New record for me (@aggamun)

aggamun(62)
Published in
#esteem
Words
149
Reading
1 min
Listen
Play
7y

ဒီနေ့က FPL result အကြောင်း ဖောက်သည်ချ ရမယ့် နေ့ပါ။ ဒါပေမယ့် မွန်းစတား ဂိမ်းက တစ်ရာသီစာ ပြိုင်ပွဲ ပြီးသွားလို့ ရလာတဲ့ ကဒ်လေးတွေ အကြောင်းသာ ကြွားမယ်လို့ ဟိုတလောက ပိုစ့်မှာ ရေးပြဖူး ပါတယ်။ FPL result ကိုတော့ နောက်ရက် ကျမှ ရေး ရ တော့ မှာ ပါပဲ။

တစ်ရာသီ ပ်ြုင်ပွဲ ပြီးဆုံးသွားတော့ ကျွန်တော် gold lll မှာ ရာက်နေ ပါတယ်။ ဒါကြောင့် ဆု အနေနဲ့ ၂၂ ကဒ် ရပါတယ်။ အရေအတွက်အားဖြင့် နည်းပါးလှ ပေမယ့်လည်း အလကား နီးပါးရလာတာ ဆိုတော့လည်း ကျေနပ် ရမှာပါ။ ရထားတဲ့ ကဒ် အကုန်ကိုတော့ ဖုန်းပေါ်မှာ screenshot မယူလိုက်ရလို့ ပုံကတော့ ရှင်းရှင်း လင်းလင်း မရှိပါဘူး။ လိုအပ်တဲ့ information တွေတော့ ပါအောင် ရိုက်လိုက်ပါတယ်။

gh9eoanju8.png

ပထမ တစ်ကြိမ် ကစားတုန်း က အဲဒီလို Legendary ကဒ် တွေ နှစ်ခု တပြိုင်နက် မရဖူးပါဘူး။ အဲဒီတုန်းက Diamond lll နားမှာ ကစားနိုင်ခဲ့ ပါသေးတယ်။ ခုတော့ စံချိန်ချိုးပြီး တခါတည်း Legendary နှစ်ခု ရလာ ပါပြီ။ ကံကောင်းတာက ruler of the sea ပါ။ ဘာလို့လည်း ဆိုတော့ သူများဆီက ငှား ကစားတဲ့ ကဒ်မို့ ပြန်ပေးလိုက်နိုင်လို့ပါ။ ဈေးက အတော် မြောက်သလို ပြန်ပေးသင့်တဲ့ အချိန်လည်း ကျော်နေတော့ မျက်နှာ ပူရပါတယ်။ ခုတော့ ပြန် ပေးနိုင် လိုက်ပါပြီ။

ကံဆိုးတာက တော့ black dragon ပါ။ ကျွန်တော် သဘောကျတဲ့ ကဒ် ဖြစ်ပေမယ့် လက်ထဲ ရောက်လာချိန် မှာတော့ ဈေးနှုန်းက ထင်သလောက် မရတော့ပါ။ သူ့အတွဲက လည်း ရှားပါး အတွဲ ဆိုတော့ နောက်ပိုင်း ကဒ် လယ်ဗယ် မြင့်လာမှသာ အသုံး တည့်နိုင်လောက် ပါတယ်။

Written by aggamun@aggamun

New record for me (@aggamun) | Ecency