Bussiness news

image

စီးပွားရေး အကျပ်အတည်း ဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှုကြောင့် အင်္ဂလန်ဘဏ်မှ အရန်ရွှေများကို ဟန်ဂေရီ ပြန်လည် ထုတ်ယူ

ဟန်ဂေရီအမျိုးသားဘဏ် (HNB) သည်ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အင်္ဂလန်ဘဏ်၌ အပ်နှံထားသည့် ၎င်းတို့၏ အရန်ရွှေတန်ချိန် သုံးတန်ကို ပြန်လည်ထုတ်ယူ သွားပြီဖြစ်ကြောင်း Gold Seek ဝက်ဆိုက်က ထုတ်ပြန် သည်။ ဗြိတိန်နိုင်ငံ၌ စီးပွားရေး အကျပ်အတည်း ဖြစ်ပွားလာနိုင်သည်ဟူသော စိုးရိမ်မှုများ ထွက်ပေါ်လာခြင်း ကြောင့် သြစတြီးယား၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗင်နီဇွဲလား ဗဟိုဘဏ်တို့က အင်္ဂလန်ဘဏ်၌ ထားရှိ သည့် ၎င်းတို့၏ အရန်ရွှေများကို ပြန်လည် ထုတ်ယူပြီးနောက်ပိုင်း HNB လည်း အလားတူ ထုတ်ယူခြင်းဖြစ်သည်။

နိုင်ငံ၏ ခိုင်မာသည့်အရန်ရွှေများကို ပြည်ပ၌ထားရှိခြင်းက စွန့်စားမှုတစ်ရပ် ဖြစ်သည်ဟု အဆို ပါနိုင်ငံများက ယူဆထားသည်။ ထို့ပြင် ဗြိတိန်အစိုးရသည် ဟန်ဂေရီနိုင်ငံ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ခြင်း မရှိဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ယူဆထားပြီး နိုင်ငံ၏ အရန်ရွှေများကို ပြည်ပနိုင်ငံ၏ လက်ဝယ်အတွင်း ထားရှိခြင်း ထက် နိုင်ငံ၏အနီးဝန်းကျင်တွင် ထားရှိရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု Gold Seek တွင်ဖော်ပြထားသည်။

image

ကမ္ဘာ့နိုင်ငံများမှ ဗဟိုဘဏ်များသည် စီးပွားရေး အကျပ်အတည်း ဖြစ်ပွားမှုကို တုံ့ပြန်နိုင်ရေးအတွက် ၂ဝ၁ဝ ပြည့်နှစ်မှ စ၍ အရန်ရွှေများကို စတင်စုဆောင်းလာခြင်း ဖြစ်သည်။ ရုရှား၊ တရုတ်နှင့် တူရကီနိုင်ငံတို့သည် ၎င်းတို့၏ အရန်ရွှေပမာဏကို မကြာသေးမီက တိုးမြှင့်စုဆောင်း ခဲ့ကြပြီး ရုရှားနိုင်ငံက၂ဝ၁၅ ခုနှစ်မှစ၍ ရွှေကိုလစဉ် ဝယ်ယူစုဆောင်းလျက်ရှိသည်။ ထို့ပြင် ယင်းနိုင်ငံများ သည် ၎င်းတို့အကြား လုပ်ဆောင်သည့် ပြည်ပကုန်သွယ်ရေးတွင် ဒေါ်လာငွေကြေး လွှမ်းမိုးမှုကို ဖယ်ရှားနိုင် ရေးအတွက် ရွှေကိုအသုံးပြုရန် တိုက်တွန်း အားပေးလျက်ရှိသည်။

image

Crediy # Myanmar News Local / Google Image

MSO-34 (@aungpaing)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now