မိုးအေးအေးနဲ့လွမ်း

rain_791893_640.jpg
link

ဒီရက်ပိုင်းမှာ မိုးတွေက အရမ်းရွာတယ်ကွယ် ရာသီဉတုက အေးစက်နေတော့ စောင့်ခြုံထဲမျာ ဖုန်းပွတ်ရင်း အချိန်တွေကို ကုန်ရပြန်တယ် ကော်ဖီပူးလေးနဲ့ အနွေးဓါတ်ယူလို့ အအေးကို အံတုကာ နေသာလေသာရှိချိန်တွေကို ပြန်တမ်းတပြန်ရော ရွာစေချင်တုန်းကလည်း သူတို့ဘဲ ရွာပြန်တော့လည်း သူတို့ဘဲလို့ မိုးက စိတ်တွေဆိုးတော့မယ် အရမ်းအေးစက်နေအောင် ရွာတော့လည်း နေရထိုင်ရတာ သိပ်မသက်သာလှပါဘူးနော်
မိုးအေးအေးနဲ့ သီချင်းတွေဖွင့်နားထောင်ရင်း ဟိုလွမ်းရသလိုလို ဒီလွမ်းရသလိုလိုပါ
အဆုံးအစမရှိလည်း မီးထက်ပူပြင်းနေပါစေ ဒီခရီးကို ငါလေ ဖြတ်ပါမယ်
ချစ်သူလေးရေ မင်းနဲ့နီးမယ်ဆိုရင်ပေါ့ အရာရာကို ရင်ဆိုင်မယ်
မင်းနှလုံးူသားကို အပိုင်သိမ်းနိုင်အောင် မိုင်ထောင်ချီဝေးလည်း အရောက်လှမ်းလာမယ် ဘယ်ဆီမှာလဲ မင်းရဲ့ ရင်ခုန်သံလေး
မင်းရဲ့ မနက်ဖန်လေးကိုယ် ဖြစ်ချင်တယ် ချစ်သူရယ်
မင်းရဲ့ ထွက်သက် ဝင်သက်လေးလို အနီးဆုံးမှာ ရှိချင်တယ်
အသိစိတ်တွေက မင်းနှလုံးသားရဲ့ အနီးဆုံးကို အရောက်လာချင်နေမိသော်လည်း မသိစိတ်မှာတော့ အဆင်မပြေမှာကို စိတ်ပူနေတုန်းပါ
ကိုယ့်ရင်မှာ အချစ်နက်ဘုရား ဝင်ပူးနေခဲ့ပြီပေါ့ မျက်စိကိုမှိတ် စိတ်ကူးလေးနဲ့ တွေးရင်း မင်းပါးပြင်ထက် အနမ်းတစ်ခု ချွေကာချ
ဘ၀အမောတွေကို ခဏတာ အနားပေးရင်း တို့နှစ်ယောက်အတူတူ လွင့်မျောကြမယ်
အဆုံးမရှိတဲ့ ချစ်ြခြင်းတွေနဲ့လေ
အဲ့သလို သီချင်းသံတွေနဲ့ မိုးသံတွေနဲ့ ကိုယ့် ရဲ့ အခန်းကျဉ်းလေး ဆူညံနေလေရဲ့

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center