အမြဲတမ်း

auelork(41)
Published in
#esteem
Words
114
Reading
1 min
Listen
Play
8y

တွေ့ဆုံခြင်း​တွေ ရှိခဲ့ဖူးသလို
ခွဲခွာခြင်း​တွေလည်း ရှိခဲ့ဖူးသည်

အမှတ်​တရ​တွေ ရှိခဲ့ဖူးသလို
မေ့မရခဲ့တာ​တွေလည်း ရှိခဲ့ဖူးသည်

image
Photo google

ခင်​မင်​ခဲ့ကြ​တွေ ရှိခဲ့ဖူးသလို
စိမ်းကားသွားကြ​တွေလည်း ရှိခဲ့ဖူးသည်

ဆက်​ဆံ​ရေးတည်​တံ့​နေတာ​တွေ ရှိခဲ့ဖူးသလို
အများကြီး​ပြောင်းလဲသွားတဲ့သူ​တွေလည်း ရှိခဲ့ဖူးသည်

ဘာနဲ့မှ မလဲလှယ်​နိုင်​သည့်​အချိန်​​တွေ ရှိခဲ့ဖူးသလို
ဘာနဲ့မှ အစားထိုးလို့မရသည့်​အချိန်​​တွေလည်း ရှိခဲ့ဖူးသည်

ပြန်​မရနိုင်​​တော့သည့်​အချိန်​​တွေ ရှိခဲ့ဖူးသလို
ပြန်​သွားချင်​တဲ့စိတ်​​တွေလည်း ရှိ​နေ​သေးသည်

ယခုအချိန်​ထိပါပဲ သတိ​နေတုန်း​လေ
ယခုအချိန်​ထိပါပဲ လွမ်း​ဆွေးတမ်းတမိ​နေတုန်း​လေ

တစ်​​ယောက်​နဲ့တစ်​​ယောက်​ ယုံကြည်​မှုထားခဲ့တယ်
တစ်​​ယောက်​နဲ့တစ်​​ယောက်​ နားလည်းမှုအပြည့်​ရှိခဲ့တယ်

တစ်​​ယောက်​နဲ့တစ်​​ယောက်​ သံ​ယောဇဉ်​ဖြစ်​တည်​​ခဲ့တယ်
တစ်​​ယောက်​နဲ့တစ်​​ယောက်​ ခွင့်​လွှတ်​​ပေးခဲ့တယ်

တစ်​​ယောက်​နဲ့တစ်​​ယောက်​ စိတ်​ရှည်​သည်းခံခဲ့တယ်
တစ်​​ယောက်​နဲ့တစ်​​ယောက်​ ကူညီ​ဖေးမ​ပေးခဲ့တယ်

တစ်​​ယောက်​နဲ့တစ်​​ယောက်​ အတူမျှ​ဝေခံစားခဲ့တယ်
ဂုဏ်​​ရွှေ​ငွေစည်းစိမ်​ဥစ္စာပစ္စည်းအသိုင်းအဝိုင်း ကင်းမဲ့၏

အားလုံးဟာ တန်းတူညီတူ ဆက်​ဆံ​ရေး​တွေပဲ ရှိခဲ့သည်
ဆိုးအတူ၊အ​ကောင်းဖက်​ စည်းလုံးမှု​တွေပဲ ရှိခဲ့သည်

တစ်​အိုးထဲက ထမင်းကို အများစားခဲ့ကြသည်​မဟုတ်
အများထဲက ထမင်းကို တစ်​စုတစည်းထဲ စားခဲ့ကြသည်

အဲ့လိုအချိန်​အခိုက်​အတန့်​​တွေ ရှိခဲ့ဖူးတာမို့
ဘယ်​အ​ခြေအ​နေပဲ​ရောက်​​စေကာမူ အမှတ်​ရ​နေပါ၏

ဒါ​ပေမဲ့ ယခုအချိန်​မှာ​တော့ အရာအားလုံးဟာ
အရင်​ကနဲ့မတူ​တော့ပါဘူး အ​ရောင်​​တွေအထိ 
ပြောင်းလဲသွားခဲ့သည်​မှာ အမှန်​ဖြစ်​သည်

တချို့​တွေက ကိုယ်​နဲ့မတူသလို မတန်​သလိုနဲ့
ဆက်​ဆံ​ရေး​တွေ တင်းမာလာကြ၏

တချို့​တွေက အ​နေစိမ်း​၍ လမ်းမှာ ​တွေ့ရင်​​တောင်
မျက်​နှာလွှဲကာ အမူပျက်​သွားကြ၏

တချို့​တွေက အပြုံး​တွေပျက်​ပြီး နှာ​ခေါင်းရှုံ့ သွားကြသည်
တချို့​တွေက အမြင်​မကြည်​ရုံမက အမုန်းဓာတ်​ပါ​နေသည်

အဲ့လို ​ပြောင်းလဲမှုကြီး​တွေလည်း ဖြစ်​တည်​ခဲ့သည်
အဲ့ထဲမှာမှ မ​ပြောင်းလဲဘဲ အရင်​လိုရှိ​နေသူ​တွေလည်း
ရှိ​နေခဲ့​သေးသည်​ ယခုအချိန်​ထိ​ပေါ့ ခင်​မင်​ကြတုန်းပါပဲ

image
Photo google

အဲ့ထက်​အ​သေချာဆုံးစကား​ပြောမည်
ငါတို့​ဟာ သူငယ်​ချင်းထဲကမှ သူငယ်​ချင်း​ကောင်း​တွေပါပဲ

သူငယ်​ချင်းဖြစ်​ခဲ့ဖူးသူအားလုံး အ​လေးနက်​ဆုံး​ပြောမည်
ယ​နေ့ထိတိုင်​ အားလုံးကိုလည်း သူငယ်​ချင်းလို့ပဲ
ေ​သသည့်တိုင်​အောင် ​​​ထာဝရမှတ်​သားထားပါ့မယ်

အမြဲတမ်း | Ecency