Poem

Words
39
Reading
1 min
Listen
Play
7y

** ဟင်းလင်းပြင်

အိမ်​မက်​​တွေထဲ စာအုပ်​​တွေထဲက ​ခေါင်း​ထောင်​ကြည့်​မိ..
နွေ​ခေါင်​​နေဆဲ
မိုး​ရှောင်​​နေဆဲ..
မတတ်​နိုင်​...
ဒုတိယအိမ်​မက်​ထဲ လက်​ပစ်​ကူးပစ်​လိုက်​​တော့မယ်​...
ထင်​ရာမြင်​ရာ​တွေက ထိ​တွေ့ဖို့ ရှားတယ်​..
အလင်း​ရောင်​ဟာ ကိုယ်​တိုင်​ဖြစ်​လာတဲ့အခါ
အ​မှောင်​ဆုံးအရပ်​အတွက်​ ဖြစ်​​စေမယ်​....
ဒီလိုနည်းနဲ့
ပါးလျမှု​တွေဆီမှာ ကျမ
ပျော်​ရွှင်​စွာ အ​ငွေ့ပျံရုံမှ လွှဲ၍
ဘာကိုမှ ​ရေစက်​မချလို​တော့...
ဒုတိယအိမ်​မက်​ထဲက ကျမကို
လက်​ကုန်​နှိုပ်​ပြီးလည်း မရှာပါနဲ့.
ရေရွတ်​ပြီးလည်း မတမ်းတပါနဲ့.
မျှော်​လင့်​ရာအတိုင်း ​ဝေး.......
ကိုယ့်​ဘာသာ ထွက်​​ပြေး​နေခွင့်​​ပေးပါ...
ကိုယ့်​ကိုယ်​ကိုယ်​က ပို​ကြောက်​ဖို့​ကောင်းလို့...

I'm ATM. image

Poem | Ecency