အပျိုကြီး

auelork(41)
Published in
#esteem
Words
166
Reading
1 min
Listen
Play
8y

သရက်သီးတွေ ဖင်ရံှု့ရင် ပိုချိုတယ်ဆိုပေမယ့်
အချိန်လွန်ရင် ပုပ်တတ်သဗျ…။

အပျိုကြီးဆိုတဲ့ နာမ်စားက
ခေါ်လို့လဲမကောင်း ခေါ်ခံရတဲ့သူလဲမကောင်း…။

image
google

လူကြီးတွေက သမီးလေးခေါ်နေတုန်း
ကိုယ့်ကိုယ်ကို မြီးကောင်ပေါက်လေးထင်…
ကလေးတွေက အန်တီခေါ်လိုက်မှ
ဂယောင်ခြောက်ခြားနဲ့ ပြက္ခဒိန်လှန်ကြည့်ရတာမျိုး…။

နောက်ကားတွေက တဝှီးဝှီးကျော်တက်
စောသေးလို့ အကြောပေးထားတာ ပြောနေရပေမယ့်
တိုင်ကီထဲမှာ ဆီကနည်းနေပြီ…။

အမေ စပ်ဟပ်ပေးတာလဲ မလိုချင်
အဖေ သဘောတူတာလဲ မကြိုက်
ကိုယ့်စိတ်ကြိုက် ခေါင်းခေါက်ရွေးဖို့ကလည်း
ငရဲကြီးမယ့် ဆိုဒ်…
ကပ်လာသမှျက အန်ကယ်ကြီးတွေ…။

အပျင်းပြေမလားဆိုပြီး ဟင်းလေးချက်
ကျွေးရမယ့်သူမရှိတော့ ကိုယ့်ဘာသာစား
ဝ ဝလာမှ ငိုမဲ့မဲ့နဲ့ ဒေါသတွေထွက်…
ဘာလုပ်လုပ် အဆင်မပြေပါဘူးတဲ့…။

အပူမရှာဘူးဟေ့ လို့ ကြွေးကြော်
ချမ်းလာတော့လဲ လွမ်းသလိုလို၊ဆွေးသလိိုု
အနွေးဓာတ်လေးလိုချင်တော့မှ လောင်စာကနတ္ထိ~
မရှိတရားဆိုတာ ခါးတတ်မှန်းသိလာတယ်…။

အလှသွေးလေးကြွယ်တုန်း ရှာတော့
Expire date လေး နီးလာတာလဲသတိပြု…
သံုးဆယ်ကျော်ရင် မစဥ်းစားနဲ့
ငှက်ပျောပင်သာ ကြိုစိုက်ထား…။

ဒီခေတ်ကြီးမှာ…
ငါးဆယ်တန်အပြဲ နဲ့ သံုးဆယ်ကျော်အပျိုကြီးဆိုတာ
သူတောင်းစားသွားလှူတောင် မျက်စောင်းထိုးခံရတာ…။

ကဲ…ကဲ…
အချိန်ရှိခိုက် လံု့လစိုက်
ရတာလေးတွေ ဆွဲစိ ၊ ရှိတာလေးတွေ ပိုက်ထား
ဒီနှစ်မကူးခင် မင်္ဂလာစားပွဲကျွေးနိုင်အောင် ကြိုးစား။
သရက်သီးတွေ ဖင်ရံှု့ရင် ပိုချိုတယ်ဆိုပေမယ့်
အချိန်လွန်ရင် ပုပ်တတ်သဗျ…။

အပျိုကြီးဆိုတဲ့ နာမ်စားက
ခေါ်လို့လဲမကောင်း ခေါ်ခံရတဲ့သူလဲမကောင်း…။

လူကြီးတွေက သမီးလေးခေါ်နေတုန်း
ကိုယ့်ကိုယ်ကို မြီးကောင်ပေါက်လေးထင်…
ကလေးတွေက အန်တီခေါ်လိုက်မှ
ဂယောင်ခြောက်ခြားနဲ့ ပြက္ခဒိန်လှန်ကြည့်ရတာမျိုး…။

နောက်ကားတွေက တဝှီးဝှီးကျော်တက်
စောသေးလို့ အကြောပေးထားတာ ပြောနေရပေမယ့်
တိုင်ကီထဲမှာ ဆီကနည်းနေပြီ…။

အမေ စပ်ဟပ်ပေးတာလဲ မလိုချင်
အဖေ သဘောတူတာလဲ မကြိုက်
ကိုယ့်စိတ်ကြိုက် ခေါင်းခေါက်ရွေးဖို့ကလည်း
ငရဲကြီးမယ့် ဆိုဒ်…
ကပ်လာသမှျက အန်ကယ်ကြီးတွေ…။

အပျင်းပြေမလားဆိုပြီး ဟင်းလေးချက်
ကျွေးရမယ့်သူမရှိတော့ ကိုယ့်ဘာသာစား
ဝ ဝလာမှ ငိုမဲ့မဲ့နဲ့ ဒေါသတွေထွက်…
ဘာလုပ်လုပ် အဆင်မပြေပါဘူးတဲ့…။

အပူမရှာဘူးဟေ့ လို့ ကြွေးကြော်
ချမ်းလာတော့လဲ လွမ်းသလိုလို၊ဆွေးသလိိုု
အနွေးဓာတ်လေးလိုချင်တော့မှ လောင်စာကနတ္ထိ~
မရှိတရားဆိုတာ ခါးတတ်မှန်းသိလာတယ်…။

အလှသွေးလေးကြွယ်တုန်း ရှာတော့
Expire date လေး နီးလာတာလဲသတိပြု…
သံုးဆယ်ကျော်ရင် မစဥ်းစားနဲ့
ငှက်ပျောပင်သာ ကြိုစိုက်ထား…။

image
google

ဒီခေတ်ကြီးမှာ…
ငါးဆယ်တန်အပြဲ နဲ့ သံုးဆယ်ကျော်အပျိုကြီးဆိုတာ
သူတောင်းစားသွားလှူတောင် မျက်စောင်းထိုးခံရတာ…။

ကဲ…ကဲ…
အချိန်ရှိခိုက် လံု့လစိုက်
ရတာလေးတွေ ဆွဲစိ ၊ ရှိတာလေးတွေ ပိုက်ထား
ဒီနှစ်မကူးခင် မင်္ဂလာစားပွဲကျွေးနိုင်အောင် ကြိုးစား။

အပျိုကြီး | Ecency