စိတ်ဓါတ်မကျမိစေနဲ့

လူတွေဟာ စိတ်ဓါတ်အတက် အကျရှိတက်တယ် အများအားဖြင့် စိတ်ဓါတ်တွေ ကျနေချိန်များတယ် ကိုယ့်မှာ
ခံစားရသမျှကို စိတ်ထဲမှာမြိုသိပ်ထားတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရင်ထဲမှာ သိုဝှက်ထားတာတွေကို လျှော့ချရမယ် ကိုယ့်စိတ်ထဲက မွန်းကျပ်မှုတွေနဲ့စိတ်ပင်ပန်းမှုတွေကို အရင်းနှီးဆုံးသူ ယုံကြည်ရတဲ့သူ မိတ်ဆွေ၊သူငယ်ချင်းကိုဖြစ်ဖြစ် ရင်ဖွင့်တိုင်ပင် ဆွေးနွေးသင့်တယ် ကိုယ်ကလွဲပြီး အပြင်လူ သူစိမ်းတွေကို ကိုယ့်အကြောင်းပေးမသိချင်ဘူးဆိုရင်တော့ စာရွက်လွတ်တစ်ခုပေါ်ချရေးတဲ့အကျင့်လေးလုပ်ကြည့်ပါ အရမ်းကို ထိရောက်စေပါတယ် မွန်းကျပ်မှုတွေကနေ လွတ်မြောက်ခွင့် ရလာမှာပါ မွန်းကြပ်မှုတွေကနေ ရုန်းထွက်နိုင်ပါစေ

sunset_1807524_640.jpg
Score

ကိုယ်လက်လှုပ်ရှားမှုလေးနေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေနိုင်ပါတယ်သွေးလှည့်ပါတ်မှု အားကောင်းစေတဲ့အတွက် အာရုံစူးစိုက်မှုပိုကောင်းစေနိုင်သလို အိပ်ပျော်စေပါတယ်။အိပ်ပျော်စေတယ် နှစ်နှစ်ချိုက်ချိုက် အိပ်လိုက်ရတယ်ဆိုရင် ဦးနှောက်နဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ် ကိုယ်လက်လှုပ်ရှားမှုက အများကြီး အထောက်အကူရစေပါတယ် ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး တက်တက်ကြွကြွနေတာကိုယ့်အတွက် အဆင်ပြေစေတယ် လူက လန်းဆန်းတက်ကြွနေမှ အာရုံစိုက်မှုကို ပိုမိုလုပ်နိုင်မယ် ဒီနေ့ကစပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရမယ်

နောက်တစ်ခုက အစားအစာပေါ့ အစားအစာက လူတိုင်းစားပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်အောင်တော့ စားသောက်တက်ဖို့ လိုမှာပါ အစားအစာကလည်း လူကို ရာနှုန်းများစွာ အထောက်အပံ့ပေးထားပါတယ် ကိုယ်ကျန်းမာဖို့ စိတ်ကျန်းမာဖို့က အစားအစာပေါ်လည်းများစွာမူတည်နေပါတယ်
ဦးနှောက်ကကောင်းကောင်းအလုပ်လုပ်ပြီး စိတ်ကျန်းမာစေဖို့ဆိုရင် အာဟာရဓါတ်တွေပြည့်ဝစွာ စားသုံးဖို့လိုအပ်ပါမယ်။ ဒါကြောင့်နေ့စဉ် စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေး'ချယ်စားသောက်မှ ဖြစ်မယ် ဝိတ်လျှောတာတွေ ပိန်ချင်တာတွေက တကယ် အသုံးမတည့်လှပါဘူး

မိတ်ဆွေတွေကိုလည်း အားကိုးတက်ဖို့လိုပါတယ် ကိုယ့်အနားရှိသူတွေကို တန်ဖိုးထားတက်ရမယ် အသုံးချတက်ရမယ် လိုအပ်တဲ့ အကူအညီတွေ ရအောင်ယူတက်ဖို့လည်းလိုအပ်ပါတယ်
အညီတောင်းပါဆိုတဲ့နေရာမှာ ကိစ္စတိုင်းကို အကူအညီတောင်းဖို့ မဆိုလိုပါဘူး။ လိုအပ်တဲ့အခြေအနေမျိုး၊ တစ်ယောက်တည်းမစွမ်းသာတဲ့အခြေအနေမျိုးမှာ အကူအညီတောင်းပါ။ လူတိုင်းက လူစွမ်းကောင်းမဟုတ်ဘူးလေ။ ဒီတော့ တစ်ကိုယ်တည်းဖြေရှင်းလို့မရတာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကူအညီတောင်းဖို့ ဝန်လေးမနေပါနဲ့နော်။ကိုယ်က စူပါမန်း မဟုတ်ဘူးလေ ကိုယ် မလုပ်နိုင်တာ မနိုင်ဝန်ကို အတင်းမထမ်းပါနဲ့ မိတ်ဆွေများနဲ့ ပူးပေါင်းလုပ်ဆောင်တက်မှ အောင် မြင်နိုင်မှာပါ အလုပ်တွေ အောင်မြင်တယ်ဆိုရင် စိတ်ဓါတ်ကျမှုလည်း ဖြစ်လာဖို့ ခက်ပါတယ် အဓိကတော့ မိမိစိတ်ကို အတက်နိုင်ဆုံး အညစ်အနွမ်းမခံပါနဲ့ စိတ်ကို ပေါ့ပေါ့ ပါးပါးထားပြီး ရင်ဆိုင် လုပ်ကိုင်နိုင်အောင် ကြိုးစားကြည့်ရပါမယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center