📷

နိသတ္တ နိဇီဝ သဘာဝ


မြင်စိတ်၊ ကြားစိတ် ၊နံသိစိတ် ၊စားသိစိတ် ၊တွေ့ထိစိတ်
တွေးတောကြံစည်စိတ် ဟူသော စိတ်မှန်သမျှတို့သည်
အကြောင်းကျိုးတရားများသာဖြစ်ကြ၏။

မျက်စိအကြည်နှင့်မြင်စရာအရုံတို့တွေ့ထိမှု ဖဿ
တည်းဟူသောအကြာင်းကြောင့် အကျိုးတရား" မြင်စိတ်"
ဖြစ်ပေါ်၏။

နားအကြည်ရုပ်နှင့်အကြားအာရုံတို့တွေ့ထိမှု ဖဿ
တည်းဟူသောအကြောင်းကြောင့် အကျိုးတရား
ကြားစိတ် ဖြစ်ပေါ်ရ၏။

နှာခေါင်းအကြည်ရုပ်နှင့် အနံ့အာရုံတို့ ထိတွေ့မှု ဖဿ
တည်းဟူသောအကြောင်းသည် နံသိစိတ် အကျိုးပြု၏။

လျှာအကြည်ရုပ်နှင့် ရသအာရုံတို့ထိတွေ့မှု ဖဿ
တည်းဟူသောအကြောင်းကြောင့် အကျိုးတရား
"စားသိစိတ်"ကိုဖြစ်ပေါ်စေ၏။

ကာယအကြည်ရုပ်နှင့် တွေ့ထိစရာတို့ထိတွေ့မှု ဖဿ
တည်းဟူသောအကြာင်းကြောင့် အကျိုးတရား
"တွေ့ထိစိတ်"ကိုဖြစ်ပေါ်စေ၏။

ကြံတွေးတတ်သောမနောအကြည်နှင့်ကြံတွေးစရာအာရုံတို့
တွေ့ထိမှု ဖဿ တည်းဟူသောအကြောင်းတရားကြောင့်
အကျိုးတားဖြစ်သော " တွေးတောကြံစည်စိတ်"ကို
ဖြစ်ပေါ်စေ၏။

ထို့ကြောင့် စိတ်ပေါ်သမျှသည်အကြောင်းကျိုးတရားတို့
ဖြစ်ပေါ်ခြင်းဖြစ်ပါ၏။

ဤသို့ အကြောင်းနှင့်အကျိုးဆက်စပ်၍ ဖြစ်ပေါ်သမျှသော
စိတ်ဟူသမျှသည်၊ စိတ်နှင့်အတူ ခန္ဓာငါးပါးလုံး
တစ်ပြိုင်နက်တည်းဖြစ်ပေါ်ရခြင်းဖြစ်သောကြောင့်
စိတ်ပေါ်သည်နှင့် ရုပ် နှင့်နာမ် တွဲ၍ ပေါ်ခြင်းသာလျှင်
ဖြစ်ပါပေသည်။

ပေါ်ပေါက်သမျှသောစိတ်တို့သည် ကြောင်းကျိုးတရား
များသာဖြစ်ပြီး ငါ သူတပါး ယောင်္ကျား မိန်းမ ပုဂ္ဂိုလ်
သတ္တဝါဟူ၍မရှိပါချေ။

မြင်စိတ်၊ ကြားစိတ် ၊နံသိစိတ် ၊စားသိစိတ် ၊တွေ့ထိစိတ်
တွေးတောကြံစည်စိတ် ဟူ၍သာရှိ၏။

၎င်းအပြင်စိတ်ဟူသည် လုံးဝိုင်းခြင်း ပုခြင်း ရှည်ခြင်း
ကြီးခြင်း သေးခြင်း စသည့် လုံးရပ်သန္တာန် ပုံဟန်နိမိတ်ဟူ၍
မရှိ ၊ အရောင် အဆင်း ဟူသည်မရှိပါ။
ရုပ်နှင့်နာမ်သာရှိပြီး အသက်ကောင် ဇီဝကောင် လိပ်ပြာ
ကောင်ဟူ၍မရှိ "စိတ်"သာရှိသည်ဟု ဘုရားရှင်က
ဟောကြားတော်မူပါပေသည်။

ထိုသို့ လုံးရပ် သန္တာန် ပုံဟန် နိမိတ်ကင်းမဲ့ခြင်းကို
" နိသတ္တ" ဟုခေါ်အပ်ပြီး အသက်ကောင် ဇီဝကောင်
မဟုတ် စိတ်သာ ဖြစ်သောကြောင့် နိဇီဝဟု ခေါ်ပါ၏။

ထိုသို့ လုံးရပ် သန္တာပုံဟန်နိမိတ်ကင်းမဲ့ပြီး
အသက်ဇီဝကောင် ကင်းမဲ့သောသဘောမှာ
စိတ်၏သဘာဝ တရားဖြစ်သောကြောင့်...

မြတ်စွာဘုရားသခင်က စိတ်ကို " နိသတ္တ နိဇီဝ သဘာဝ"
ဟု ဟောကြားတော်မူပါသည်။

ဤစိတ်တို့၏ သဘောမှာ အကြောင်းတရားတို့တိုက်ဆိုင်မှု
ကြောင့်ဖြစ်သော အကျိုးတရားဖြစ်ပြီး ၊ ဖြစ်ပြီးလျှင်
ဖြစ်ပြီးခြင်း ချုပ်ပျောက်လေ၏။
ဖြစ်ပြီး လျှင် ပျက်ခြင်းသည် စိတ်၏ သဘာဝဓမ္မမည်၏။

စိတ္တာနုပဿနာကိုရှုမှတ်ပွားများသူတို့သည်

နိသတ္တ ၊လုံးရပ် သန္တာန် ပုံဟန်နိမိတ်ကင်းမဲ့သော
(နိ = မရှိခြင်း၊ ကင်းဆိတ်ခြင်း ။ သတ္တ=သန္တာန် ။ )

နိဇီဝ -အသက် လိပ်ပြာကောင် မရှိသော သဘော
(နိ = မရှိခြင်း၊ ကင်းဆိတ်ခြင်း၊ဇီဝ = အသက် လိပ်ပြာ )
တို့ကိုသာ ရှုမှတ်ရခြင်း ဖြစ်ပြီး ၊၎င်းတို့၏ အရှိမှန်မှာ
ဖြစ်ပြီး ပျက်သွားခြင်းသာဖြစ်ပါ၏။

ထို့ကြောင့် ဝိပဿ နာရှုမှတ်သူတို့၏
အရှုခံတရားများသည် လုံးရပ် သန္တာန် ပုံဟန် နိမိတ်
အသက် လိပ်ပြာ အရောင်အဆင်းကင်းမဲ့နေရပါမည်။

စိတ်ရှုသူသည် စိတ်၏ ဖြစ်ပြီးပျက်သောသဘောကို
သာရှုရန်ဖြစ်ပါသည်။

ရုပ်ရှုသူတို့သည် ရုပ်၏ ဖောက်ပြန်ပျက်ဆီးတတ်သော
သဘောတရားကိုသာရှုရန်ဖြစ်၏။

ဝေဒနာရှုသူ သည် ဒုက္ခ သုခ ဥပက္ခာဝေဒနာ
ခံစားတတ်သော သဘောတို့၏
ဖြစ်ခြင်းနှင့် ပျက်ခြင်းတို့၏ ကိုသာရှုရန်ဖြစ်၏။

ဓမ္မနုပဿ နာရှုမှတ်သူတို့သည် ခန္ဓာ ဒုက္ခသစ္စာ
၏ ဖြစ် ပြီး ပျက်တတ်သော သဘောကိုသာ
ရှုမှတ်ရမည် ဖြစ်ပါပေသည်။

အကောင် အထည် လုံးရပ် သန္တာန် ပုံဟန်နိမိတ်
ဖြူ နီကြောင်ကြား အရောင် လင်းများစသည်တို့ကို
ရှုမှတ်ရန် မဟုတ် အကြောင်း ကျိုးတရားတို့၏
ဓမ္မ သဘောကိုသာ ရှုမှတ်ရန်ဖြစ်ပါသည်။

နာခြင်း၊ ကျဉ်ခြင်း၊ထုံခြင်း ၊ကိုက်ခြင်း၊ ခဲခြင်း၊
ပူခြင်း၊အေးခြင်း ၊ထိခြင်း၊သိခြင်း၊လှုပ်ခြင်း၊ယိမ်းခြင်း၊
အောင့်ခြင်း၊ နံခြင်း၊ကြားခြင်း၊မူးခြင်း၊ ကြောက်ခြင်း
လန့်ခြင်း၊ စူးခြင်း ၊ ယားခြင်း စသည့် အပြားပြားသော
ပေါ်သမျှသော ဓမ္မတို့သည် လုံးရပ် သန္တာန်မရှိ
စင်စစ်အားဖြင့် သဘောတရားတို့သာဖြစ်၏။

ဤသို့လျှင်ထင်ရှားစွာ ဖြစ်ပေါ်အပ်သောသဘောတို့ကို
သာ သတိကပ်၍ ရှုမှတ်ရာ၏။

အကြောင်းကြောင့် အကျိုးဖြစ်သော ကြောင်းကျိုးတရား
တို့၏ သဘာဝ လက္ခဏာ ဖြစ်သော ဖြစ်ပြီးပျက်
ပေါ်ပြီးပျောက်တတ်သည့်သဘောကိုသာရှုရာ၏။

အရှုခံ တရားမှန်သမျှသည် လုံးရပ် သန္တာန် ပုံဟန်နိမိတ်
အရောင် အဆင်း အသက် ဇီဝဟူ၍ ကင်းဆိတ်ပါပေ၏။
ဖြစ်ပြီး ပျက်နေသော သဘောသဘာဝသာရှိ၏။

ထို့ကြောင့်လည်း ဘုရားရှင်က "နိသတ္တ နိဇီဝ သဘာဝ"
ဟု ဟောကြားတော်မူပါပေသည်။

ဤသို့မဟုတ်ပဲ
ရှုမှတ်နေချိန်၌ အသေကောင်များ ပေါလောမျြောနေခြင်း
အလောင်းကောင်ကြီးများကို ရှုမြင်နေရခြင်း တိမ်စိုင်
တိမ်လိပ်ကြီးများ ၊အပုပ်ကောင်ကြီးများ၊ ဖြူနီကြောင်ကြား
အရောင် အလင်းများ စသည်တို့ ပေါ်နေသည်ဆိုပါက
#ဝိပဿ နာအလုပ်နှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြီ
ဟု သိမှတ်ပါလေ။

၎င်းအပြင် ဘုရာရှင် ဟောကြားတော်မူသော
#နိသတ္တ နိဇီဝသဘာ ဟူသော စကားတော်နှင့်
ဆန့်ကျင်သွေဖီနေပြီဆိုသည်ကို မြဲစွာသော
ညာဏ်သတိဖြင့် ကြည့်ရှု နှလုံးသွင်းတော်မူကြပါကုန်
သူတော်ကောင်းတို့။


ဆရာတော်ဦးသုနန္ဒဟောကြားတော်မူသော
စိတ္တာနုပဿ နာသတိပဌာန်မှကောက်နှုတ်၍
ရေးသားအပ်ပါသည်။

အနန္တငါးပါးနှင်တကွ
ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးနှင့်
ဆရာတော်ဦးသုနန္ဒတို့အား ဤစာစုဖြင့်
ညွှတ်တွားကော်ရော် ပူဇော်အပ်ပါသည်ဘုရား။
image

@aakk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center