Principles

Words
62
Reading
1 min
Listen
Play
5y

img_0.4869440153974763.jpg
အရာရာကို သူ့အကန့်နဲ့သူ
စိတ်ကူးယဥ်မှုလေးတစ်ချို့
မိုးညတွေသာ လွန်ခဲ့လျှင်တော့
ဆောင်းက နွေကိုယှဥ်လာရင်ဖြင့်
ငါ့ရဲ့ရင်တွေတော့ ကွဲပါပြီဟဲ့
ဝတ်မှုန်ခြွေတဲ့ ပန်းကလေးတစ်ပွင့် ခူးဆွတ်ဖို့ အတွက်
အားအင်းများ မွေးရအုံးမယ်
အဲဒီလို့နဲ့ ငါ့နှလုံးသားမှာ နွမ်းလျသွားခဲ့တယ်
ဘဝဟာ ဘဝပါပဲ မိသားစု တစ်သိုက်မှာ
အဖေရဲ့အားမာန်တွေ​ အမေရဲ ပီတိတွေ
အစ်မရဲ့စကားသံတွေ ညီမရဲ့ ပျော်ရွှင်မှုတွေ
ညီ ရဲ့တောင်းဆိုချက်များကြား
အဲဒီလို့နဲ့ ငါ့ဟာ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်
ရင့်ကျက် တည်ငြိမ်နေဆဲ ဂရုဏာတွဲလက်များ ကမ်းလှမ်း
နားခိုရာ ကမ္ဘာမြေဟာ ပထဝီကို တပ်လှန့်ခဲ့ကြတယ်
အဲဒီလို့နဲ့ ငါဟာ ကိုယ့်သမိုင်းကို ကိုယ့်တိုင်း ရေးခဲ့တယ်
ဟို့ အဝေးတစ်နေရာ မိုးကောင်းကင်ပေါ်မှာ
အမှောင်ရိပ်တို့ ပျိုးစအချိန် မိုးတိမ်များက ရွေ့လျားနေတာ
တဖြေးဖြေးနဲ့ အိပ်ပြန်တဲ့အချိန်တွေဟာ စောလွန်းနေပါလာနော်
ငါဟာ လောကီနယ်မြေထဲမှာ အသိတရားများစွာကို ရရှိခဲ့ပါတယ်။
ukyawkyaw@ukyawkyaw

Principles | Ecency