊ လိုက်​လိုက်​ဆင်​စိမ့်​၊ ဆင်း​ရောင်​ငြိမ့်​ကို၊ နှစ်​သိမ့်​​ထွေလာ၊ ​လျှောက်​​သောခါမူ၊ ပျူငှါမ​ရော၊ တိုင်းသ​ဘောဖြင့်​၊ လိုက်​​လျောဆင်​ခြင်​၊ ​နောင်​ကိုလျှင်​လည်း၊ ကျွမ်းဝင်​မှတ်​ယူ၊ မိန့်​​တော်​မူသည်​။ ။
ကြည်​ဖြူညွတ်​ခ နတ်​တူမျှ။

#နတ်​သျှင်​​​နောင်​. image

ရတု | Ecency