မထင်မှတ်တဲ့ အချိန်အခိုက်အတန့်လေးတစ်ခုမှာ
စူးနစ်စွာ ဝင်လာခဲ့တဲ့ သူလေးကို
တစ်သက်စာ ထာဝရလက်တွဲချင်တဲ့စိတ်နဲ့
ပြီးပြည့်စုံသော အချစ်တွေထက် ပိုချစ်ခဲ့ဘူးတယ်။
ဘဝအတွက် ပြင်ဆင်ချိန်တွေ လက်ချိုးရေတွက်ရင်း
ချစ်လာခဲ့တဲ့ ကျနော်တို့နှစ်ယောက်
ကံကြမ္မာ အကြောင်းဖန်လာတော့
ဝေးသွားမှာ စိုးကြောက်မိတယ်။
သွေးစွန်းမတတ် ကြေကွဲမိတဲ့ နှလုးံသားထဲမှာ
သူ့ရဲ့ပုံရိပ်တွေ ခုချိန်ထိ ရှိနေဆဲပါ
သူဟာ ကျနော့်အတွက် အိမ်မက်ကမ္ဘာတစ်ခုပါဘဲ
မြတ်နိုးစိတ်တွေနဲ့ စွဲလန်းခဲ့ရဘူးတယ်
အတွေးထဲမှာ မျှော်လင့်ချက်များစွာနဲ့
အချိန်တိုင်းမှာ ပျော်နေမိတယ်။
ကျနော်တို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်က
ကွာခြားတဲ့ ပမာဏတွေများနေခဲ့တယ်။
မတူညီတဲ့ အဖြစ်အပျက်တွေကြောင့်
ဘဝတစ်ခြမ်း တိမ်းစောင်းသွားခဲ့ရတယ်။
အတွေးအိမ်မက်တွေကို ပျက်စီးသွားတော့
ကျနော့်အတွက် အလွမ်းမိုင်တိုင်တွေ စတင်လာခဲ့တယ်။
ဒီလိုနဲ့ မေ့လို့မရတဲ့ အကြောင်းတွေကို ထုဆစ်နေရင်း
အတိတ်က အဖြစ်အပျက်တစ်ခုမှာ စွဲလန်းခဲ့ရဘူးတဲ့
မင်းကို ငါအရမ်းလွမ်းတယ် ချစ်သူ ......
SMT67 @aungkyawsoe
Photo from fb