သိမြင်​နိုင်​ကြပါ​စေ

အိမ်​​ဘေးနားက သဘာဝအ​လျှောက်​ စီးဆင်း​နေတဲ့ စမ်း​မြောင်း ​လေးမရှိ​တော့ဘူး... အဲဒီအစား နှစ်​​ပေါင်း ၅၀ ​လောက်​ ပြတ်​​တောက်​​နေတဲ့ ​တောင်​​မြောက်​လမ်း​ကြောင်း တစ်​ခု အချိတ်​အဆက်​ မိခဲ့ပြီ...
လမ်းကပြီးလုပြီးခင်​မှာပဲ ပြည်​သူ​တွေ လမ်း​ပေါ်ထွက်​လာကြပြီ
သူတို့​တွေ လကမ္ဘာ​ပေါ်​ခြေချသလို ကမ္ဘာ​မြေရဲ့ လမ်းကျဉ်း​လေး တစ်​ခုအ​ပေါ် မရဲတရဲ အသာလှမ်း​လျှောက်​ကြတယ်
ဒါအိပ်​မက်​မဟုတ်​ဘူး...တကယ်​ပါပဲ ဆိုတာ လမ်း​ပေါ်က slowdown က သက်​​သေပါပဲ...
ကားဆရာ​တွေ ​ပြော​နေကြစကား​တော့ ရှိတယ်
"လမ်းက​တော့​ကောင်းသွားပြီ...ဘရိတ်​​ကောင်းဖို့ပဲ လို​တော့တယ်​တဲ့..."
ဒီ​နေ့ကျမှ ကျ​နော့်​ သား အငယ်​​ကောင်​က ​ချောင်​ထိုးထားတဲ့ သူ့စက်​ဘီး​လေး ထုတ်​ပြီး အားပါးတရ နင်း​နေ​လေရဲ့...
ခဏကြာ​တော့ ​ဖေ​ဖေ လမ်း​ကောင်းသွားပြီ
စက်​ဘီးအသစ်​တစ်​စီး ဝယ်​​ပေးပါတဲ့...

အေး​ပေါ့​လေ...သားတို့လမ်း​တွေ​ကောင်းလာပြီ ဆို​တော့
ဖေ​ဖေတို့ဘက်​က စက်​ဘီးအသစ်​​တွေ ဝယ်​​ပေးဖို့ လိုလာပြီ​ပေါ့
ဒါ​ပေမဲ့ ဘရိတ်​​ကောင်း​ကောင်းနဲ့ ကိုယ့်​အရှိန်​ကိုယ်​အုပ်​တတ်​ဖို့
သင်​​ပေးရအုံးမှာ​ပေါ့​လေ....
image
Credit###

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center