This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

အလွမ်း ( 3 )

aungtun(25)
Published in
#ecency
Words
62
Reading
1 min
Listen
Play
5y

img_0.9219282450612446.jpg
https://www.freeimages.com/photo/i-miss-you-1315039

ဘယ်လို့ပဲ ဖြစ်ဖြစ်ပေါ့လေ ငါ့တို့ ဝေးခဲ့ကြပြီ။

ကမ္ဘာကြီးထဲမှာ တစ်ယောက် တစ်နေရာဆီ နေထိုင်ခဲ့ကြမယ်။

မင်းလည်း ငါ့သိအောင် လွမ်းတတ်မှာမဟုတ်ပါဘူး။

ငါ့လည်း မင်းသိအောင် အရှုံးသမားဖြစ်မှာ မဟုတ်တော့ပါဘူး။

တို့နှစ်ယောက် ဒီတစ်ခါ ဆောင်းရောက်ရင် သွေးအေးအေးနဲ့ မေ့ပစ်လိုက်ကြမယ်။

လွမ်း သတင်း လွမ်းရင်း ကြေငြာ လွမ်းလွန်းလို့ ရေးဖွဲ့ လွမ်းနေသူ မျက်ရည်ဝဲ
လွမ်းရေးထက် ဝမ်းရေးခက်ပါတယ်ကွာ။

လွမ်းမိသောကဗျာမှာ အမုန်းမပါ လွမ်းကဗျာ နှလုံးသားထဲမှာ
လွမ်းအရာ ရှင်ကွဲနှစ်ဦး လွမ်းမိလည်း ရင်ကွဲနာကျရတယ်လေ။

အတိတ်ကို မေ့ပစ်ပြီး မင်းလျှောက်ရမယ့် အောင်မြင်မှုဆိုတဲ့
အိပ်မက်လမ်းမှာ ပျော်ရွှင်ပါစေကွယ် အချိန်တိုင်း ချမ်းမြေ့ပါစေကွယ်။

ကြယ်တွေ ကြည့်ငေးမိတိုင်း သစ္စာတရားနဲ့အတူ ဆုတောင်းနေမိတယ်။

ရင့်ကျက်မှုနဲ့ အလွမ်းညတစ်ည ကုန်ဆုံးသွားပြန်ပြီးပေါ့။

အလွမ်းဆိုတာလည်း သေခြင်းတရား မရောက်သေးတဲ့အထိ
ကျွန်တော် ဘဝမှာ သူမအတွက် အမြဲတမ်း ရှင်သန်နေတာပါ။

aungtun@aungtun

အလွမ်း ( 3 ) | Ecency