မြတ်​နိုးစွာ

"မြတ်နိုးစွာ ကြွေခွင့်.."

ခြွေယူစဉ်အခါကတော့..
သခင့်အလိုကျ
လည်စင်းပေးဖို့ရာ
စွန့်စားမှုနဲ့
တတ်စွမ်းသမျှ
ငါ ဝေဆာနိုင်ခဲ့ပါသေးတယ်...
ခပ်ယဲ့ယဲ့သခင့်အပြုံး
တခဏလောက်လေးပဲကြွေကြွေ..
ငါ ဖြန့်ခင်းပေးတဲ့ ရနံ့သင်းသင်းတွေနဲ့
သူစံမြန်းနိုင်ဖို့ရာ..
ငါ လေ...
ခပ်နွမ်းနွမ်းလေးရှင်သန်ခဲ့တာပါ...။
ဘယ်ဘဝကဝဋ်ကြွေးလဲမသိ .
ပေးဆပ်ခဲ့ခြင်းမှာ
အပျော်တွေအရစ်လိုက်နဲ့..။
ခြွေယူသူရယ်လေ..
ရနံ့ခြွေခြွေ
အရိုးချိုးချိုး..
သက်ဆက်နှင်းရင်း ပဲဖြစ်ဖြစ်..
အပြစ်မမြင်မိသူရင်မှာဖြင့်..
နွမ်းရတဲ့ဘဝဟာ...
ချစ်ရသူအတွက်ဆို..
ဘဝ ရဲ့ အလှအပ တစ်ခုပါ...။

image
@alyk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center