အာရုံကိုမသတ်​နဲ့

@​အာရုံကို မသတ်​နဲ့
ကိ​လေသာကိုသတ်

#ကိုယ့်​မှာလည်း အားနည်းချက်
ရှိရဲ့သားနဲ့ မင်းအားနည်းချက်​ကိုသာ
ကြည့်​ပြီး စိတ်​ထိခိုက်​​အောင်​​ပြောမယ့်
သူငယ်​ချင်း​တွေကိုလည်း
မင်း..​တွေလိမ့်​မယ်​..
အဲ့အချိန်
သူ့အားနည်းချက်​ကို
မင်းပြန်​မ​ပြောလိုက်​​လေနဲ့
သူ့အားနည်းချက်​ကို
မင်း​ပြောမှာ​ကြောက်​လို့
မင်းကိုအပြစ်​​ပြော​နေတာ

#မင်း​က မဟုတ်​ပါဘူးလို့
ရှင်းပြ​နေတာ​တောင်
ဟုတ်​ပါတယ်​ကွာဆိုပြီး
သူထင်​တာကို ​ပြော​နေတဲ့
သူငယ်​ချင်းမျိုးကိုလည်း
မင်း​တွေ့လိမ့်​မယ်​...
အဲ့အချိန်​ဆို
ဒုက္ခခံပြီး ရှင်းပြမ​နေနဲ့
မင်းရှင်းပြလည်း
သူလက်​ခံမှာမဟုတ်​ဘူး..

#မင်းဘဝအ​ကြောင်းလည်း
သေချာမသိဘဲနဲ့
မင်းမ​ကောင်း​ကြောင်း ကို
ဝေဖန်​​နေကျတဲ့သူ​တွေလည်း
တွေ့လိမ့်​အုံးမယ်​..
သူ​တို့ပြောချင်​တာ​ပြောပါ​စေ
အကျင့်​ဆိုတာပြင်​ဖို့ခက်​တယ်​..

လောကကြီးက မင်းကို
စိတ်​မချမ်းသာမှု​တွေဖြစ်​​စေတာ
၁၀%​လောက်​ပါပဲ
ကျန်​တဲ့ ၉၀%က မင်းရဲ့
တုန့်​ပြန်​မှုအ​ပေါ်မှာပဲ မူတည်​တယ်​..

သူမဲ့ပြရင်​ ကိုယ်​လည်းမဲ့ပြမယ်
ဆိုတဲ့ မှန်​လိုကျင့်​သုံးမ​နေ​စေချင်​ဘူး
သူမ​ကောင်းလည်း ကိုယ်​ပြန်​​ကောင်း
ပေးလိုက်​ပါ

image
@​alyk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center