စွဲလမ်း​နေပြီလား

အိပ်​ရာကအထ မျက်​စိနှစ်​လုံး​တောင်​ ​သေချာမပွင့်​​သေး..
အနားက ဖုံးကို လှမ်းဆွဲ..

ရေအိမ်​မှာထိုင်​..
၅မိနစ်​နဲ့ ပြီးရမဲ့ ကိစွ မိနစ်​ ၂၀​လောက်​ကြာသွား..

အိုစမာကို လာမဟိုင်းနဲ့..တဲ့
အပြီး​ပြောထားလိုက်​မယ်​​နော်​ ဒါပဲတဲ့..
ဟဲ့..ဘာကြီးတုန်း..
ဆက်​ကြည့်​ရမယ်​ ရုံး​ရောက်​မှ..​ဆေ့ထားလိုက်​ဦးမှ..

မနက်​စာ စား​တော့လည်း
အိမ်​သား​တွေအချင်းချင်း​ပြောမိကြ..

မ​နေ့ညက Facebook ​ပေါ်မှာ​တွေ့လိုက်​​သေးလား..
ဟိုတစ်​​ယောက်​​လေ..
ဘာ​တွေဖြစ်​​နေမှန်းကိုမသိတာ
ဘယ်​သူက​တော့ ဘယ်​ကို​ရောက်​​နေပြန်​ပြီ
Facebook ​ပေါ်မှာ​တွေ့တာပဲ..

သတင်းစာလား..
ဘယ်​သူမှမဖတ်​ကြ​..
Facebook ​ပေါ်မှာက ပို​တောင်​သတင်း​စုံ​သေး
မြန်​​သေး..အရုပ်​လည်း​ရောင်​စုံ သက်​ဝင်​လှုပ်​ရှား​နေတာကိုမြင်​ရ

ရုံးအသွား ​ကျောင်းအသွား ကားဂိတ်​မှာ ကား​ပေါ်မှာ ဖုံး​တွေပွတ်​....

ကင်​​မြောင်​ကို အ​ကောင်း​တွေ​ပြော​နေကြပြန်​ပြီ
ထရန့်​ကိုလည်း ချစ်​ကြပြန်​ပြီ

အလုပ်​မှာ ခဏ​လေးအနားရ
ဖုံးကိုပဲပွတ်​မိကြ..

အမ​လေး
ဒီဝတ်​စုံ​လေးလှတယ်​ ပုံ​လေး​ save ထားလိုက်​ဦးမှ..
အပ်​ချုပ်​ဆိုင်​ပြရ​အောင်

ထမင်းစားချိန်​ လူစုံ​တော့​ပြောကြပြန်​..

ဟေ့.. ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ကမြင်း​ကြောဆွဲ​နေကြတဲ့ဟာ​လေး​တွေ​လေ..
ဘယ်​မှာလဲ..ပြ..ပြ..
နေဦး​နေဦး..ပြန်​ရှာလိုက်​ဦးမယ်
သြော်​..ဒီမှာ​တွေ့ပြီ
ဟယ်​..စိတ်​ညစ်​လိုက်​တာ..
သောက်​မြင်​ကတ်​လို့ မန့်​​လေးတစ်​ခု​တော့ ဝင်​​ပေးလိုက်​ဦးမယ်

သမီးရယ်​ ရုပ်​က​လေးကချစ်​စရာပါ
သမီးအရွယ်​နဲ့ဒါမျိုး​တွေမလုပ်​သင့်​ပါဘူး
မိဘ​တွေကိုအားနာပါ..

အယ်​လယ်​..
ကိုယ့်​မန့်​ကိုယ်​ကြည့်​ပြီး ​ကျေနပ်​..

ဘယ်​သူများ ကိုယ်​မန့်​ထားတာကို လာ like လုပ်​မလဲ..အလုပ်​လုပ်​ရင်းစိတ်​က​ရောက်​..
အိမ်​သာထဲဖုံးယူသွားပြီး ခိုးဖွင့်​ကြည့်​....

ငါ့ဘာသာစွံလို့ ရည်းစားနှစ်​​ယောက်​ထားတာဘာဖြစ်​လဲ
နင့်​လိုရုပ်​ရည်​နဲ့ တစ်​​ယောက်​​တောင်​​သောက်​ဖြစ်​ရှိ​အောင်​ထားနိုင်​လို့လား
လာ​ပြောမ​နေနဲ့..တဲ့..

အယ်
ကြည့်​စမ်း
လာဆဲထားပါလား
ပြန်​ကိုဆဲပစ်​ဦးမယ်​ ရုံးဆင်းမှ..
လော​လောဆယ်​ ​ဘော်​ဒါ ​တွေကို စစ်​ကူအ​နေနဲ့ မန်းရှင်းထားလိုက်​ဦးမှ

အိမ်​အပြန်​ ဖုံး​​တွေကိုပွတ်​ရင်း
ဟဲ့ ဝက်​မရဲ့
နန့်​​ကြောဆွဲမရဲ့..
အသံတိတ်​ရန်​ဖြစ်​ပွဲကြီး ဖုံး​ပေါ် ​​ရုန်းရုန်းထ...
နောက်​ဆုံး တစ်​ဘက်​က အင်​အားမမျှလို့ အရှူံး​ပေးပြီး တစ်ဖွဲ့လုံး​ဘ​လော့သွားမှ ကိစွငြိမ်းသွား...

ဒါ​တောင်​ မပြီး​သေး..
အိမ်​​ရောက်​​တော့လည်း ပွတ်​ပြန်​တယ်​ ပွတ်​တယ်
ပေါက်​ကွဲသံစဉ်​ စ​တေးတပ်​စ်​ တစ်​ခု​တော့ တင်​လိုက်​ရ​သေး..

လူဆိုလူလိုသိကြ​ဟေ့..
ငါ့ကို ဒီအ​ကောင့်​နဲ့ ဘ​လော့ပြီး ​နောက်​အ​ကောင့်​နဲ့ လာ​ချောင်းကြည့်​​နေမဲ့ဟာ​တွေရဲ့..ငါတို့က ကိုယ့်​ထမင်းကိုယ်​စား​နေတာ..လူပါးလာမဝနဲ့..အမြင်​မ​တော်​ရင်​​တော့​ပြောမှာပဲ..ငါ့ပါးစပ်​ကိုသိ​တယ်​မလား..
ဇရှိရင်​ ဇဲ့..အဲ​လေ ဒဲ့လာရှင်း..

ဟွန်း..အဲလို public ဖွင့်​ပြီးတင်​​ပေးထားလိုက်​တယ်​..

ခဏနားမယ်​ကြံကာရှိ​သေး
ကလင်​က​လောင်​နဲ့ ချက်​​ဘောက်​စ်​က အသံ​ပေးပြန်​..
ချစ်​​ရေ..ဘာ​တွေဖြစ်​​နေတာလဲ..စိတ်​​လျော့..စိတ်​​လျော့တဲ့..

ဖြစ်​​ကြောင်းရယ်​ ကုန်​စင်​​တွေ​ပြောပြီးသကာလ..
အင်း..ခုနပို့စ်​​အောက်​မှာ reply ​တွေ​တော့ လုပ်​လိုက်​ဦးမှ
စိတ်​ပူ​နေကြဦးမယ်​​လေ..

စိတ်​ဆိုး​နေတဲ့အသံ​လေးက စွာစိ​လေး ချစ်​ထှာ ခိခိ..တဲ့..
အောင်​မယ်​..
သူများစိတ်​ဆိုး​နေတာကို ခိခိ လာလုပ်​​နေတာ​လောက်​ ​စောက်​သည်း​ပေါက်​တာမရှိဘူး..
လာမယ်
Angry Reaction ​ပေးပစ်​လိုက်​တယ်​..

ဟိုကြည့်​ ဒီကြည့်​နဲ့..
အမ​လေး.. မမခိုင်​​ရေတဲ့..
မချိတင်​ကဲ​တွေ ငို​နေပါလားဟဲ့
မန့်​​တွေလိုက်​ဖတ်​လိုက်​ဦးမယ်
ခိခိ
ဟယ်​..
ဒီဒီဇိုင်း​လေးမိုက်​တယ်​ လကုန်​ရက်​​ရောက်​​တော့မှာပဲ
မှာလိုက်​ဦးမယ်
ရေပြာအိုင်​တဲ့..
သူများ​တွေသွားကြတာကိုယ်​လည်းသွားချင်​လိုက်​တာ..
ဟယ်​ ကြည့်​စမ်း ကြည့်​စမ်း
သိန်း၈ထောင်တန်​ကားတဲ့..
အပိုဆာဒါး​တွေပါ​အေ..
သြော်​ အ​မေစုလည်းအဝုန်းခံရပြန်​ပြီ
ဒီ ဗရမ်းပတာ​တွေနဲ့​တော့ ဒုက္ခ..
ဟွန်း ​ကောင်းလည်းမ​ကောင်းဘဲနဲ့ ဗြူးဗြူးဗြဲဗြဲသီချင်း​တွေဆိုပြ​နေပြန်​ပြီ
စိတ်​ဆင်းရဲလိုက်​တာ..
အန်​ထားလိုက်​​ရင်​ ​ကောင်းမလား မသိ..
ဒီ ဒူးယွင်းသီးဆိုတာကြီးနဲ့..ကိတ်​မုန့်လုပ်​စား​နေကြတဲ့ ကိစွ ငါလုံးဝ ခံစားလို့မရပါလား
ဒီတစ်​​ယောက်​လည်း သူ့ကိုယ်​သူ သိပ်​​အောင်​မြင်​ ​ပျော်​ရွှင်​​နေပုံ​တွေလုပ်​ပြ
သူ့​ယောကျာ်း ဘာဖြစ်​​နေလဲဆိုတာ လူမသိတာကျလို့..
အင်း...
ဒီ ​တောသား မြို့သားရုပ်​ရှင်​ ကိစွကလည်း အခုထိမပြီး​သေးပါလား​နော်
Kyi အသံထွက်​က ဘာလို့ ကြည်​မဟုတ်​ဘဲ ခီ ​နေရသလဲဆို​တာ​တော့ ​မေးလည်း​မေးချင်​ ​မေးလည်း​မေးရဲပုစ်​..

တော်​ပါပြီ​လေ
Facebook သုံးရတာ အာရုံ​တွေ​နောက်​ အကုသိုလ်​​တွေများလိုက်​တာ
လူ​တွေ ဘယ်​သွားတယ်​ ဘာလုပ်​တယ်​ဆိုတဲ့ အ​ကြောင်း​တွေ ဒီ​လောက်​ကြီးသိ​နေဖို့လည်းမလိုပါဘူး
ပျင်းစရာကြီး
အလကား မျက်​စိမှုန်​ဘေလ်​လ်​ကုန်
အကျိုးလည်းမရှိဘူး
မသုံး​တော့ဘူး..လို့ စိတ်​ဆုံးဖြတ်​..

ကိုယ့်​ပုံ​လေးပဲကိုယ်​တင်​ပြီး အိပ်​​တော့မယ်
အဲဒါကစိတ်​ချမ်းသာတယ်
ဘန်​​ကောက်​သွားတုန်းက​ပုံ​လေး တင်​လိုက်​ဦးမယ်
နေဦး ​နေဦး
ဒီ​ပုံထဲက​နေရာက နိုင်​ငံခြားနဲ့ သိပ်​မတူ​သေးဘူး..တူတဲ့ပုံ​ရွေးဦး

ကဲ..ဟုတ်​ပြီ
ဒီပုံက​တော့ နိုင်​ငံခြားမှာရိုက်​ထားမှန်းသိသာသွားပြီ
ပုံတင်​တာ​တော့ ဟုတ်​ပါပြီ
စာဘယ်​လို​ရေးမလဲ..

တို့ကို ချစ်​တယ်​ဆိုရင်​ မွမွ လို့ မန့်​သွားကြ

အင်း..
ဒါကရိုးပါတယ်​​လေ..

ခု​ခေတ်​စား​နေတာ​လေး
သြော်​..ဟုတ်​ပြီ..ဟုတ်​ပြီ..

ဘေဘီ့ကို​မေး​ပေးပါ
တို့ ဒီလို လှ​နေတာ ​ပျော်​တယ်​ မလား..လို့..

ဟီး..အဲဒါမိုက်​တယ်
တင်​လိုက်​ပြီ..
အိပ်​ပြီ..

နေဦး..
First comment ဘယ်​သူ​ပေးထားပြီလဲ ကြည့်​လိုက်​ဦးမယ်​..

ဘေဘီ​ရေ..လန်းတယ်​ကွာ..တဲ့
ဘယ်​သူ မှန်း​တော့ မသိပါဘူး
မ​ကောင်းတတ်​လို့ Reply ​တော့ လုပ်​လိုက်​ပါဦးမယ်
သိုင်းခရု..မွမွ..
နို့မို့ ​ချေတယ်​ထင်​ဦးမယ်​..

ကဲ..ကဲ..
တကယ်​ ဖုံးပိတ်​ပြီးအိပ်​ပါပြီ​လို့..

မိုးအလင်း အိပ်​ရာအထ
ရေအိမ်​​ပေါ်ထိုင်​ရင်း ဖုံးကိုဖွင့်​..
ညကပို့စ်​ like ဘယ်​​လောက်​ရပြီလဲကြည့်

ဟယ်
၁၀၀​ကျော်​ပဲရ​သေးတယ်​..နည်းလိုက်​တာ..
အင်း..ဒါ​ပေမဲ့ ညကတင်​တာ နည်းနည်းမိုးချုပ်​သွားလို့ပါ
ဒီ​နေ့ည​နေ​လောက်​ဆိုရင်​​တော့ ၂ရာ​လောက်​ဖြစ်​သွားမှာပါ

သူငယ်​ချင်း ၂ထောင်​တောင်​ရှိတာ​လေ
ပုံတင်​ရင်​ like ၂ရာ​လောက်​​တော့ကသင့်​တာ​ပေါ့
Like တက်​လာ​အောင်​ မန့်​​လေး​တွေ reply လုပ်​​ပေးလိုက်​ဦးမယ်

ချစ်​တယ်​ အာဘွား
စစ်​​လောက်​ မလှပါဘူးလို့
စစ်​​ရေ..​တွေ့မယ်​​လေ..
စစ်​ကြီး​ရေ..
စစ်​​လေး​ရေနဲ့..တစစ်​စစ်​ကိုစစ်​​နေလိုက်​ကြတာ..
ဖော​လျှော ..​ဖော​လျှော..

ဘယ်​သူ​တွေ like ထားလဲကြည့်​ဦးမယ်
အောင်​မယ်​ ဟိုတစ်​​ယောက်​ like ​တောင်​မလုပ်​ထားပါလား
သူ့ကိုကျ​တော့ like အပြင်​ မန့်​​တောင်​​ပေးခဲ့ရ​သေး

သူ့ပို့စ်​ကိုပြန်​ရှာပြီး မန့်​ကိုဖျက်​ပစ်​မယ်
တွေ့လား ကိုယ်​နဲ့ပတ်​သက်​ပြီးမှသိရတဲ့သူ​တွေကို​တော့ ဟီးဟီးဟားဟားနဲ့ဖား​နေတာ
ကိုယ့်​ကိုကျ reply ​တောင်​မလုပ်​ထားဘူး
မန့်​ကိုလည်းဖျက်​တယ်
Like ကိုလည်း ပြန်​သိမ်းခဲ့တယ်
Unfollow ပဲ..သွား​တော့..
ဒါမျိုး​တွေ မကြည့်​ချင်​ဘူး..

၅မိနစ်​နဲ့ပြီးရမဲ့ ကိစွ မိနစ်​၂၀ကြာသွား
ချေးမှာ အဝတွင်​ ​ခြောက်​ကပ်​သွား
လိပ်​​ခေါင်း ထွက်​လာ
ဖယ်​ရီမမှီ
တက်​စီခထွက်
ရုံး ​ကျောင်း​နောက်​ကျ ပြသနာ​တွေတက်
စာကျက်​မပြီး
အလုပ်​အာရုံမစိုက်​နိုင်
ဇက်​​ကြောတက်
မျက်​စိကိုက်
မျက်​မှန်​တပ်​ရ
သွားချင်​ စားချင်​ ကြွားချင်​တာ​လေး​တွေ​ကြောင့်​ ပိုက်​ပိုက်​ကကုန်
ကိုယ်​နဲ့မဆိုင်​တာ​တွေဝင်​ပါ​တော့ ပြသနာ​တွေတက်
အခန့်​မသင့်​ပါကအဆဲခံရ
သူများ​တွေကြည့်​ပြီး အလကား​နေအမုန်းပွား အကုသိုလ်​ဖြစ်
ကိုယ်​လိုက်​မလုပ်​နိုင်​ပါက စိတ်​ဓါတ်​​တွေကျ ​ဂျေ​တွေထ
တစ်​​နေ့တစ်​​နေ့ ဘုရား​တောင်​ ​ဖြောင့်​​အောင်​ မရှိခိုးနိုင်
နောက်​ဆုံး..လုံးပါးပါး
ဒီအာရုံ​တွေနဲ့ ​သေလို့က​တော့ အပါယ်​​သို့သွား

သင်​​ရော.. ​ဖေ့စဘွတ်​ကို အရမ်းစွဲ​နေပြီလား

image
@alyk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center