Life

ဘဝ

ဒီလိုပါဘဲ
ကြမ်းလိုက်​ နုလိုက်
မာလိုက်​ ​ပျော့လိုက်​နဲ့
ကိုယ့်​အကြိုက်​ချည်းပဲ​တော့
ဘယ်​ရပါ့မလဲ။

ဒီလိုပါဘဲ
ချိုလိုက်​ ခါးလိုက်
ချဉ်​လိုက်​ ငံလိုက်
သူ့အကြိုက်​လည်း
ရှိရဦးမှာ​ပေါ့။

သေချာ ​တွေးကြည့်​​တော့...
ဘဝ ဟာ
ပုံ​သေချည်းဆို
ပျင်းစရာကြီးပါ။

ဘယ်​အချိန်​ ဘာဖြစ်​မယ်​ဆိုတာ
ဘာမှ မသိခြင်းကိုက
ဘဝရဲ့ နိယာမတစ်​ခု
မဟုတ်​ပါလား။

ဘဝမှာ
ရှင်​သန်​ရတာ
ရင်​ခုန်​ စိတ်​လှုပ်​ရှားဖွယ်​ရာ
စွန့်​စားခန်း ဖွင့်​သလို
ပျော်​ရွှင်​ခြင်းနဲ့ ရင်​ခုန်​ခြင်း​တွေ
ပေါင်းစပ်​ပြီး
ချိန်​မြိန်​မှုဆိုတဲ့ အရပ်​တစ်​ခုဆီသို့
အ​ရောက်​သွား​နေကြတာပဲ
မဟုတ်​လား။

ကဗျာဆရာ ကိုခါး"ကွမ်းခြံကုန်း"ရဲ့စကား
ခန ငှါးသုံးမယ်​...

" မြစ်​"ဆိုတာ မ​ကွေ့ရင်​ မလှဘူး"
ဒါ​ကြောင့်​ "​ကွေ့"လိုက်​တယ်​"တဲ့

မ​ကွေ့ တဲ့ မြစ်​ဟာ မလှသလို
မ​ကွေ့တဲ့ ဘဝက​ရော......

ဒါ​ကြောင့်​......
ဝမ်းသားအာရနဲ့ "​ကွေ့"လိုက်​ပါ...။
image

@alyk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center